backup og meta

ပန်းသီး သေးသေးလေး ကြိုက်ကြလား။

ပန်းသီး သေးသေးလေး ကြိုက်ကြလား။

ပန်းသီး သေးသေးလေး တွေကို စားဖူးကြလား။ အဝါရောင် ဖျော့ဖျော့လေး အနီရဲရဲလေးနဲ့ အရောင်အသွေးက လှသလို ပုံမှန် ပန်းသီးထက် ဆိုဒ်သေးနေတာလေးက ချစ်စရာ ကောင်းလှပါတယ်။

ဒီလို ချစ်စရာ ကောင်းတဲ့ ပန်းသီး သေးသေးလေးတွေက အမြင်မှာ ချစ်စရာကောင်းသလို အရသာလည်း ကောင်းပါတယ်။ ဒါတင်မကသေးတာက ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တာပါ။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ပန်းသီး သေးသေးလေးတွေ (Crab Apple) ဆိုတာ

ပန်းသီးသေးသေးလေးတွေဆိုတာက ပန်းသီး မျိုးရင်းဝင် တစ်မျိုးပါ။ သဘာဝအတိုင်း ပေါက်ရောက်တတ်တဲ့ ပန်းသီး တစ်မျိုးပါ။ ပန်းသီးနဲ့ ပုံစံတူပေမယ့် အရွယ်အစားကတော့ သေးငယ်ပါတယ်။

အချိုမကဲဘဲ အချဉ်ဘက်ကို နည်းနည်းလုတဲ့ အရသာ ရှိပါတယ်။ အပင်ကြီးပင်ဖြစ်ပြီး အသီးလေးတွေကတော့ အခိုင်လိုက် သီးတတ်ပါတယ်။ အရွယ်က အကြီးဆုံး အနေနဲ့ တရုတ်ဇီးချိုသီး အရွယ်လောက် ရှိပါပြီ။

ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ။

ပန်းသီး သေးသေးလေးတွေမှာ

ပန်းသီး သေးသေးလေးတွေမှာ ပန်းသီးလိုပဲ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အာဟာရတန်ဖိုးကွာတာကြောင့် ပန်းသီး တစ်လုံးမှာပါတဲ့ ပမာဏ ရစေဖို့ဆိုရင် အရွယ်တော် ၃ လုံးလောက် စားပေးဖို့တော့ လိုပါမယ်။

ပန်းသီး သေးသေးလေး ကပေးတဲ့ ကျန်းမာရေး

ပန်းသီး သေးသေးလေး ကြိုက်ကြလား။

ပန်းသီး သေးသေးလေး တွေက ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ပန်းသီး သေးသေးလေးတွေမှာ phenolic ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ဒီလို ကြွယ်ဝတာက အရသာတိုးစေပြီး အရောင်အသွေး လှစေဖို့ လုပ်ဆောင်ပေးတာ မဟုတ်ပါဘူး။ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝတာကြောင့် ကျန်းမာရေးကို ထောက်ကူပေးသလို အရေပြား ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။

ပန်းသီး သေးသေးလေးတွေမှာ အနီရောင် တောက်တောက် ပန်းသီးလေးတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝသလို ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နေသူတွေမှာလည်း ကင်ဆာကျိတ်တွေ ကြီးလာတာကို ဟန့်တားပေးသလို ကင်ဆာဆဲလ်တွေ ပြန့်တာကို တားဆီးပေးပါတယ်။

သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်တယ်။

ပန်းသီး သေးသေးလေးတွေမှာ bioactive components ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ သွေးတွင်း အဆီများတဲ့သူတွေ စားသုံးဖို့ သင့်တော်ပါတယ်။ တစ်နေ့ကို ၃ လုံးလောက် ပုံမှန် စားသုံးပေးဖို့ လိုပါမယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်။

ဗီတာမင် C ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

အမြင်အာရုံ ကျန်းမာစေနိုင်တယ်။

ဗီတာမင် A က မျက်လုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပန်းသီး သေးသေးလေး တွေမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေပြီး ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ဒီတော့ ကျန်းမာရေး ကောင်းစေဖို့ အခုလို ပန်းသီး သေးသေးလေးတွေကို စားပေးလို့ ရပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Crabapples: A Small Fruit With Many Health Benefits! https://tedsgardens.com/crabapples-a-small-fruit-with-many-health-benefits/ Accessed Date 5 January 2022

Health benefits of Crab Apple https://www.healthbenefitstimes.com/crab-apple/ Accessed Date 5 January 2022

Crab Apples: All You Need To Know https://www.stylecraze.com/articles/crab-apple/ Accessed Date 5 January 2022

ယခုပုံစံ

10/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းသီးအစေ့များတွင် ဆိုင်ယာနိုဒ် အဆိပ် ပါဝင်သည်။

ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement