backup og meta

ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးတွေ ကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး…..

ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

ခရမ်းကစော့သီးလေးတွေ က ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။

အကိုက်အခဲ သက်သာစေနိုင်တယ်

ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။

အနာတွေကို သက်သာစေနိုင်တယ်

အဖျားကျစေနိုင်တယ်

ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။

ဗီတာမင် C ချို့တဲ့မှုကင်းစေတယ်

ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ရေယုန် သက်သာစေနိုင်တယ်

ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို  ရောဂါတွေကနေလည်း အထိ​ရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

သန်ကျစေနိုင်တယ်

ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာစိုးတယ်။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။

အမြင်အာရုံကောင်းစေတယ်

ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်မှာပါ။

အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကစော့သီးလေးတွေ စားရင် အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိ ရယူလိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

BLACK NIGHTSHADE https://www.webmd.com/vitamins/ai/ingredientmono-821/black-nightshade Accessed Date 23 December 2019

23 Health Benefits of Solanum Nigrum (Black nightshade) https://drhealthbenefits.com/food-bevarages/fruits/health-benefits-of-solanum-nigrum Accessed Date 23 December 2019

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

Cape Gooseberry (ဗောက်သီး)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement