အသည်းအဆီဖုံးတဲ့ပြဿနာရှိသူတိုင်း သိထားသင့်တဲ့ စားသောက်မှု ပုံစံ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် ရောဂါကို ကုသတာရယ် ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်ကို ဆင်ခြင်တာရယ်က နှစ်ခုလုံးက အရေးကြီးတဲ့ အရာတွေပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာတွေ ဆိုပိုဆိုးတာပေါ့။ အစားအသောက်တွေကလည်း အသည်းအဆီဖုံးတာကိုဖြစ်စေနိုင်တဲ့ အထဲမှာပါတာကိုး။ ဒီတော့ အသည်းအဆီဖုံးနေတဲ့သူတွေအတွက် စားသောက်မှု ပုံစံက အရေးကြီးလာပြီလေ။ ဒီဆောင်းပါးထဲမှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိသူတိုင်း သိထားသင့်တဲ့ ဘယ်အစားအစာတွေကို စားပေးရမလဲ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။

အရင် ဆုံးစားပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။

( ၁ ) ကော်ဖီ– ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်းတွေကို လျှော့ချပေးတယ်။

လေ့လာချက်တွေအရတော့ ကော်ဖီသောက်လေ့ရှိတဲ့ အသည်းအဆီဖုံးတဲ့သူအများစုဟာ မသောက်တဲ့သူတွေထက် အသည်းထိခိုက်မှုနည်းတယ်လို့ဆိုကြပါတယ်။ အကြောင်းက ကော်ဖီပါတဲ့ ကဖင်းဓါတ် ကြောင့် အသည်းကိုထိခိုက်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်းတွေ နည်းသွားတာကြောင့် ဖြစ်ရတာပါ။

( ၂ ) အစိမ်းရောင်ခြယ် အသီးအရွက်တွေ- အသည်းမှာ အဆီစုတာကို လျှော့ချပေးတယ်။

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ ကိုက်လန်စတဲ့ အစိမ်းရောင် အသီးအရွက်တွေဟာ အသည်းမှာ အဆီစုခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ကယ်လိုရီတွေလည်းနည်းတာကြောင့် ကိုယ်အလေးချိန် လျှော့ချပေးတဲ့ နေရာမှာလည်း ဆရာတွေပါပဲ။

( ၃ ) တို့ဟူး – အဆီတွေ စုတာကို လျှော့ချပေးတယ်။

တို့ဟူးကနေရတဲ့ ပဲပိစပ် ပရိုတင်းကြောင့် အသည်းမှာ အဆီစုတာ၊ အဆီဆဲလ်တွေဖွဲ့စည်းတာ လျှော့ပါးသွားပါတယ်။ ဒါ့အပြင် တို့ဟူးက အဆီနည်းပြီး ပရိုတင်းဓါတ် ကြွယ်ဝတဲ့ အစားအသောက်တစ်ခုပါ။

( ၄ ) ငါး – ရောင်ရမ်းခြင်းတွေနဲ့ အဆီ ပမာဏကို လျှော့ချပေးတယ်။

အဆီများတဲ့ ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ဆားဒင်းနဲ့ တူနာငါးတို့ဟာ ကောင်းတဲ့ အဆီဓါတ်ဖြစ်တဲ့ omega-3 fatty acids ကြွယ်ဝတာကြောင့် မကောင်းတဲ့ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့အပြင် ရောင်ရမ်းခြင်းတွေကိုပါ လျော့ကျနိုင်တဲ့ အာနိသင်ရှိပါတယ်။

( ၅ ) အုတ်ဂျုံ – အားအင်ကိုဖြစ်စေပါတယ်။

ဒါကတော့ အလေးချိန်လျှော့ချနေတဲ့သူတွေ အားထားရတဲ့ စားစရာတစ်ခုပါ။ အုတ်ဂျုံဟာ ကယ်လိုရီနည်းတဲ့အပြင် ကစီဓါတ်လည်း ကြွယ်ဝတဲ့ စားစရာတစ်ခုဖြစ်တာကြောင့် အားအင်ပြည့်ဝအောင် ကူညီပေးမယ့်အပြင် ကြွယ်ဝတဲ့အမျှင်ဓါတ် တွေကြောင့် အဆာလည်းခံစေမှာပါ။

( ၆ ) သစ်ကြားသီး – အသည်းလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတယ်။

သစ်ကြားသီးလိုမျိုး အစေ့အဆံတွေဟာ omega-3 fatty acids ကြွယ်ဝတဲ့အပြင် ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုအားကောင်းစေပါတယ်။

( ၇ ) ထောပတ်သီး – အသည်းကိုကာကွယ်ပေးပါတယ်။

ထောပတ်သီးတွေဟာ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့ အသီးဖြစ်တဲ့အပြင် ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် အသည်းထိခိုက်တာကို ကာကွယ်ပေးနိုင်မှာပါ။ နောက်ပြီး ပါဝင်တဲ့ အမျှင်ဓါတ်တွေတွေကလည်း အဆာခံစေလို့ ကိုယ်အလေးချိန်ကို ထိန်းထားပေးဦးမှာပါ။

( ၈ ) နို့နဲ့ အခြား အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ – အသည်းထိ ခိုက်ခြင်းကို ကာကွယ်ပေးတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ whey protein ဟာ အသည်းကို ကာကွယ်ပေးပြီး အသည်းထိခိုက်ခြင်းကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

( ၉ ) နေကြာစေ့ – ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်။

နေကြာစေ့ဟာ ဓါတ်တိုးဆန့်ကျင့်အာနိသင်ကြွယ်ဝတဲ့အပြင် ဗီတာမင် E လည်း ကြွယ်ဝစွာပါလို့ အသည်းထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစေ့အဆံတွေထဲက တစ်ခုပါ။

( ၁၀ ) သံလွင်ဆီ– ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

ဟင်းချက်တဲ့နေရာမှာ အခြား ပြည့်ဝဆီတွေအစား မပြည့်ဝဆီတစ်မျိုးဖြစ်တဲ့ သံလွင်ဆီကို အသုံးပြုမယ်ဆိုရင် ကိုယ်အလေးချိန်လည်း ထိန်းပြီးသားဖြစ်၊ အသည်းအင်ဇိုင်းတွေကိုလည်း ထိန်းပြီးသားဖြစ်တော့ အသည်းအဆီဖုံးတဲ့သူတွေရွေးချယ်သင့်တဲ့ အကောင်းဆုံး ဟင်းချက်ဆီပါ။

( ၁၁ ) ကြက်သွန်ဖြူ- ေသွးတွင်းအဆီဓါတ်ကို ထိန်းညှိပေးတယ်။

ကြက်သွန်ဖြူရဲ့ ကောင်းလွန်းလှတဲ့ အာနိသင့်တွေထဲမှာ ကိုယ်အလေးချိန်ထိန်းပေးတာနဲ့ သွေးတွင်း အဆီဓါတ်ကို လျှော့ချပေးခြင်းတွေလည်း အပါအဝင်ပါ။

( ၁၂) လက်ဖက်စိမ်းရည် – အဆီစုပ်ယူခြင်းကို လျော့ကျစေတယ်။

ကိုယ်စားလိုက်တဲ့ စားစရာတွေထဲမှာ ပါဝင်တဲ့ အဆီဓါတ်ကို လျှော့ချပေးနိုင်တာ လက်ဖက်စိမ်းလောက် ကောင်းတဲ့ အရာမရှိပါဘူး။ လေ့လာချက်တွေအရ လက်ဖက်စီမ်းရည် ( green tea )ဟာ အသည်းမှာ အဆီစုတာကို လျှော့ချပေးပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။ စားလိုက်တဲ့စားစရာတွေမှာ ပါတဲ့ အဆီကို စုပ်ယူခြင်းနည်းသွားစေလို့ သွေးတွင်း အဆီဓါတ်လျှော့ချပေးနိုင်တဲ့ လက်ဖကိစိမ်းရည်ပါ။

အသည်းအဆီဖုံးရောဂါရှိသူတွေ ရှောင်သင့်တာကတော့

  • အရက် – အရက်က အသည်းအဆီဖုံးခြင်းကိုဖြစ်စေတဲ့ ထိပ်ဆုံး အကြောင်းအရာဖြစ်တဲ့အပြင် ကောင်းကျိုးလည်း တစ်ခုမှ မရှိတာကြောင့် အရက်က ရှောင်သင့်တဲ့အထဲမှာ ထိပ်ဆုံးပါ။
  • သကြား – အချိုကဲတဲ့ စားစရာတွေဖြစ်တဲ့ သကြားလုံး၊ ကွတ်ကီး၊ ဆိုဒါများတဲ့ အချိုရည်တွေနဲ့ သကြားများများထည့်ထားတဲ့ အသီးဖျော်ရည်တတွေနဲ့ ဝေးဝေးနေပါ။ သွေးတွင်းသကြားဓါတ်များလေလေ အသည်းအဆီဖုံးနိုင်ခြေ များလေလေပါ။
  • ကယ်လိုရီနဲ့ ပြည့်ဝဆီတွေ များတဲ့ ဆီကြော်မုန့်တွေကလည် းရှောင်သင့်တဲ့ စားစရာတွေပါ။
  • အငန်ဓါတ်– အငန်များများစားလေ ကိုယ်တွင်းမှာ ရေများများစုလေဖြစ်တာကြောင့် အသည်းအဆီဖုံးတာကြောင့်ဖြစ်တဲ့ ဖောရောင်ခြင်းကို ပိုဆိုးစေပါတယ်။
  • ပေါင်မုန့်၊ ထမင်း၊ ပါစတာ – ပေါင်မုန့်ဖြူနဲ့ ထမင်းဖြူတို့ဟာ ကာဘိုဟိုက်ဒရိတ်များတဲ့အပြင် အမျှင်ဓါတ်ပါဝင်မှုလည်း နည်းတာကြောင့် သွေးတွင်းသကြားဓါတ်မြင့်စေပြီး အဆီစုစေတဲ့ အစားအစာတွေပါ။
  • အနီရောင်အသားတွေ – အမဲသားနဲ့ ဝက်သားစတဲ့ အနီရောင်အသားတွေမှာ ပြည့်ဝဆီ ပါဝင်မှု များတာကြောင့် အသည်းအဆီဖုံးတဲ့သူတွေ ထိပ်ဆုံးက ရှောင်သင့်တဲ့ အ စားအစာတွေပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာ အဖြစ်များတဲ့ကင်ဆာ ဆီးချိုရောဂါ အရက် ဆေးလိပ် အနီရောင်အသား အဝလွန် အူမကြီးအသားပို အူမကြီးရောင်ရမ်းတဲ့ရောဂါ ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
အူမကြီးကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 4 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 11, 2020 . 2 mins read