backup og meta

တာအိုးရွက် နဲ့ ကျန်းမာရေး

တာအိုးရွက် နဲ့ ကျန်းမာရေး

ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။

တာအိုးရွက် မှာပါတဲ့ အာဟာရ

သက်တတ်တတ် အရသာလေးနဲ့ ခပ်ကြွပ်ကြွပ် တာအိုးရွက်လေးမှာ

တာအိုးရွက်ကပေးတဲ့ ကျန်းမာရေး

ကြွပ်ဆတ်ဆတ် ခါးသက်သက် တာအိုးရွက်လေး စားသုံးပေးတာက

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

တာအိုးရွက်မှာ ပါတဲ့ hydroxycinnamic acid တစ်မျိုးဖြစ်တဲ့ chlorogenic acid က အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဝမလွန်အောင် ထိန်းပေးသလို ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

တာအိုးရွက်မှာပါတဲ့ chlorogenic acidက ဝိတ်ကျစေတာ အပြင် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် တာအိုးရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ flavonoids၊ ဗီတာမင် နဲ့ carotenoidsတို့ ပါဝင်နေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေးကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေ များလာတဲ့အခါ ခံစားရနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နဲ့ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာ၊ အရေးအကြောင်းတွေ ဖြစ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ် ကြွယ်ဝတယ်

တာအိုးရွက် ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၄၆၀ မီလီဂရမ်အထိ ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပိုမိုကြွယ်ဝပြီး နှလုံး ကျန်းမာစေသလို သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။ ကြွက်သားတွေကို ကျုံ့ဆန့်အား ကောင်းစေပြီး အာရုံကြောတွေကို ကျန်းမာစေပါတယ်။

သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလို လေဖြတ်တာ၊ ကျောက်ကပ် ကျောက်တည်တာ၊ လေပွတာ၊ အကြောပြတ်တာ နဲ့ အရိုး ပါးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အဆုတ်ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

အဆုတ် ကင်ဆာ ဖြစ်ပွားမှုနှုန်းက တစ်နေ့ထက်တစ်နေ့ မြင့်တက် လာနေပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ ရပါတယ်။

ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို မကြာခဏ စားသုံးပေးတာက အဆုတ်ကို ကျန်းမာစေပြီး အဆုတ် ကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချ ပေးပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chrysanthemum Leaves https://www.specialtyproduce.com/produce/Chrysanthemum_Leaves_6765.php Accessed Date 6 July 2020

Chrysanthemum leaves https://www.checkyourfood.com/ingredients/ingredient/249/chrysanthemum-leaves Accessed Date 6 July 2020

Garland Chrysanthemum Leaves: Nutrition and Health Benefits https://www.healwithfood.org/health-benefits/garland-chrysanthemum-leaves.php Accessed Date 6 July 2020

ယခုပုံစံ

11/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု

ဖက်ဖယ်ရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement