backup og meta

လူမှုကွန်ယက်များနှင့် ဆယ်ကျော်သက်တို့ရဲ့ကျန်းမာရေး


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူမှုကွန်ယက်များနှင့် ဆယ်ကျော်သက်တို့ရဲ့ကျန်းမာရေး

    မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဆယ်ကျော်သက်တွေဟာ ဖေ့ဘွတ်တို့ အင်စတာဂရမ်တို့လိုမျိုးအစရှိတဲ့ လူမှုကွန်ယက်တွေပေါ်မှာ တစ်ရက်ကို ကိုးနာရီအကြာရှိနေတတ်ကြ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ အိပ်ချိန်နဲ့ကျောင်းတက်နေချိန်ကလွဲလို့ ဖုန်းတွေကို မျက်နှာနဲ့မခွာကြတဲ့ပုံပါ။

    သူတို့လေးတွေဟာ ဖုန်းကိုအသုံးပြုကာ အင်စတာဂရမ်၊ Snapchat ၊ ဖေ့ဘွတ်အစရှိတဲ့ လူမှုကွန်ယက်တွေကတစ်ဆင့် သူငယ်ချင်းတွေတခြားသော မိတ်ဆွေအသစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နေကြပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်တွေကို ဒီလိုအသုံးပြုနေ ခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိ နေနိုင်မလဲ။

    Social Media အသုံးပြုခြင်းဟာမိတ်ဆွေအသစ်တွေရမယ်၊ သတင်းအချက်အလက်တွေရှာဖွေနိုင် မယ်စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံအတိုင်း အချိန်ပြည့် အင်တာနက်သုံးနေမယ်ဆိုရင်တော့ ဆယ်ကျော်သက်တွေကို ဆိုးကျိုးတွေဖြစ်လာစေမှာပါ။ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။

    အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပြည်သူကျန်းမာရေးလေ့လာချက်အရ ဆယ်ကျော်သက်လူငယ်လူရွယ်(၁၅၀၀) ကျေိာ်ဟာ လူမှုကွန်ယက်တွေကို ဆေးစွဲသလိုစွဲလမ်းနေကြပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်စ်အစရှိ တဲ့ လူမှုကွန်ယက်တွေဟာ လူငယ်တွေကို စိုးရိမ်ပူပန်မှုတွေ၊ စိတ်အားငယ်မှုတွေ၊ ဝေဖန်ပြစ်တင်မှု တွေကို ဖြစ်စေတဲ့နတ်ဆိုးကြီးတွေလိုဖြစ်နေပါတယ်။ ဒါအပြင်ကာလရှည်စွာအိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေဖြစ်လာနိုင်ပါတယ်။

    ဒါကြောင့် ဒီလိုအင်တာနက်ပေါ်မှာ အချိန်ပြည့်ရှိနေခြင်းဟာ အနှုတ်သဘောဆောင်တဲ့ လက္ခဏာ တွေကိုသာဖြစ်စေမှာပါ။ အင်စတာဂရမ်၊ ဖေ့ဘွတ်တွေကိုအလွန်အကျွံသုံးစွဲနေတာဟာ မလိုအပ်တဲ့ အလုပ်အပိုတွေကိုလုပ်မိနေစေမှာပါ။ Like လုပ်မယ်၊ love react ပေးမယ်၊ Friend request တွေကို ကြည့်မယ်၊ comment တွေရေးမယ်၊ noti တွေတက်လာတာနဲ့ ချက်ချင်းကြည့်မယ်စတဲ့ အလုပ်တွေနဲ့ ရှုပ်ထွေးနေစေမှာပါ။ အကျိုးရှိစေမယ့် အကြောင်းအရာတွေ ကိုကြည့်နေရမယ့်အစား ဒီလိုအလုပ်တွေနဲ့ အချိန်ပေးနေရပါလိမ့်မယ်။

    သင်မြင်နေရတဲ့ အရာတွေကို သင်မပိုင်ပါဘူး။

    အနည်းငယ်တော့ရှုပ်ထေသွားပြီထင်ပါတယ်။ ဆိုလိုရင်းကတော့ လူမှုကွန်ယက်တွေဟာ ဆယ်ကျော်သက်တွေကို ပြိုင်ဆိုင်မှုတွေဖြစ်လာစေပါတယ်။ မိမိကိုယ်ကို တခြားသူတွေနဲ့နှိုင်းယှဉ်တတ် လာမှာပါ။ ဖုန်း screen ကိုပွတ်နေရုံနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတော်တော်များများရဲ့ နေထိုင်မှု ပုံစံတွေကို မြင်တွေ့နေနိုင်မှာပါ။ ဒါဆိုရင်တော့ တခြားသောသူတွေက ကမ္ဘာပတ်နေမယ်၊ နာမည်ကြီး တံဆိပ်တွေသုံးနေမယ်၊ နောက်ဆုံးပေါ်ကားကြီးတွေစီးနေမယ်စတဲ့ ကိုယ်မှာမပိုင်ဆိုင်နိုင်သေးတဲ့ အခြေ အနေတွေကို လိုချင်တပ်မက်လာပါလိမ့်မယ်။

    လောဘကြီးလာပါလိမ့်မယ်။ Effect အမျိုးမျိုးနဲ့ ရိုက်ပြီး တင်ထားတဲ့အခြားသူတွေရဲ့ Selfie တွေကို ကြည့်ပြီးကိုယ်ကိုယ်တိုင်လည်း လှချင်ပချင်ဖြစ်လာပါတော့ မယ်။ ဒီလိုပြိုင်ဆိုင်မှုတွေရဲ့ အကျိုးဆက်ကတော့ မိမိကိုယ်ကိုတန်ဖိုးထားမှုတွေ လျော့နည်းလာမယ်၊ သံသယစိတ်တွေများလာမယ်၊ ဆုံးရှုံးရမှာကို အလွန်ကြောက်ရွံ့လာမှာဖြစ်ပါတယ်။

    တခြားသူတွေလို လှချင်ပချင်နေထိုင်ချင်လာခြင်းဟာဆယ်ကျော်သက်တွေကို အကြီးအကျယ်ဒုက္ခဖြစ်စေလာနိုင်ပါတယ်။  ဆယ်ကျော်သက်တွေဟာ လိုချင်တာတွေများလာတဲ့အခါ လမ်းမှားကိုရောက်လာကြမှာပါ။ ဒီတော့ ဖေ့ဘွတ်ပေါ်တင်ဖို့ Selfie ပုံတစ်ခုကို ဟိုပြဒီပြလျှောက်လည်ရင်းနဲ့ တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်း ချင်ကြပါနဲ့။  ဒီပြဿနာကို စည်းကမ်းရှိရှိဖြေရှင်းလိုက်ရအောင်။

    ဖေ့ဘွတ်စ်၊ အင်စတာဂရမ်တို့ကို လုံး၀ကြီးဖြတ်တောက်ပစ်လိုက်စရာမလိုပါဘူး၊ စည်းစနစ် မှန်မှန်သုံးရင်ရပါပြီး။ ဉပမာသင့်ရဲ့ Setting ကိုဝင်ပြီးသင်သုံးနေတဲ့ Data ကို (ကန့်သတ်)လိုက်တာမျိုးပါ။

    ဆယ်ကျော်သက်လေးတွေဟာ လူမှုကွန်ယက်သုံးနေရင်နဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ကျြခင်းတွေ ကိုခံစားလာရပြီးဆိုရင်တော့ အင်တာနက်ကိုပိတ်ပစ်လိုက်ပါ။ သင့်ကိုယ်သင်ကာကွယ်ရင်း Social Media ကိုဘယ်လို အသုံးပြုနိုင်လဲဆိုတဲ့ အကြုံပြုချက်အချို့ကို ပြောပြပေးပါမယ်။

    မိမိကိုယ်ကို သတိနဲ့ဆင်ခြင်နေပါ။     ။ဆိုလိုတာကတော့သုံးရင်းနဲ့ မိမိကိုယ်ကိုသတိထားမိစေမယ့် မေးခွန်းတွေ ထုတ်နေနိုင်ပါတယ်။

    ‘ငါ့ပုခုံးတွေညောင်းနေပြီလား’ ‘ငါအွန်လိုင်းသုံးရင်းပြုံးနေပါလား’ ငါအခုဘာတွေ တွေးနေမိပါလိမ့်’ ‘ငါကိုယ် ငါတစ်ခြားသူနဲ့ယှဉ်နေပြီးလား’ အစရှိတဲ့မေးခွန်းတွေကိုယ်ကို ကိုပြန်ထုတ်နေလိုက်ပါ။ ဒါဆို ရင်တော့ ကိုဘာလုပ်မိနေလဲဆိုတာ ကိုသတိထားဆင်ခြင်မိသွားပါလိမ့်မယ်။ လမ်းမှားမရောက်အောင် ကိုယ်ကိုသတိပေးလိုက်ခြင်းတစ်မျိုးပါပဲ။

    ဖေ့ဘွတ်စ် Friday အဖြစ်သတ်မှတ်ပါ။            ။နေ့တိုင်းလိုလိုမသုံးဘဲနေနိုင်တယ်၊ နေချင်တယ် ဆိုရင်တော့ သောကြာနေ့ညပျော်ပွဲရွှင်ပွဲတွေလည်ကြသလိုမျိုးအပတ်တိုင်းရဲ့တစ်ရက်ရက်ကို ဖေဘွတ့်စ်သုံးတဲ့နေ့ အဖြစ်သတ်မှတ်လိုက်ပါ။ အင်စတာဂရမ်ကိုအင်္ဂါနေ့။  Snap chat ကိုစနေနေ့စသဖြင့်ပေါ့ ။

    ဖေ့ဘွတ်စ် ‘၁၅’။       ။ ဒါကတော့ရှင်းပါတယ်။ ဘယ်လူမှုကွန်ယက်ကိုပဲဖြစ်ဖြစ်တစ်နေ့ကို (၁၅)မိနစ် နှုန်းပဲသုံးမယ်လို့ သတ်မှတ်လိုက်တာပါ။ Noti –on ထားလိုက်ပါ (သတိပေးချက်ခလုတ်ကို ဖွင့်ထားပါ)။ ဒီလိုနည်းနဲ့အကြောင်းအရာ တစ်ခုခု ပေါ်လာပြီဆိုရင်သင့်ဖုန်းပေါ်ကို အလိုအလေျာက်တက်နေမှာပါ။ တကူးတကွသွားဖွင့်ကြည့်စရာမလို တော့ပါဘူး။ အချိန်ကုန်သက်သာလာမှာပါ။ ဉပမာ ဘယ်သူကတော့သင့်ကို love react ပေးသွားပါတယ် ဆိုတာမျိုးပါ။

    ဆယ်ကျော်သက်တွေဟာ လူမှုကွန်ယက်တွေကို အကျိုးရှိရှိလည်းအသုံးချနိုင်ပါတယ်။ သတင်း အချက်အလက်တွေကို ရှာဖွေစုဆောင်းတာမျိုးအကျိုးရှိစေမယ့် စာတမ်းတွေဖတ်တာသမျိုး၊ ဘာသာ စကားတွေကို အွန်လိုင်းကသင်ကြားတာမျိုးအပြင် ကောင်းမွန်တဲ့အဖွဲ့အစည်း (Group) တွေနဲ့ချိတ် ဆက်တာမျိုးလည်းပြုလုပ်နိုင်ပါသေးတယ်။

    သင်ကိုယ်တိုင်ဆယ်ကျော်သက်တစ်ယောက်လား  ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာဆယ်ကျော်သက် လေးတွေရှိနေလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်ကိုတော်တော်အကျိုး ရှိစေမှာပါ။ ဒါပေမဲ့ တစ်ခုတော့မှာချင်ပါတယ်။ သင့်ဆီမှာ စိတ်ပင်ပန်းခြင်းနဲ့ စိတ်ဓာတ်ကျလွယ်ခြင်းလိုမျိုးစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံလာရပြီးဆိုရင်တော့ ဆရာဝန်နဲ့သာပြသဖို့မမေ့ပါနဲ့နော်!!!

    ရေးသားသူ – ဒေါက်တာမှူး

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement