ကိုယ်ဝန်ဆောင်ချိန်မေမေ ကြွက်တက်တာက ဖြစ်လေ့ဖြစ်ထရှိလား…
ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ခုလို့ပဲ ဆိုပါရစေ။
ဘယ်လိုအချိန်မှာ ပိုဖြစ်နိုင်လဲ…………
ကိုယ်ဝန်ဆောင်ချိန်ရဲ့ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်တွေမှာ ခြေသလုံး ကြွက်တက်တာက ပိုအဖြစ်များပြီး ညဘက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင်ဘယ်လိုသက်သာအောင်လုပ်မလဲ………
ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတဲ့ အချက်လေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာ သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါနော်။
ခြေသလုံးကြွက်သားကို အကြောလျှော့ပါ – ကိုယ်ဝန်ဆောင်ချိန်မှာ ညအိပ်ရာမဝင်ခင် ခြေသလုံး ကြွက်သားတွေကို အကြောလျှော့ပေးတာက ကြွက်တက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ နံရံကိုမျက်နှာမူပါ။ လက်နှစ်ဖက်ကို နံရံမှာ ထောက်ထားပါ။ ပြီးရင် ညာဘက် ခြေထောက်ကို အရှေ့ဘက်ဆီ ကွေးပါ။ ဘယ်ဘက် ခြေထောက်ကို နောက်ဖက်ကို ဆန့်ထုတ်ပါ။ စက္ကန့် ၃၀ ထားပါ။ တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။ ဖြည်းဖြည်းချင်း တတ်နိုင်သလောက်ပဲ လုပ်ပေးပါ။