နာတာရှည်နာကျင်မှုအပေါင်း သက်သာစေကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 28, 2020 . 2 mins read
Share now

စားလိုက်တဲ့ အစားအသောက်တွေက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေတာအပြင် နောက်ထပ် ကောင်းကျိုး တစ်ရပ် ရှိပါသေးတယ်။

ဒါကတော့ အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည် အဆစ် နာကျင်တာနဲ့ ကြွက်သား နာကျင်တာတွေကို သက်သာစေပါတယ်။ ကြွက်သားတွေ အမြဲလိုလို နာနေတယ်။ အဆစ်တွေ နာနေတယ်။ ဘာစားရမလဲ မသိဘူးဖြစ်နေရင် ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်နော်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက ဘာတွေ ထောက်ကူပေးသလဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက

  • ထိခိုက်မှုကြောင့် ပျက်စီးထိခိုက်နိုင်ခြေ နည်းစေတယ်
  • အာရုံကြော နာကျင်မှုကို လျော့ပါး သက်သာစေတယ်
  • နာကျင်မှု ခံစားရတာကို လျော့ပါးစေတယ်
  • ရောင်ရမ်းမှုကို လျော့ပါးစေတယ်။

အမြန်စား အစားအစာတွေ၊ အသင့်စားအစားအစာတွေက နာကျင်မှုကို ပိုဆိုစေပြီး နာတာရှည်ရောဂါတွေ၊ နာတာရှည် နာကျင်ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။

အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေကလည်း အမြန်စား၊ အသင့်စား အစားအစာတွေ နည်းတူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို ရှိသင့်တာထက် ပိုများစေတာ၊ အဝလွန်တာတွေ ဖြစ်စေပြီး အဆစ်တွေ ထိခိုက် တာ၊ ကြွက်သားတွေ နာကျင်တာကို ဖြစ်စေနိုင်ပါတယ်။

နာတာရှည် နာကျင်မှုတွေ သက်သာစေဖို့ ဘာတွေ စားမလဲ။

ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ နာတာရှည် နာကျင်မှုတွေကို သက်သာစေဖို့ဆိုရင်

Tart Cherries

Tart cherriesမှာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေပါတယ်။ Tart cherriesမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့ cyanidine က အဆစ် နဲ့ ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။ အက်စပရင်ထက် ပိုပြီးနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ဂေါက်ရောဂါ၊ လေးဖက်နာတို့ကြောင့် အဆစ်တွေ နာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ပဲပိစပ်

ပဲပိစပ်က ပရိုတင်း ကြွယ်ဝသလို ဓာတ်တိုးတာကို နှေးစေတဲ့ ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ပင်လယ်ငါး

ငါးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နှလုံးရောဂါ ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

Omega-3 fatty acids ပါဝင်မှုက နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် Omega-3 fatty acids ကြွယ်ဝတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးတို့ကို စားပေးပါ။

နနွင်း

နနွင်းမှာ ကင်ဆာကို တိုက်ဖျက်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့ curcumin ဒြပ်ပေါင်း ပါဝင်နေပါတယ်။ curcumin ကနာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

ဗီတာမင် D 

ဗီတာမင် D ချို့တဲ့တာက နာတာရှည် နာကျင်မှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်မှုကို သက်သာစေဖို့ဆိုရင် ဗီတာမင် D ကြွယ်ဝတဲ့ ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါး၊ ထရောက်ငါးတို့ကို စားပေးပါ။

အနက်ရောင် ချောကလက်

အနက်ရောင် ချောကလက်မှာပါတဲ့ ကိုကိုးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်ရောင်ရမ်းမှုကို ခံစားနေရတယ်ဆိုရင် အနက်ရောင်ချောကလက်လေး စားပေးပါ။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်

နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ဆိုရင်

  • ကန်စွန်းရွက်
  • ဟင်းနုနွယ်
  • ပင်စိမ်း
  • ကိုက်လန်
  • ငရုတ်ပွ
  • ပန်းဂေါ်ဖီစိမ်း
  • မုန်လာဥနီ
  • ပန်းဂေါ်ဖီ
  • Cranberries
  • စပျစ်သီး
  • ဘလူးဘယ်ရီတို့ကို​ စားပေးပါ။

သံလွင်ဆီ

နာတာရှည် နာကျင်ရောင်ရမ်းသူတွေအနေနဲ့ ဟင်းချက်တဲ့အခါ အခြားဆီတွေအစား သံလွင်ဆီကို သုံးပေးပါ။

ရေနွေးကြမ်း

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်း၊ လက်ဖက်စိမ်း ရေနွေးကြမ်း၊ ဆေးဖက်ဝင် အပင်တွေထည့်သွင်းဖော်စပ်ထားတဲ့ ရေနွေးကြမ်းတွေက နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ ဟိုဟာမတည့် ဒီဟာမတည့်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတန်ခက်ခဲတယ်။ ဒီလို သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read