backup og meta

လိမ္မော်သီးစေ့တွေ လွှင့်မပစ်ပါနဲ့။

လိမ္မော်သီး စားတဲ့အခါ လူတိုင်း လိုလို လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုက လိမ္မော်သီးစေ့တွေ ကို လွှင့်ပစ်တာပါ။ စားလို့ မရသလို မာကျောပြီး ဝါးရခက်တာ၊ အရသာ မရှိတာတွေကြောင့် လွှင့်ပစ်တာပါ။

ဒီတစ်ခေါက်တော့ လိမ္မော်သီး စားတိုင်း လွှင့်ပစ်လေ့ရှိတဲ့ လိမ္မော်သီးစေ့လေးတွေက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

လိမ္မော်သီးစေ့ ဆိုတာ

လိမ္မော်သီးစေ့ လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောပြစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အဖြူရောင်ရှိပြီး ခပ်မာမာအစေ့ ရှည်ရှည်လေးတွေပါ။

အရသာလည်း လုံးဝမပါတဲ့ အစေ့လေးတွေပါ။ သံပုရာသီးစေ့လိုမျိုး ဝါးစားရတာ သိပ်တော့ မလွယ်လှပါဘူး။ ဒါကြောင့်လည်း လိမ္မော်သီး စားတဲ့အခါတိုင်းလိမ္မော်သီးစေ့တွေ ကို လွှင့်ပစ်ကြတာပါ။

ဒီလို လွှင့်ပစ်လေ့ရှိတဲ့ လိမ္မော်သီးစေ့လေးတွေက ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

လိမ္မော်သီးစေ့တွေ လွှင့်မပစ်ပါနဲ့။

လိမ္မော်သီးစေ့တွေ လွှင့်မပစ်ပါနဲ့။

လိမ္မော်သီးစေ့တွေကို လွှင့်မပစ်ပါနဲ့လို့ ပြောရတာက

ဗီတာမင် C ကြွယ်ဝတယ်

လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝသလို လိမ္မော်စေ့ကလည်း ဗီတာမင် C ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် C ပြည့်ဝမှုက အသားအရေ လှပစေသလို ကိုယ်ခံအားကို အားဖြည့်ပေးပြီး အူမကြီး ကင်ဆာ မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။

အင်အား ပြည့်ဝစေတယ်

လိမ္မော်သီးစေ့ကို စားသုံးပေးတာက ကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ ထောက်ကူ ပေးပါတယ်။ လိမ္မော်သီးစေ့မှာ palmitic အက်ဆစ်၊ oleic အက်ဆစ် နဲ့ linoleic အက်ဆစ်တို့ ပါဝင်နေတာကြောင့် ဆဲလ်တွေထဲမှာ အင်အားတွေ ကြာကြာရှည်ရှည် သိမ်းဆည်းထားနိုင်ဖို့ ကူညီပေးပါတယ်။

ဆံသား ကျန်းမာစေတယ်

လိမ္မော်သီးစေ့က ဆံသားတွေအတွက် သဘာဝ conditioner ပါ။ လိမ္မော်စေ့မှာ ဗီတာမင် C နဲ့ bio-flavonoids ပါဝင်နေတာကြောင့် ဦးရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။ ဆံပင်ရှည် မြန်စေပါတယ်။

ဖောလစ်အက်ဆစ် ပါဝင်နေမှုက ဆံပင်ကို အရင်းကနေ သန်စွမ်းစေပြီး ဆံပင် အသစ်တွေ ထွက်စေဖို့ ထောက်ကူပေးပါတယ်။

အသားအရေ ကျန်းမာစေတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရွယ်တင်စေဖို့ ထောက်ကူပေးပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

လိမ္မော်စေ့မှာ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဟီမိုဂလိုဘင် ထွက်ရှိအောင် ထောက်ကူပေးသလို မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

အစွန်း ကျွတ်စေတယ်

လိမ္မော်သီးစေ့ကို စွန်းထင်းနေတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဆီစွန်းတာ၊ သံချေးတက်တာတွေကို ချွတ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

လိမ္မော်သီးစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

လိမ္မော်သီးလိုပဲ လိမ္မော်သီးစေ့မှာလည်း ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်ပေးပါတယ်။ ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ ပင်ပန်းမှု ကင်းစေမှာပါ။

ဒါကြောင့် လိမ္မော်သီးစေ့တွေ ကို မလွှင့်ပစ်ပါနဲ့လို့ ပြောရတာပါ။ အခြောက်ခံ အမှုန့်ကြိတ်ပြီးတော့ ဖြစ်ဖြစ်၊ ကြေညက်အောင် ဝါးစားတာဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Incredible healthy and surprising benefits of Orange Seeds https://www.nyoooz.com/features/health/incredible-healthy-and-surprising-benefits-of-orange-seeds.html/3289/ Accessed Date 26 October 2021

11 Amazing Benefits of Eating Orange Seeds https://gomedii.com/blogs/english/health-a2z/11-amazing-benefits-of-eating-orange-seeds/ Accessed Date 26 October 2021

ယခုပုံစံ

10/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သလဲသီးစားရင် အစေ့ကိုထွေးမပစ်သင့်တဲ့ အကြောင်းရင်း (၁၅) ချက်

သံပရာခွံကိုပါ ဝါးစားသင့်တဲ့အကြောင်းအရင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement