အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူချိုချို အသားလေးနဲ့ အစေ့အနက်ရောင်လေးတွေနဲ့ ဩဇာသီး က စားရတာ လက်ဝင်ပေမယ့် အရသာ အတော်လေး ကောင်းပါတယ်။ ငယ်ငယ်က အတော်လေး သဘောကျရတဲ့ အသီးတစ်မျိုးပါ။ ဒီအသီးလေးက ကျန်းမာရေးအတွက်လည်း အတော်လေး အထောက်အကူပြုပါတယ်။