တစ်နေ့ကို သလဲသီး ဖျော်ရည် ၈အောင်စ သောက်ပေးရင် သင်ယူလေ့လာနိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့မှာ တိုးတက်ကောင်းမွန်လာစေနိုင်တယ်လို့ မကြာသေးမီက သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။
၁၃) လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ သားသမီးရရှိနိုင်စွမ်း မြှင့်တင်ပေးတယ်
သလဲသီး ဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများပြားတာကြောင့် သန္ဓေအောင်ခြင်းကို အလားအလာ ကောင်းစေနိုင်ပါတယ်။ ဓာတ်တိုးဖြစ်စဉ် (Oxidative stress) တွေက သုက်ပိုးချို့ယွင်းမှုကိုဖြစ်စေပြီး အမျိုးသမီးတွေမှာလည်း မျိုးဥသန္ဓေအောင်နိုင်စွမ်းနည်းပါးစေပါတယ်။
သလဲသီး ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အမျိုးသားနဲ့အမျိုးသမီးတွေမှာ testosterone ဟော်မုန်းပမာဏ တိုးစေ ပါတယ်။
၁၄) အားကစားစွမ်းဆောင်ရည်မှာ ခံနိုင်ရည်အားပြည့်စေတယ်
ဖျော်ရည်က အားကစားစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမယ့် ဆေးတစ်မျိုးဖြစ်နေပြီး နာကျင်မှုကို သက်သာစေ၊ ခွန်အားပြန်လည်ဖြည့်တင်းမှုကိုကောင်းမွန်းစေနိုင်ပါတယ်။
၁၅) ဆီးချိုရောဂါအတွက် အကျိုးပြုတယ်
သလဲသီးကို အရှေ့အလယ်ပိုင်းနဲ့အိန္ဒိယတို့မှာ ဆီးချိုရောဂါအတွက်ဆေးဝါးအဖြစ် အရင်တည်းက သုံးစွဲခဲ့ကြပါတယ်။ သူ့ရဲ့အကျိုးပြုပုံသက်ရောက်မှုကို အများကြီးမသိရသေးပေမယ့် အင်ဆူလင်မတုံ့ပြန်နိုင်မှု ကို လျော့ပါးစေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။