backup og meta

နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

လက်ဖက်သုပ်၊ ချင်း (ဂျင်း) သုပ် နဲ့ အမျိုးမျိုးသော အသုပ်တွေထဲမှာ ထည့်စားတတ်တဲ့ နှမ်းစေ့လေးတွေက သေးငယ်ပေမယ့် ကျန်းမာရေးကို အများကြီး အကျိုးပြု ပေးပါတယ်။

နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

နှမ်းစေ့မှာပါတဲ့ အာဟာရ

နှမ်းစေ့ကို ထန်းလျက်နဲ့ ယိုထိုးပြီး နှမ်းယို လုပ်စားတတ်လို့ရတဲ့ နှမ်းစေ့လေးထဲမှာ

  • ကယ်လ်လိုရီ
  • အဆီ
  • Copper
  • သံဓာတ်
  • မဂ္ဂနိစ်
  • ကယ်လ်ဆီယမ်
  • ဇင့်
  • Selenium
  • ဗီတာမင် B အုပ်စုစတာတွေ ပါဝင်နေပါတယ်။

နှမ်းစေ့ကပေးတဲ့ ကျန်းမာရေး

အသုပ်တိုင်းလိုလိုမှာ ပါတတ်သလို၊ နှမ်းထောင်း၊ နှမ်းယို၊ နှမ်းကပ်ကြော် အဖြစ်ပါ စားတတ်ကြတဲ့ နှမ်းစေ့လေးက

နှလုံး ကျန်းမာစေတယ်

နှမ်းစေ့မှာ အဆီပျော်ဝင်လွယ်တဲ့ sesamin  လို့ခေါ်တဲ့ အရာတစ်ခု ပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန် ကျစေဖို့ ကူညီပေးသလို အသည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောတွေကို ကျန်းမာစေသလို သွေးစီးဆင်းမှု ကောင်းမွန်စေတာက နှလုံးကျန်းမာရေးကို အထိရောက်ဆုံး စောင့်ရှောက်မှု ပေးနိုင်ပါတယ်။ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေတယ်

နှမ်းစေ့က သွေးမတိုးစေဖို့ ကာကွယ်ပေးသလို သွေးတွင်းက အကျိုးပြု ကိုလက်စထရော ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။ နှမ်းက ပြည့်ဝဆီ ပါဝင်မှု နည်းတာကြောင့် သွေးတွင်းက အကျိုး မပြု ကိုလက်စထရော ပမာဏကို ကျစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

နှမ်း ပုံမှန်စားပေးတာက အစာခြေစနစ် ပိုးမဝင်စေဖို့ အကောင်းဆုံး ကာကွယ်ပေးရာ ရောက်ပါတယ်။ နှမ်းမှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေပြီး အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။

သွေးပေါင် ထိန်းညှိပေးတယ်

နှမ်းမှာပါတဲ့ သဘာဝ အဆီတစ်မျိုးကသွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ နှလုံးခုန်မြန်တာကို သက်သာစေနိုင်ပါသေးတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

နှမ်းဟာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝသလို နှမ်းမှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှမ်းမှာပါတဲ့ phytate ဆိုတဲ့ ဒြပ်ပေါင်းက ကင်ဆာ ကာကွယ်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဆီးချို သက်သာစေတယ်

မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေမှုက ဆီးချို သက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။ နှမ်းစားသုံးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

နှမ်းမှာ အရိုးကျန်းမာကြံ့ခိုင်စေဖို့ အားဖြည့်ပေးတဲ့ ဇင့်၊ ကယ်လ်ဆီယမ်၊ phosphorus တို့လိုမျိုး သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အရိုး သိပ်သည်းဆကို ကောင်းမွန်စေပြီး အရိုးကျိုးတာ၊ အရိုးအက်တာတွေကို မြန်မြန် သက်သာစေနိုင်သလို အရိုးပွရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

ကဲ…. နှမ်းလေးတွေ တဖောက်ဖောက်စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်စို့နော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sesame-Sesamum indicum https://www.healthbenefitstimes.com/health-benefits-sesame-seeds/ Accessed Date 7 July 2020

15 Health and Nutrition Benefits of Sesame Seeds https://www.healthline.com/nutrition/sesame-seeds Accessed Date 7 July 2020

SESAME https://www.webmd.com/vitamins/ai/ingredientmono-1514/sesame Accessed Date 7 July 2020

ယခုပုံစံ

21/01/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ