backup og meta

သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း

    သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း

    အရွယ်ရောက်ပြီးသူ အများစုဟာ အသက် ၃၀ ကျော်ကာလတွေနဲ့ အသက် ၄၀ အစောပိုင်းကာလတွေမှာ အကောင်းဆုံးသောကြွက်သားဖွံ့ဖြိုးမှုကိုပိုင်ဆိုင်ထားကြပြီး အသက် ၄၀ ကျော်လာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းချင်းလျော့ပါးလာပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့လုပ်ငန်းဆောင်ရွက်နိုင်စွမ်းလျော့ပါးလာမှုတွေကို Sarcopenia လို့ခေါ်ဆိုပြီး ဒီဖြစ်စဉ်က ထင်ထားတာထက်ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ကြွက်သား လျော့ပါးမှုဟာ အသက် ၃၀ ကျော်လာတဲ့အခါ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိရှိလာတာဖြစ်ပါတယ်။

    ကာကွယ်ကုစားဖို့လုပ်ဆောင်တာမျိုးမရှိဘူးဆိုရင် ဆယ်နှစ်တာအတွင်း ကြွက်သား ၇ ပေါင်လောက်ဆုံးရှုံးသွားနိုင် ခြေရှိပါတယ်။

    ကြွက်သားလျော့ပါးမှုဖြစ်စဉ်ရဲ့အဓိကကျတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်တဲ့ အရာတစ်ခုက ဘာတွေစားလဲ၊ ဘယ်အချိန်တွေမှာစားလဲဆိုတာနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေလုပ်ဆောင်လဲဆိုတဲ့နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်မှုကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။

    အသက်အရွယ်ရလာတဲ့အခါ ကြွက်သားတွေက အရွယ်အစားနဲ့အင်အားလျော့ကျလာသလို ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့စွမ်းရည်ကလည်းကျဆင်းလို့လာပါတယ်။ ကြွက်သားလျော့ပါးလာမှုက ဇီဝတွင်းဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေကိုလည်းကျဆင်းစေပါတယ်။ ကြွက်သားတွေရဲ့ဇီဝဗေဒဆိုင်ရာ အခန်းကဏ္ဍကလှုပ်ရှားနိုင် အောင်လုပ်ဆောင်ပေးတယ်ဆိုတဲ့အတိုင်းအတာထက်ပိုပါတယ်။ ကြွက်သားတွေလျော့ပါးမှုမဖြစ်အောင် ထိန်းသိမ်းတာက ဇီဝတွင်းဖြစ်ပျက်မှုနဲ့ဟော်မုန်းကျဆင်းမှု၊အဝလွန်တာ၊ဆီးချိုရောဂါနဲ့နှလုံးသွေးကြောဆိုင်ရာ ဝေဒနာတွေကိုကာကွယ်ရာမှာလည်းအထောက်အကူပြုပါတယ်။

    ကြွက်သားတွေက သိမြင်နိုင်စွမ်းကိုတိုးမြှင့်ပေးသလို အိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုနှေးကွေးစေပါတယ်။ ကြွက်သားဆုံးရှုံးမှုက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ကိုယ်အလေးချိန်ကိုတိုးစေနိုင်သလို ရောဂါခုခံနိုင်စွမ်းကိုလည်းကျဆင်းစေပြီး အိုမင်းရင့်ရော်မှုကိုလည်းဖြစ်ပေါ်စေပါတယ်။ အသက်အရွယ်ကြောင့် ကြွက်သားလျော့ပါးလာမှု (Sarcopenia) ကချော်လဲနိုင်ခြေပိုများစေနိုင်သလို အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    ဘဝနေထိုင်မှုပုံစံကိုအနည်းငယ်ပြောင်းလဲလိုက်ခြင်းဖြင့် အသက်အရွယ်ကြောင့်ကြွက်သား တစ်သျှူးတွေ လျော့ကျတာကိုသိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

    ၁။ လေ့ကျင့်ခန်းလုပ်ပါ

    လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်ကြောင့်ကြွက်သားတစ်သျှူးတွေလျော့ပါးတာကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်တာက ကြွက်သားတွေကိုစွမ်းရည် တိုးတက်စေသလို၊ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်းတိုးစေနိုင်ပြီး ကြွက်သားပရိုတင်းတွေ ပေါင်းစပ်မှုကိုလည်းတိုးစေပါတယ်။ ကြွက်သားတွေရဲ့ mitochondrial enzyme activity ကိုလည်းတိုးစေပါတယ်။

    ၂။ ပရိုတင်းဓါတ်များများစားပေးပါ

    ပရိုတင်းက ကြွက်သားမျှင်တွေတည်ဆောက်ဖွဲ့စည်းမှုနဲ့ပြင်ဆင်မှုတွေအတွက် တန်ဖိုးကြီးတဲ့ အစားအစာ ဖြစ်ပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝစွာရရှိနိုင်ဖို့အတွက် အမဲသား၊နို့ဒိန်ချဉ်၊ပဲနီလေး၊ဆယ်လ်မွန်၊မက်ကာရယ်၊ တူနာငါး၊ အော်ဂဲနစ်ကြက်သား၊နွားနို့်၊ဥအမျိုးမျိုးနဲ့ ဒိန်ခဲတွေကိုစားသုံးပေးလို့ရပါတယ်။

    ၃။ အိုမီဂါ သရီးစားသုံးပေးပါ

    အိုမီဂါ သရီးဖက်တီးအက်ဆစ်က ကြွက်သားပရိုတင်းဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်မှာအဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင် နေပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါဝင်တဲ့အစားအစာတွေကိုနေ့စဉ်စားသုံးတဲ့ အစားအသောက် တွေထဲမှာထည့်သွင်းစားသုံးပေးတာက သက်ကြီးရွယ်အိုတွေမှာကြွက်သားတွင်း ပရိုတင်းဖွဲ့စည်းဖြစ်ပေါ်မှုနှုန်းကို တိုးတက်စေတယ်၊လို့တွေ့ရှိရပါတယ်။ အိုမီဂါ သရီးဖက်တီးအက်ဆစ် EPA က အမျိုးမျိုးသောရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာကြွက်သားတွေကိုမလျော့ကျသွားအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။

    ၄။ ဟော်မုန်းထိန်းညှိပေးပါ

    ဟော်မုန်းတွေက ကြွက်သားစုဖွဲ့မှုကိုသိသိသာသာအကျိုးသက်ရောက်မှုရှိစေပါတယ်။ အသက် ၄၀ ကျော်လာပြီ ဆိုပါက လိုအပ်ရင်တစ်နှစ်တစ်ကြိမ်သွေးတွင်းဟော်မုန်းပမာဏကိုစစ်ေဆေးရမှာဖြစ်ပါတယ်။ ကိုယ်ခန္ဓါကြီးထွား စေတဲ့ဟော်မုန်းတွေဖြစ်ကြတဲ့ DHEA နဲ့ testosterone ဟော်မုန်းတွေလျော့နည်းလာပြီဆိုပါက ဆရာဝန် ညွှန်ကြားချက်အတိုင်း ဖြည့်စွက်စာတွေစားသုံးပြီးဖြေရှင်းလို့ရပါတယ်။

    ၅။ ရောင်ရမ်းမှုကိုတိုက်ဖျက်စာတွေကိုပိုမိုစားသုံးပြီးရောင်ရမ်းမှုဖြစ်စေတဲ့အစားအသောက်တွေကိုလျှော့စားပါ

    နာတာရှည်ရောင်ရမ်းမှုဝေဒနာတွေက အသက်အရွယ်ကြောင့်ကြွက်သားတစ်သျှူးတွေဆုံးရှုံးမှုကိုဖြစ်ပေါ်နိုင်ပြီး ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးတဲ့အစားအစာတွေကိုရွေးချယ်စားသုံးမယ်ဆိုရင် နေ့စဉ်စားသုံးနေတဲ့ အစား အသောက်တွေထဲကနေ အသင့်စားအစားအစာတွေ၊ အာဟာရမျှတမှုမရှိတဲ့ အစားအသောက်တွေကို မစားပါနဲ့။

    ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးတဲ့ အစားအသောက်တွေကို နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ထည့်သွင်း စားသုံးပေးခြင်းဖြင့် ရောင်ရမ်းမှုကိုဖြစ်စေတဲ့အစားအစာတွေကိုနေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲ ကနေဖယ်ရှားပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။

    ၆။ အရက်သောက်တဲ့ပမာဏကိုမှတ်သားထားပါ

    အရက်အလွန်အကျွံသောက်သုံးတာက ကြွက်သားတွေကို အားနည်းစေနိုင်ပါတယ်။ တကယ်လို့သင့်မှာသာ ကြွက်သားတစ်သျှူးလျော့နည်းစေတတ်တဲ့ဝေဒနာတွေသာရှိရင် သင့်အနေနဲ့ အရက်သောက်သုံးမှုကို ပိုပြီးသတိ ထားစောင့်ကြည့်သင့်ပါတယ်။

    ၇။ ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုနည်းပါးတာနဲ့ အာဟာရဓါတ်ချို့တဲ့တာတွေလိုမျိုး နိမ့်ကျတဲ့ဘဝနေထိုင်မှု အလေ့အထတွေနဲ့ဆက်စပ်နေပြီး ဆေးလိပ်သောက်သုံးမှုက အသက်အရွယ်ကြောင့် ကြွက်သားတစ်သျှူးတွေ လျော့ပါးလာတဲ့ နောက်ထပ်ဘဝနေထိုင်မှုပုံစံတစ်ရပ်ဖြစ်ပါတယ်။ အာဟာရပြည့်ဝအောင်စားသုံးပြီး သင့်တော်တဲ့လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေမှာ အသက်အရွယ်ကြောင့် ဖြစ်တဲ့ကြွက်သားတစ်သျှူးတွေလျော့ပါးလာမှုကို ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement