backup og meta

ရေမုန်ညှင်း ရဲ့ ကျန်းမာရေး အာနိသင်

ရေမုန်ညှင်းလို့ ပြောလိုက်ရင် လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ မုန်ညှင်း၊ မုန်လာဆိုတဲ့ စကားလုံးတွေက ရင်းနှီးပြီးသားဖြစ်ပေမယ့် ရေမုန်ညှင်း ကတော့ ကြားဖူးသူတောင် နည်းမယ်ထင်ပါတယ်။

မြန်မာဟင်းလျာတွေထဲမှာ ပါခဲတာကိုး။ ဒါပေမယ့် ဝိတ်ချသူတွေ၊ အသီးအရွက်တွေကို မရောနိစ်နဲ့ သုပ်စားတဲ့အခါ ထည့်စားကြပါတယ်။ ဟင်းလျာ အရသာရော အနံ့ကိုပါ တိုးစေနိုင် ရေမုန်ညှင်းလေးကို စားတဲ့အခါ ဖယ်မထားမိစေဖို့ ကျန်းမာရေးအတွက် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ရေမုန်ညှင်း

ရေမုန်ညှင်း ဆိုတာက သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ။ ဥရောပ နဲ့ အာရှ ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ ဥရောပ ဟင်းလျာတွေမှာ အများဆုံး တွေ့ရပါတယ်။

အရွက် ဝိုင်းဝိုင်းသေးသေးလေးတွေဖြစ်ပြီး ကြွပ်ဆတ်ပါတယ်။ အရသာက ပူရှိန်းရှိန်း ရှိပြီး အနံ့က လန်းလန်းဆန်းဆန်း ရှိပါတယ်။ အစိမ်းရောင် စိုစိုလေးက အစားစားချင်စိတ် ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။

အရွက်က သေးငယ်ပေမယ့် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ရေမုန်ညှင်း အာဟာရတန်ဖိုး

ရေမုန်ညှင်းမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ရေမုန်ညှင်းနဲ့ ကျန်းမာရေး 

ရေမုန်ညှင်း နဲ့ ကျန်းမာရေး 

ရေမုန်ညှင်းက ကျန်းမာရေးအတွက် အခုလို ထောက်ပံ့ပေးပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

ရေမုန်ညှင်းက ကင်ဆာကို ကာကွယ်ဖို့ ထောက်ကူပေးပါတယ်။ DNA ပျက်စီးမှုကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ရေမုန်ညှင်းက ပန်းဂေါ်ဖီစိမ်းလိုပဲ ကင်ဆာကို ကာကွယ်ပေးပါတယ်။

ရင်သား ကင်ဆာ၊ အူမကြီး ကင်ဆာ မဖြစ်စေဖို့ စားသုံးပေးလို့ ရပါတယ်။

နှလုံး ကျန်းမာစေတယ်

ရေမုန်ညှင်းက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

နိုက်ထရိတ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

အရိုး ကျန်းမာစေတယ်

ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆကို တိုးစေနိုင်ပါတယ်။

ဖောလိတ်ပါဝင်နေတာကလည်း လေဒီတွေကို အသက်အရွယ်ကြောင့် အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

လေမဖြတ်အောင် ကာကွယ်ပေးတယ်

ကာရိုတီးနွိုက် ပါဝင်နေတာကြောင့် လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အရောင်ကျစေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာစေတယ်

ရေမုန်ညှင်းက isothiocyanates ကြွယ်ဝစွာ ပါဝင်မှုကြောင့် ဦးနှောက်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်ကို အရွယ်တင်စေပြီး ရောဂါတွေ ခံစားရတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ 

ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ သွေးဖြူဥဆဲလ်တွေကို တိုးစေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ ထောက်ကူပေးနိုင်ပါတယ်။

အအေးမိ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

သွေးနီဥဆဲလ်တွေ မပျက်စီးစေဖို့ ထောက်ကူပေးပါတယ်

ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးနီဥဆဲလ်တွေ မပျက်စီးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

ဗီတာမင် C ပါဝင်နေမှုကြောင့် မျက်လုံးမှာ ရေတိမ် မဖြစ်စေဖို့အတွက် ရေမုန်ညှင်းကို စားပေးလို့ ရပါတယ်။ မျက်လုံးကို အမြင်အာရုံ ကောင်းစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။

ရေမုန်ညှင်းလေးက အခုလို ဆေးဖက်ဝင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Benefits of Watercress, One of the Most Nutrient-Dense Leafy Greens https://www.wellandgood.com/watercress-benefits/ Accessed Date 27 October 2021

10 Impressive Benefits Of Watercress https://www.organicfacts.net/health-benefits/vegetable/watercress.html Accessed Date 27 October 2021

ယခုပုံစံ

10/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟင်းပြင်းပင် နဲ့ ကျန်းမာရေး

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက် ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement