backup og meta

မိဘတွေကိုကြွက်သားသန်မာစေအောင်လုပ်ဆောင်ပေးရာမှာ အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၅ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတွေကိုကြွက်သားသန်မာစေအောင်လုပ်ဆောင်ပေးရာမှာ အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၅ သွယ်

    အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့ လုပ်ငန်းဆောင်ရွက် နိုင်စွမ်းလျော့ပါးလာမှု(Sarcopenia)တွေကအသက်အရွယ်ကြီးရင့်လာသူတွေမှာအဓိကတွေ့ကြုံရတဲ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒီဝေဒနာက သက်ကြီးရွယ်အိုတွေကို မသန်မစွမ်းဖြစ်စေနိုင်သလို၊ အဆစ်ရောင်ရမ်း နာ၊ ဆေးရုံမှာတက်ရောက်ကုသခံရတာနဲ့သေဆုံးတာမျိုးတွေအထိဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ အချိန်အထိကြွက်သားကျန်းမာရေးတိုးတက်လာစေနိုင်ပြီး ကျန်းမာသန်စွမ်းစွာနေထိုင်နိုင်မယ့် သဘာဝနည်းလမ်း အချို့ကိုတင်ပြပေးလိုပါတယ်။

    သက်ကြီးရွယ်အိုတော်တော်များများဟာ သူတို့ရဲ့အချိန်အများစုကို အထိုင်များတဲ့အလုပ်တွေနဲ့ကုန်ဆုံးနေကြ ပါတယ်။ လှုပ်ရှားမှုမရှိဘဲနေတာက ကြွက်သားတွေကိုသန်စွမ်းမှုအားကျဆင်းစေပါတယ်။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် တက်တက်ကြွကြွကျန်းကျန်းမာမာနေထိုင်လိုတယ်ဆိုရင်တော့ကြွက်သားတွေ တည်ဆောက် ထားမှုကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

    Sarcopenia (အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့ လုပ်ငန်းဆောင်ရွက် နိုင်စွမ်းလျော့ပါးလာမှု) ဖြစ်ပေါ်ရတဲ့အရင်းခံအကြောင်းအရင်းများ-

    • ကြွက်သားတွေစတင်လှုပ်ရှားဖို့အတွက်ဦးနှောက်ကနေကြွက်သားတွေဆီကို သတင်းပေးပို့ဖို့တာဝန်ရှိတဲ့ အာရုံကြောဆဲလ်တွေလျော့နည်းလာတာ
    • ကြီးထွားမှုဟော်မုန်း၊ တက်စတိုစတုန်း ဟော်မုန်းနဲ့ အင်ဆူလင်လိုမျိုး ဟော်မုန်းတွေ အပါအဝင် ဟော်မုန်းတွေ ထုတ်လွှတ်မှုနည်းပါးလာတာ
    • ပရိုတင်းကိုစွမ်းအင်အဖြစ်ပြောင်းလဲနိုင်စွမ်းကျဆင်းလာတာ
    • ကြွက်သားစိုင်တွေကိုထိန်းသိမ်းထားနိုင်ဖို့အတွက်နေ့စဉ်စားသုံးတဲ့ပရိုတင်းဓါတ်တွေထဲကနေ ကယ်လိုရီအလုံအလောက်မရရှိတာ

    အောက်မှာလူကြီးမိဘတွေကိုသန်မာတဲ့ ကြွက်သားတွေကိုထိန်းသိမ်းရာမှာအထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးထားပါတယ်။

    လေ့ကျင့်ခန်းလုပ်ပေးပါ – လေ့ကျင့်ခန်းလုပ်ဆောင်ပေးခြင်းက ကြွက်သားဆုံးရှုံးမှုကိုဟန့်တားနိုင်တဲ့အကောင်းဆုံး သော နည်းလမ်းပါ။ လေ့ကျင့်ခန်းလုပ်ဆောင်ပေးတာက လူကြီးရောလူငယ်တွေမှာပါ ကြွက်သားတွေရဲ့ခွန်အား၊ ဆွဲဆန့်နိုင်စွမ်းနဲ့ကြွက်သားတွင်းပရိုတင်းထိန်းသိမ်းမှုတွေကိုတိုးတက်စေပါတယ်။ ကြွက်သားဆုံးရှုံးမှုကိုခုခံနိုင်တဲ့ လေ့ကျင့်ခန်းတွေက သက်ကြီးရွယ်အိုတွေမှာကြွက်သားအင်အားချည့်နဲ့တာကိုကျဆင်းစေပြီး ကြွက်သားတွကို ခွန်အားတိုးစေပါတယ်။

    အစားအသောက်တွေထဲမှာပရိုတင်းဓါတ်ပါအောင်စားပေးပါ – ပရိုတင်းစားသုံးပေးတာက ကြွက်သားကျန်းမာရေး အတွက်အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ပရိုတင်းစားသုံးပေးမှုက သက်ကြီးရွယ်အိုတွေမှာကြွက်သားနဲ့ အရိုး တွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ကြွက်သားကြီးထွားဖို့အတွက် လူငယ်တွေထက် ပရိုတင်းဓါတ်ကိုပိုမိုလိုအပ်ပါတယ်။

    သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေများများစားပေးပါ – အက်ဆစ်ထုတ်လုပ်တဲ့ အစားအသောက်တွေဖြစ်တဲ့ အသားနဲ့ကောက်နှံတွေကို အလွန်အကျွံစားသုံးပြီး အယ်ကာလိုင်းရရှိတဲ့အစားအေသာက်တွေဖြစ်ကြတဲ့ သစ်သီး တွေနဲ့ဟင်းသီးဟင်းရွက်တွေကိုအနည်းငယ်ပဲစားသုံးတာက ကြွက်သားနဲ့အရိုးကျန်းမာရေးအပေါ်မှာဆိုးကျိုး သက်ရောက်မှု တွေရှိပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာသစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင်စားသုံးပေးခြင်းဖြင့် အရိုးနဲ့ကြွက်သားတွေကိုကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။ ပန်းသီးအခွံ နဲ့ အစိမ်းရောင်ခရမ်းချဉ်သီးတွေမှာပါတဲ့ ဒြပ်ပေါင်းတွေက ATF4 လို့ခေါ်တဲ့ ပရိုတင်းကျဆင်းမှုကြောင့်ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှုတွေကိုကာကွယ်နိုင်ဖို့အထောက်အပံ့ပေးပါတယ်။

    ဗီတာမင် B12 နဲ့ဖောလစ်အက်ဆစ်တွေကလည်း ကြွက်သားတွေရဲ့လုပ်ဆောင်မှုနဲ့စွမ်းအင်တွေကိုတိုးတက်စေပါ တယ်။

    ရေသောက်ပေးပါ – ရေပမာဏများများကိုပုံမှန်သောက်သုံးပေးဖို့က ကြွက်သားတွေတည်ဆောက်ရာမှာ အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ရေက ခန္ဓါကိုယ်ရဲ့စွမ်းဆောင်နိုင်စွမ်းတွေကိုတိုးတက်စေသလို အစားအသောက်တွေထဲမှာပါတဲ့ အာဟာရဓါတ်တွေကိုစုပ်ယူနိုင်စွမ်းကိုလည်းတိုးမြှင့်ပေးပါတယ်။ ရေဓါတ် အလုံအလောက်မရရှိဘူးဆိုရင် ခန္ဓါကိုယ်က အာဟာရဓါတ်တွေစုပ်ယူမှုကိုနှေးကွေးစေပြီး ကြွက်သားစိုင်တွေ ဖြစ်တည်နိုင်စွမ်းကိုအဟန့်အတားဖြစ်စေပါတယ်။

    ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေကို ထိန်းသိမ်းနိုင်မယ့်အကောင်းဆုံးသောနည်းလမ်းက နေ့စဉ် အာဟာရဓါတ် တွေကိုညီညွတ်မျှတစွာစားသုံးပြီး ကြွက်သားဆုံးရှုံးမှုကိုခုခံနိုင်မယ့်လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။

    ကြွက်သားစိုင်တွေကို ထိန်းသိမ်းမှုက အသက်အရွယ်ကြီးရင့်တဲ့အထိကျန်းမာစွာနေနိုင်ရေးအတွက်အရေးပါတဲ့ အချက်တစ်ရပ်ဖြစ်ပါတယ်။ သန်မာတဲ့ကြွက်သားတွေက ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ဖို့အတွက် အရေးပါ သလိုထိခိုက်ဒဏ်ရာရတာနဲ့ဖျားနာမှုတွေကနေကာကွယ်ပေးရာမှာလည်းအရေးပါပါတယ်။ မိမိရဲ့မိဘတွေကို အသက်ရှည်ရှည်ကျန်းကျန်းမာမာနေနိုင်စေဖို့အတွက် အထက်ဖော်ပြပါအချက်လေးတွေကို ဂရုစိုက်လုပ်ဆောင် ပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement