backup og meta

ငါးရံ့ပတူရွက် ကျန်းမာရေးအတွက် ကောင်းသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငါးရံ့ပတူရွက် ကျန်းမာရေးအတွက် ကောင်းသလား။

    ဒီအရွက်လေးကို လူကြီးတွေကတော့ ရင်းရင်းနှီးနှီး သိနိုင်ပေမယ့် လူငယ်တွေထဲမှာတော့ သိသူက ခပ်ရှားရှား ဖြစ်နိုင်ပါတယ်။ ဒီအရွက်လေးက ဆေးဖက်ဝင်လား။ ဘယ်လို စားသုံးလို့ရလဲ။ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးနိုင်လဲဆိုတာကို သိချင်နေပြီလား ……. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ငါးရံ့ပတူရွက် ဆိုတာ

    ငါးရံ့ပတူရွက် ဆိုတာ ငါးရံ့ပတူပင်ရဲ့ အရွက်ပါ။ အလေ့ကျပေါက်လေ့ရှိပြီး အပင်ပုမျိုး တစ်မျိုးပါ။ ပင်စည်မှာ အရွက် ရှည်မြောမြောလေးတွေ ကပ်ပြီး ပေါက်တတ်ပါတယ်။

    အရွက်ကို စားလို့ရသလို ပင်စည်နဲ့ အမြစ်ကလည်း ဆေးဖက်ဝင်ပါတယ်။

    ဘယ်လိုတွေ စားသုံးလို့ ရလဲ။

    ဘယ်လိုတွေ စားသုံးလို့ ရလဲဆိုတော့ အရွက်ကို ရေနွေးဖျောပြီး တို့စားလို့ ရသလို၊ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲ၊ ပုစွန်ခြောက် ထောင်းတွေနဲ့ သုပ်စားလို့လည်း ရပါတယ်။ ချဉ်ရည် ချက်စားလို့လည်း ရပါတယ်။

    ဘယ်လို အာဟာရတွေ ပါဝင်နေလဲ။

    အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    ငါးရံ့ပတူရွက်က ကျန်းမာရေးအတွက် အခုလိုလေးတွေ အထောက်အကူပြုပေးနိုင်ပါတယ်။ ဘယ်လိုတွေများ အထောက်အကူပြုပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

    ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးကို အခုလို အထောက်အကူ ပြုပေးပါတယ်။

    ကင်ဆာ သက်သာစေနိုင်တယ်

    ကင်ဆာက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကျန်းမာရေး ပြဿနာပါ။ ကင်ဆာက ဆဲလ်တွေ ထိန်းချုပ်မရနိုင်အောင် ပွားလာရာကနေတဆင့် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်လာပါတယ်။

    ဒီကင်ဆာတွေကို ဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် ဖြစ်ဖြစ်၊ သက်သာစေဖို့ ဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

    ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

    တစ်နေ့တာ လှုပ်ရှားမှုအတွင်း ထိတွေ့မိတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာက တစ်ရှူးတွေနဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေနဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

    လေ့လာမှုတွေအရကတော့ ငါးရံ့ပတူရွက်က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
    ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက် စားသုံးပေးလို့ ရပါတယ်။

    အာရုံကြော ကျန်းမာစေနိုင်တယ်

    အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်၊ multiple sclerosis (MS)တွေလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် အာရုံကြောတွေ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

    အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက် စားပေးလို့ ရပါတယ်။

    ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

    နှစ်စဉ် ကမ္ဘာတလွှားမှာ ဗိုင်းရပ်စ်ပိုးတွေ အမျိုးမျိုးကူးစက်နေပါတယ်။ ဒီလိုမျိုး ဗိုင်းရပ်စ်တွေ ကူးစက်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။

    ဒါကြောင့် ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

    အရောင်ကျစေနိုင်တယ်

    ထိခိုက်မှုကြောင့် ဖြစ်ဖြစ်၊ ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်ဖြစ် အရေပြားပေါ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုရော၊ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    အသည်း ကျန်းမာစေနိုင်တယ်

    Bioactive ဒြပ်ပေါင်းတွေ ဖြစ်တဲ့ (phenolics၊ tannins၊ flavonoids၊ alkaloids၊ terpenoids၊ saponins နဲ့ sterols)တို့ ပါဝင်နေတာကြောင့် အသည်းကို ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
    ဆေးဝါးတွေ၊ အယ်လ်ကိုဟောနဲ့ အခြားသော အရာတွေကြောင့် အသည်း ထိခိုက်တာတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    ဆီးချို ကာကွယ်ပေးနိုင်တယ်

    အမျိုးအစား – ၂ ဆီးချိုကလည်း တော်တော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီကျန်းမာရေးပြဿနာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် သက်သာစေဖို့ပဲဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဆီးချိုအပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    သွေးတိုး ကာကွယ်ပေးနိုင်တယ်

    သွေးတိုးတာကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတာတွေကို ခံစားရနိုင်ပါတယ်။

    သွေးတိုးသက်သာစေဖို့နဲ့ သွေးတိုးကာကွယ်ဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement