brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြားက ဘာလို့ Sensitive ဖြစ်...........

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိမ့်တွေထွက်လာတယ်၊ ဘာလို့များ အရေပြားက ဘာလို့ Sensitive ဖြစ်……….. တာဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။

အရေပြားက ဘာလို့ Sensitive ဖြစ်...........

အရေပြားက ဘာလို့ Sensitive ဖြစ်………..

တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne – prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။

လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ

လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ

ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာပါ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် ပြီးလားဆိုတော့ ဝက်ခြံ ထွက်လာပြီဆိုရင် ဝက်ခြံ အပြင် ဝက်ခြံဖု သက်သာသွားတယ် ဆိုရင်တောင် ကုတ်မိ၊ ဆွမိတာကြောင့် ဝက်ခြံ အမာရွတ်တွေ ကျန်နေနိုင်ပါသေးတယ်။

ဒီလို ကျန်တဲ့အခါဖြစ်ဖြစ်၊ ဝက်ခြံ ထွက်တဲ့အခါဖြစ်ဖြစ် ပျောက်ချင်ဇောနဲ့ ဝက်ခြံ ပျောက်တယ်ဆိုတဲ့ ဆေးတွေ၊ ဆေးမြီးတိုတွေကို သုံးတတ်ကြပါတယ်။ ဒီလို သုံးတဲ့အခါ ချက်ချင်း သက်သာသွားမယ်လို့ ယူဆတတ်ကြပါတယ်။

ဝက်ခြံ သက်သာစေမယ် ဆိုတဲ့ ဆေး၊ လိမ်းစရာ တစ်ခုခုကို လိမ်းတယ်။ တစ်ရက်ကနေ ၂ ရက်အထိ မသက်သာဘူး။ ၃ ရက်လောက်လည်း ဒီအတိုင်းပဲဆိုရင် လုပ်တတ်တာက နောက်တစ်မျိုး ပြောင်းသုံးလိုက်တာပါ။

ဒီလို သုံးတာက အချိန်ကြာလာတဲ့အခါ အသားအရေကို ထိခိုက်စေပြီး အသားအရေက အမှားမခံတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒီအခါ အလွယ်တကူပဲ Sensitive skin type ရယ်လို့ ခေါင်းစဉ် တပ်လိုက်ကြပါတယ်။

တကယ်ကတော့ ဒါက လူကနေ ဖန်တီးမှုကြောင့် အသားအရေ ထိခိုက်ရာကနေဖြစ်လာတဲ့ Sensitive skin အမျိုးအစားပါ။ Sensitized skinလို့ ခေါ်ပါတယ်။

ဒီလိုမဖြစ်စေဖို့ ဘယ်လို ကာကွယ်လို့ရမလဲ………..

အသားအရေကို ကိုယ်တိုင်​ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။