backup og meta

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား …. ဒါဆိုရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက

သခွား၊ ဗူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုးပေါ့။ ကျန်းမာရေးအာဟာရများသလို စားရတာလည်း အရသာ ရှိပါတယ်။ အဖြူရောင်ခပ်ရှည်ရှည်အသီးတစ်မျိုးပေါ့။ ဈေးဝယ်တိုင်း နှစ်ပိုင်းချိုးပြီး သယ်လာရတဲ့အသီးလေးပါ။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော်လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာအဆာသွတ်လို့ မေမေချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မျိုးပေါ့။

ဗုံလုံသီးက ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်နဲ့ မလေးရှားအပါအဝင် တောင်အာရှ နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး အာရှဒေသတွင်းနိုင်ငံအများစုမှာ ဟင်းလျာတစ်ခွက်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိကြပါတယ်။

ဗုံလုံသီး (ပဲလင်းမြွေသီး)မှာ ပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ

ဗုံလုံသီး (ပဲလင်းမြွေသီး)မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

  • ကယ်လ်လိုရီ
  • ရေဓာတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • ကိုလက်စထရော
  • ဆိုဒီယမ်
  • ပိုတက်ဆီယမ်
  • ဗီတာမင်  A
  • ဗီတာမင် B6
  • ဗီတာမင်C
  • ဗီတာမင် E
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • Phosphorus
  • ဇင့်
  • သံဓာတ်
  • Manganese
  • အိုင်အိုဒင်း တို့ ပါဝင်နေပါတယ်။

သွင်ပြင်ထူးခြားတဲ့ ဗုံလုံသီးလေးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

သူမတူတဲ့ အသွင်အပြင်နဲ့ အရသာ ရှိလှတဲ့ ဗုံလုံသီးကို စားသုံးပေးမယ် ဆိုရင်

  • ဆီးချိုကာကွယ်နိုင်တယ် – ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါ ရှိသူတွေ အတွက် အထူး သင့်တော်ပါတယ်။ ဆီးချိုရှိသူတွေ စားသုံးပေးလို့ ရသလို ဆီးချို ကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ ရပါတယ်။
  • အသားဝါ သက်သာစေနိုင်တယ် – ဗုံလုံသီးပင်ရဲ့ အရွက်ကို ဒန့်သလွန်ရွက်နဲ့ တွဲစားပေးမယ်ဆိုရင် bilirubin လို့ခေါ်တဲ့ (သွေးတွင်းအဝါဓာတ်) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်။
  • ကိုယ်အလေးချိန်ကျစေတယ်ကယ်လ်လိုရီ နဲ့ အဆီပါဝင်မှု နည်းပြီး ရေဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်မှာပါ။ ဝိတ်ချချင်သူတွေ စားပေးသင့်တဲ့ အရသာရှိတဲ့ ဟင်းလျာ တစ်မျိုးပါ။
  • ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသည်းရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။
  • နှလုံးကျန်းမာစေနိုင်တယ် –နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ကင်းစေဖို့အတွက်လည်း ဗုံလုံသီးကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ်က နာကျင်မှုတွေကြောင့် နှလုံးမှာ သက်ရောက်မှုရှိစေတာမျိုးကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
  • ဝမ်းမှန်စေနိုင်တယ် –အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာသန့်စင်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ နေ့စဉ်ဝမ်းမှန်စေဖို့ဆိုရင် မနက်ခင်းတိုင်းမှာ ဗုံလုံသီးကြိတ်ရည်ကို ၁ ဇွန်း ကနေ ၂ ဇွန်းထိသောက်ပေးလို့ရပါတယ်။
  • အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေတယ် – ကယ်လ်ဆီယမ်ပါဝင်မှုကြောင့် အရိုးနဲ့သွားတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။
  • ဗောက်ပျောက်စေတယ် – ဗုံလုံသီးကို အရည်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ နာရီဝက်၊ တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဗောက်ပြဿနာကင်းစေမှာပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။

ဗုံလုံသီးက အရသာရှိရင်ရုံတင်မဟုတ်ဘဲ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးနိုင်ပါသေးတယ်နော်။

ဗုံလုံသီးလေးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

အရသာရှိလှတဲ့ ဗုံလုံသီးကို စားသုံးပေးမယ်ဆိုရင်
  • ဆီးချိုကာကွယ်နိုင်တယ်
  • အသားဝါ သက်သာစေနိုင်တယ်
  • ကိုယ်အလေးချိန်ကျစေတယ်
  • ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • ဝမ်းမှန်စေနိုင်တယ်
  • အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေတယ်
  • ဗောက်ပျောက်စေတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Amazing Health Benefits Of Snake Gourd https://www.stylecraze.com/articles/health-benefits-of-snake-gourd/#gref Accessed Date 30 September 2019

7 Impressive Benefits Of Snake Gourd https://www.organicfacts.net/health-benefits/vegetable/snakegourd.html Accessed Date 30 September 2019

7 fabulous health benefits of snake gourd https://www.thehealthsite.com/news/7-fabulous-health-benefits-of-snake-gourd-kd0918-607194/ Accessed Date 30 September 2019

ယခုပုံစံ

18/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ