home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အေးခဲခြင်းဆိုင်ရာ myths များစွာ

အေးခဲခြင်းဆိုင်ရာ myths များစွာ

အစားအစာတွေကို တာရှည်ခံအောင် အေးခဲပြီး သိမ်းဆည်းတာနဲ့ ပတ်သက်လို့ သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေလည်း ရှိသလို မှားသိထားတာတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေက မှန်ပြီး ဘာတွေက မှားနေလဲဆိုတာကို အေးခဲခြင်းဆိုင်ရာ myths များစွာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

အေးခဲခြင်းဆိုင်ရာ myths များစွာ

အစားအစာတွေ အေးခဲခြင်းနဲ့ ပတ်သက်လို့ ဒီအချက်တွေကို မှားသိထားနိုင်ပါတယ်။

Myth #3 – အေးခဲလိုက်တာက ဘက်တီးရီးယားတွေကို သေစေနိုင်တယ်

အစားအစာတွေကို အေးခဲလိုက်တာက ဘက်တီးရီးယားတွေရဲ့ ပေါက်ဖွားမှုကို အတိုင်းအတာ တစ်ခုအထိ ဟန့်တား လိုက်နိုင်တာပါ။ ဘက်တီးရီးယားတွေကို သေစေနိုင်တာမျိုး မဟုတ်ပါဘူး။

အေးခဲထားတဲ့ အစားအစာတွေ အရည်ပျော် သွားတဲ့အခါ ဘက်တီးရီးယားတွေကလည်း ပြန်လည်ရှင်သန်ပေါက်ဖွားလာမှာပါ။ ဒါကြောင့် အသုံးပြုဖို့ လိုအပ်မှသာ အေးခဲထားတဲ့​နေရာကနေ ပြင်ပ အပူချိန်ကို ထုတ်ဖို့ လိုပါမယ်။ မစားခင်မှာလည်း သေချာလေး ပိုးသတ်သန့်စင်ဖို့ လိုပါမယ်။

Myth #4 – အေးခဲလိုက် တဲ့အခါ အစားအစာတွေက အာဟာရတန်ဖိုး လျော့သွားတယ်

ဒီ အယူအဆကတော့ ဆန့်ကျင်ဘက်ပါပဲ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အေးခဲလိုက်တဲ့အခါ အာဟာရတန်ဖိုး လျော့သွားတာမျိုး မရှိပါဘူး။ အေးခဲထားတာက ပေါင်းခံထား၊ ချက်ပြုတ်ထားတဲ့ အစားအစာတွေထက် အာဟာရ ပိုပြည့်ပါတယ်။ ပေါင်းခံလိုက်တာ ဒါမှမဟုတ် ပြုတ်လိုက်တဲ့အခါ ပေါင်းခံရည် ပြုတ်ရည်တွေထဲမှာ အာဟာရတွေ ပါသွားပါတယ်။

ကဲ….. အေးခဲခြင်းဆိုင်ရာ myths များစွာ ကို ဖတ်ပြီးချိန်မှာ စာဖတ်ပရိသတ်ကြီးရော ဘာတွေများ မှားသိထားမိသေးလဲ။ အစားအစာတွေကို သေချာလေး သန့်စင် ခြောက်သွေ့အောင် လေသလပ်ခံပြီး လေလုံအိတ်တွေထဲ ထည့်သိမ်းထားတာက တာရှည်ခံသလို အာဟာရတန်ဖိုးလည်း မလျော့ပါဘူး။ ချက်ပြုတ်တဲ့အခါမှာလည်း အဆင်သင့်ဖြစ်ပြီး အချိန်ကုန် သက်သာစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Nutrition Loss in Frozen Foods https://www.livestrong.com/article/361456-nutrition-loss-in-frozen-foods/ Accessed Date 17 September 2021

Does Freezing Food Really Kill Nutrients? https://about.spud.com/blog-freezing-nutrients/ Accessed Date 17 September 2021

6 Common Myths About Freezing Foods https://www.eatingwell.com/article/17876/6-common-myths-about-freezing-foods/ Accessed Date 17 September 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။