backup og meta

ကန်စွန်းဥ စားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား

ကန်စွန်းဥ စားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား

ကန်စွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်၊ သာကူနဲ့ ကျိုစားတာဖြစ်ဖြစ်စားလို့ရပါတယ်။ ဒီလိုအမျိုးမျိုးလုပ်စားလို့ရတဲ့ ကန်စွန်းဥက စားကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်းတော်ေ်တာ်လေးအထောက်အကူပြုပေးပါသေးတယ်။

ကန်စွန်းဥ ဆိုတာ

ကန်စွန်းဥလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ ကန်စွန်းကြီးပင်ရဲ့ အမြစ်ဥတွေပါ။ အပြင်ခွံက ပန်းရောင်ရင့်ရင့်လေးပါ။ အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပါတယ်။

အရသာက ချိုပြီး အသားက ခပ်မွမွလေးပါ။ အာလူးလို မဟုတ်ဘဲ ရှည်မြောမြောပါ။ အရွယ်အသားကတော့ ခပ်ရွယ်ရွယ်ကနေ အကြီးကြီးအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။

ကန်စွန်းဥမှာ ပါတဲ့ အာဟာရဓာတ်တွေ

စားရတာ အရသာရှိတဲ့ ကန်စွန်းဥမှာ

  • ပရိုတင်း
  • အဆီဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • Phosphorus
  • ပိုတက်ဆီယမ်
  • ဆိုဒီယန်
  • ဆီလီနီယမ်
  • ဗီတာမင် C
  • ဖောလိတ်
  • ခိုလင်း
  • ဗီတာမင် A
  • ဘီတာကယ်လ်ရိုတင်း
  • ဗီတာမင် K
  • ကိုလက်စထရော တို့ ပါဝင်နေပါတယ်။

ကန်စွန်းဥ စားသုံးရင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

စားကောင်းတဲ့ ကန်စွန်းဥ တွေကို စားမယ်ဆိုရင်တော့

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပေါ့။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေး နိုင်ပါတယ်။ ကန်စွန်းဥမှာ ဆီးချိုကာကွယ်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းမှန်စေနိုင်သလို သကြားဓါတ်စုပ်ယူမှုကို ထိန်းညှိပေးနိုင်ပါတယ်။
  • ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ် – Free radicalတွေကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ချင်တယ် ဆိုရင်တော့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ကန်စွန်းဥစားပေးလို့ရပါတယ်။ ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးပြီး ဆီးချိုနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်တယ် – ကန်စွန်းဥစားသုံးမှုက ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်သလို မှတ်ဉာဏ်ကိုလည်း တိုးစေနိုင်ပါတယ်။ ကန်စွန်းဥက အာဟာရ ကြွယ်ဝသလို ဓါတ်တိုးဆန့်ကျင် အာနိသင်လည်း ကြွယ်ဝတဲ့ စားစရာ တစ်မျိုးပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ် ယုတ်လျော့မှုကိုလည်းလျော့ပါးစေနိုင်ပါတယ်။
  • ကိုယ်ခံအား ကောင်းစေတယ် – ဗီတာမင် A ပါဝင်တာကြောင့် ကိုယ်ခံအားဆဲလ်တွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ရောဂါတွေနဲ့ ကူးစက်ရောဂါတွေမဝင်ရောက်အောင် တားဆီးပေးနိုင်ပါတယ်။
  • အမြင်အာရုံ ကောင်းမွန်စေနိုင်တယ် – ကန်စွန်းဥက ကိုယ်ခံအားကိုတင် ကောင်းစေတာ မဟုတ်ပါဘူး။ အမြင်အာရုံကိုပါကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် A ကြွယ်ဝတဲ့အတွက် ဗီတာမင် A ချို့တဲ့မှုကြောင့်ဖြစ်တဲ့ မျက်စိခြောက်တာ၊ ညဘက်မှာ အမြင်အာရုံဝေဝါးတာ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတာတွေ နဲ့ အမြင်အာရုံဆုံးရှုံးမှုတွေကို ကာကွယ်ပေးပါတယ်။
  • ကိုယ်အလေးချိန် ကျစေနိုင်တယ်အာဟာရဓါတ်ကြွယ်ဝပြီး အမျှင်ဓါတ်များစွာပါဝင်နေတဲ့ ကန်စွန်းဥက အဆာခံစေနိုင်ပြီး စားချင်စိတ်ကိုလျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေ စားသုံးပေးသင့်ပါတယ်။
  • လေးဖက်နာကြောင့် နာကျင်မှုကို သက်သာစေနိုင်တယ် – ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ ဗီတာမင် B အုပ်စုတွေပါဝင်နေတာကြောင့် အဆစ်အမြစ်တွေနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ကန်စွန်းဥပြုတ်ရည်ကို နာတဲ့ အဆစ်တွေနေရာမှာ လူးပေးမယ်ဆိုရင်လည်း အဆစ်တွေနာကျင်မှုကို သက်သာစေမှာပါ။
  • အစာအိမ်အနာကို သက်သာစေနိုင်တယ် – ကန်စွန်းဥမှာပါတဲ့ အမျှင်ဓါတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို အူတွေကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ဘီတာကယ်ရိုတင်း၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်မှုက အစာအိမ်အနာတွေကို သိသိသာသာ သက်သာစေမှာပါ။ ဝမ်းချုပ်မှု ကင်းဝေးပြီး အစာအိမ်ထဲမှာ အက်ဆစ်ဖြစ်ပေါ်မှု နည်းစေတာကြောင့် အစာအိမ်အနာ ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။
  • ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တယ် – ကန်စွန်းဥမှာပါတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်ကရေဓါတ်တွေ မဆုံးရှုံးရအောင်ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းရေဓါတ်ကို ထိန်းညှိပေးပြီး ဆဲလ်တွေကောင်းမွန်စွာလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

ကဲ ဒီလောက်ထိ အကျိုးကျေးဇူးတွေများနေမှတော့ အရသာရှိတဲ့ ကန်စွန်းဥကို စားမလား။ မစားဘူးလား ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်။

ဘာတွေ သတိထားရမလဲ

ကန်စွန်းဥက စိတ်ကြိုက် စားသုံးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ ပိုးသတ်ဆေးမပါဘဲ စိုက်ပျိုးထားတာမျိုးကို ရွေးချယ်မိဖို့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

သွေးတွင်းကိုလက်စထရော များတဲ့သူတွေက လွဲလို့ ကျန်တဲ့သူတိုင်း အတိုင်းအတာ ပမာဏတစ်ခုအထိ စားသုံးပေးလို့ ရပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Health Benefits of Sweet Potatoeshttps://www.health.com/nutrition/sweet-potato-health-benefits Accessed Date 11 December 2018

11 Impressive Benefits Of Sweet Potatoeshttps://www.organicfacts.net/health-benefits/vegetable/health-benefits-of-sweet-potatoes.html Accessed Date 11 December 2018

Sweet Potato Nutrition: Sweet Potato Benefitshttps://draxe.com/sweet-potato-nutrition-facts-benefits/ Accessed Date 11 December 2018

ယခုပုံစံ

19/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

Lettuce (ဆလတ်ရွက်)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement