ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 13, 2020 . 2 mins read
Share now

အစိမ်းရောင်ခြယ် ပစ္စည်းတွေ အပြည့်ပါပြီး စားလို့ကောင်းတဲ့ ဟင်းနုနွယ်ကို ဆေးဘက်ဝင်တဲ့ အပင်တစ်ခု အဖြစ် အားလုံး အကြမ်းဖျင်း သိကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟင်းနုနွယ်ရဲ့ ကောင်းကျိုး အစုံကို အသေးစိတ်ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

ဟင်းနုနွယ်ရဲ့ အံမခန်း အကျိုးကျေးဇူးများ ။ ။

အမြင်အာရုံကို ကောင်းမွန်စေပါတယ် ။ ။

ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် A ဓါတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံး ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်လှတဲ့ ဟင်းနုနွယ်ပါ။

ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝစွာပါပါတယ်။ ။

ဟင်းနုနွယ်မှာပါတဲ့ အစိမ်းရောင် ရောင်ခြယ်ပစ္စည်းက ဟင်းနုနွယ်လို့ မြင်လိုက်ရုံနဲ့ သိအောင်လုပ်ပေးတာတင်မကဘဲ ကိုယ်တွင်းရှိ မကောင်းတဲ့ ဓါတုပပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင် အပြည့်ပါပါတယ်။

ကိုယ်အလေးချိန် လျှော့ချနေသူများ စားပေးသင့်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။

ကာဘိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းတယ်၊ အာဟာရဓါတ်တွေလည်း အများကြီးပါတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အစားအစာကိုလိုက်ရှာနေတဲ့ သူတွေ အတွက် ဟင်းနုနွယ်က အသင့်တော်ဆုံးပါ။ ပါဝင်တဲ့ကယ်လိုရီပမာဏကလည်း မများတဲ့အပြင် အမျှင်ဓါတ်လည်း ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုလည်း အထောက်အကူပြုဦးမှာပါ။

အရိုးအဆစ်တွေကို သန်မာစေပါတယ်။

အသားလည်းမဟုတ်ဘဲနဲ့ ဒီအ ရွက်လေးက ဘယ်လိုလုပ်ပြီး အရိုးကျန်းမာရေးအတွက် ကောင်းတာလဲလို့ မေးစရာရှိပါတယ်။ ဒါ ဟင်းနုနွယ်မှာပါတဲ့ ဗီတာမင် D ကြောင့်ပါ။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းတဲ့ ဗီတာမင် D တို့ ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့ နို့မသောက်နိုင်တဲ့သူတွေ ဟင်းနုနွယ်စားပေးလို့ရတယ်နော်။

ညဘက် အိပ်ပျော်စေပါတယ်။

ဟင်းနုနွယ်မှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်အပြင် ဇင့်တို့ မဂ္ဂနီဆီယမ်တို့လို အိပ်ပျော်ခြင်းကို အားပေးတဲ့ သတ္တုဓါတ်တွေ ပါဝင်တာကြောင့် အိပ်မရတဲ့ ညပေါင်းတွေ များနေတဲ့ လူတွေ အတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။

ခုခံအားကို မြင့်တက်စေပါတယ်။

ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင် A ဟာ ခုခံအားအတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဆိုလည်း မမှားပါဘူး။ ဗီတာမင် A ကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင် သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်းစေတာကြောင့် အပြင်က ဘယ်ရောဂါမှ ဝင်မလာအောင် သူက တားဆီးပေးမှာနော် ။ ။

ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပါတယ်။

ဟင်းနုနွယ်မှာ ဆံပင်ကျွတ်ခြင်းကို အဓိကတားဆီးပေးတဲ့ သံဓါတ် အပြည့်ပါတာကြောင့် ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကိုမမတွေ ဟင်းနုနွယ်စားပေးသင့်တယ်နော်။

အရွယ်တင်နုပျိုစေမယ့်အပြင် ဝက်ခြံတွေကိုလည်း တားဆီးပေးဦးမှာပါ။

ဗီတာမင် A ရဲ့ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဝက်ခြံကင်းစင် အရွယ်တင်နုပျိုတဲ့ အသားအရေလေးတစ်ခုဖြစ် အောင် ဟင်းနုနွယ်က ဖန်တီးပေးဦးမှာနော် ။ ။

ဒီလောက် အကျိုးကျေးဇူးများတဲ့ ဟင်းနုနွယ်ကို ကြော်ကြော်၊ ချက်ချက်၊ ပြုတ်ပြီးတော့ပဲ သုပ်စားစား ခံတွင်းမြိန်အောင် ဖန်တီးပြီး စားပေးလို့ရတယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ခုရာသီက ထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးတွေဟာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read