သူ့အတိုင်းပဲ ကြော်စားစား၊ လက်ဖက် နဲ့ပဲရော ကြော်ကြော်၊ ဂျူးဖူး၊ အသားတို့နဲ့ရော ကြော်ကြော်၊ ကင်ပြီးတော့ပဲ စားစား ခပ်စေးစေး နဲ့ ခါးသက်သက် အရသာရှိပြီး ဆေးဖက်ဝင် တယ်လို့ နာမည်ကြီးနေတဲ့ နှစ်တစ်ရာသီးက ဘယ်လိုများ ကျန်းမာရေး အတွက် ကောင်းလဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
နှစ်တစ်ရာသီးမှာ
ဗီတာမင် B အုပ်စုတွေ ဖြစ်ကြတဲ့
ခါးသက်သက် စေးပိုင်ပိုင် နှစ်တစ်ရာသီးက
နှစ်တစ်ရာသီး စားသုံးပေးတာက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်တယ်၊ လို့ ၂၀၀၈ ခုနှစ်က Food Research International အဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။
နှစ်တစ်ရာသီးက အဆီတွေကို ပျော်စေနိုင်ပြီး အသည်း အဆီဖုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ နှလုံး သွေးကြောကျဉ်းတာ အပါအဝင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ စားပေးသင့်ပါတယ်။
နှစ်တစ်ရာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ နှစ်တစ်ရာသီး မှာပါတဲ့ flavonoids နဲ့ terpenoids တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်က ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
နှစ်တစ်ရာသီးမှာ အခြား အစားအစာတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာ ပါဝင်နေတာကြောင့် ကင်ဆာကို အထိရောက်ဆုံး ကာကွယ်ပေး ပါတယ်။
ဦးနှောက်ထဲမှာ အဆီတွေ စုလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အပါအဝင် သိမြင်မှုစွမ်းရည်ကျဆင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နှစ်တစ်ရာသီးရဲ့ အဆီအနှစ်က သွေးတွင်းမှာ အဆီတွေ စုတာကို လျော့ပါးစေပါတယ်။
ဦးနှောက်ထဲမှာ အဆီတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးတာကြောင့် သိမြင်မှုစွမ်းရည် တဖြည်းဖြည်း ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဦးနှောက်တွင်း သွေးစီးဆင်းမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ norepinephrine ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးတက် ကောင်းမွန်စေနိုင်သလို မှတ်ဉာဏ် ကောင်းစေပါတယ်။ အသက်အရွယ်ကြောင့် မှတ်ဉာဏ် အားနည်းလာတာ ကိုလည်း ကာကွယ်ပေး ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။