backup og meta

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သလား။ ဒါဆို ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပါ။ ဆယ်ကျော်သက်မှာ ကျန်းမာစွာ နေထိုင်ခြင်းက ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

ဒီတော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် အရွယ်မှာ မွေးမြူသင့်တဲ့ အလေ့အထကောင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်လား။

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

ကျန်းမာစေဖို့ ဆယ်ကျော်သက်မှာ အခုလို အလေ့အထတွေ မွေးမြူပေးပါ။

အိပ်ရေးဝအောင် အိပ်ပါ

အိပ်ရေးဝအောင် အိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျန်းမာစေဖို့ တစ်ညကို ၈ နာရီခွဲကနေ ၉ နာရီအထိ အိပ်ပေးဖို့ လိုပါမယ်။

အိပ်စက်နေစဉ်အတွင်းမှာ ကြီးထွားမှုဟော်မုန်းတွေက အကောင်းဆုံး အနေအထားကို ရောက်ရှိတာပါ။ ပြည့်ဝတဲ့ အိပ်စက်မှု ရှိမှ ကလေးက အကောင်းဆုံး ကြီးထွား ဖွံ့ဖြိုးမှာပါ။ ဒါကြောင့် ညတိုင်းကို အိပ်ရာ စောစောဝင်လို့ အနည်းဆုံး ၈ နာရီခွဲရှိအောင် အိပ်စက်ပေးပါ။

အာဟာရ ပြည့်ဝအောင် စားပါ

ကြီးထွားမှု နဲ့ ကျန်းမာစေဖို့အတွက် အာဟာရပြည့်ဝမှုက တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ စာသုံးမှုမှာ ပရိုတင်းကစလို့ ကယ်လ်ဆီယမ်၊ ​ဗီတာမင် A၊ B၊ C၊ E မကျန်စားပေးပါ။ သံဓာတ် နဲ့ ဇင့်ကိုလည်း ချန်မထားခဲ့ပါနဲ့။

ဒီအာဟာရတွေကို ပြည့်ဝအောင် စားသုံးမှ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ရောဂါကင်းမှာပါ။ ဒါကြောင့် အဆီမပါတဲ့ အသား၊ ငါး၊ အသီးအရွက်၊ ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားပေးပါ။ အချိုများတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။ ဖြစ်နိုင်ရင် ရှောင်ပါ။

လေ့ကျင့်ခန်း လုပ်ပါ

ဆယ်ကျော်သက်အရွယ်မှာ အာဟာရပြည့်ဝအောင် စားသုံးမှုနဲ့အတူ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဖို့လည်း လိုပါမယ်။ ဒါမှ အဝလွန်တာမျိုး၊ ရှိသင့်တဲ့ အရပ်အမြင့် မရှိတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းတာမျိုး မဖြစ်မှာပါ။

ဒါကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ် လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂ လေ့ကျင့်ခန်း၊ စက်ဘီးစီးတာ၊ Gym ဆော့တာမျိုး လုပ်ပေးပါ။ ဒါတွေက အဝလွန်တာကို ကာကွယ်ရာရောက်သလို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

မနက်စာ အလွတ်မခံပါနဲ့

မနက်စာက ကျန်းမာရေးအတွက်ရော တစ်နေ့တာမှာ အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ပါ အရေးပါ ပါတယ်။ မနက်စာ အလွတ်ခံတာက ကြီးထွားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ဒါကြောင့် ကျန်းမာပြီး ကြီးထွားဖို့ အရှိန်ယူနေချိန်မှာ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ မနက်စာကို သေချာလေး မှန်မှန်စားစားပေးပါ။

အချိုရည် အစား ရေသောက်ပါ

အချိုရည်က အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အချိုများတာက အဝလွန်တာ၊ အာရုံစူးစိုက်ရခက်တာ အပြင် အမျိုးအစား(၂) ဆီးချို ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အချိုရည် အစား ရေ ဒါမှမဟုတ် သဘာဝ သစ်သီးစစ်စစ်ကို ဖျော်ထားတဲ့ အသီးဖျော်ရည်ကိုပဲ သောက်ပါ။

အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာမယ် ဆေးလိပ်နဲ့ မူးယစ်စေတတ်တဲ့အရာတွေကို ရှောင်မယ်ဆိုရင် ကျန်းမာဖျတ်လတ်တဲ့ ဆယ်ကျော်သက် တစ်ယော်ကအဖြစ် ကြီးပြင်းလာမှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Ways to Help You Grow a Healthy Teen https://jillcastle.com/teenager-nutrition/7-ways-support-teen-growth-spurt/ Accessed Date 18 August 2020

Healthy eating for teens https://www.nhs.uk/live-well/eat-well/healthy-eating-for-teens/ Accessed Date 18 August 2020

ယခုပုံစံ

30/05/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/05/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ