သိုင်းရွိုက် ဂလင်းကဟော်မုန်းတွေကို ထိန်းချုပ်ပေးတဲ့၊ ထုတ်လွှတ်ပေးတဲ့တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ခန္ဓါကိုယ်မှာ အင်အားတွေဖြစ်စေသလို ခန္ဓါကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် နဲ့ ဆဲလ်တွေပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့အတွက် အိုင်အိုဒင်းကိုလိုအပ်မှာပါ။ ကိုယ်တွင်းမှာ အိုင်အိုဒင်းနည်းတဲ့အခါ သိုင်းရွိုက်ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒီတော့ အဖြေက သိုင်းရွိုက်ပြဿနာကင်းချင်ရင် အိုင်အိုဒင်းပြည့်ဝရမယ်ဆိုတဲ့သဘောပေါ့။ရေညှိလေးက သဘာဝကပေးတဲ့ အိုင်အိုဒင်းပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်တာကြောင့် သိုင်းရွိုက်ကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။

ဆီးချိုသမားတွေအတွက် သင့်တော်တယ်

ရေညှိက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့သွေးချိုထိန်းရာမှာ အထောက်အကူပြုတဲ့ အမျှင်ဓါတ်ကို ကျန်းမာတဲ့ အစားအသောက်အရင်းအမြစ်ကရရှိချင်တယ်ဆိုရင်တော့ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကဲတဲ့ရေညှိကို စားသုံးပေးပါ။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

စားသုံးလိုက်တဲ့ အစားအစာတွေကိုဖြိုခွဲဖို့ နဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက်ရော ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက်ပါ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ ဇာတ်လိုက်လေးတွေက အစာခြေစနစ်ထဲက ဘက်တီးရီးယားတွေပါ။ ဒီတော့ အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးဖို့လိုမှာပါ။ သူတို့ကို အားဖြည့်ပေးနိုင်တဲ့ အမျှင်ဓါတ်တွေကရေညှိမှာပါဝင်နေပါတယ်။ ဒါကြောင့်ရေညှိစားသုံးပေးမယ်ဆိုရင် အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်မှာပါ။ရေညှိစားသုံးပေးမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်သလို ဝမ်းသွားနေတာကိုလည်း သက်သာစေနိုင်ပါတယ်။