backup og meta

စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး

စပျစ်သီးလို့ဆိုလိုက်ရင် ခရမ်းရောင်လေးတွေကိုပဲ ပေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ စပျစ်သီးက ခရမ်းရောင်၊ အနီရောင် နဲ့ အစိမ်းရောင်ဆိုပြီး အမျိုးမျိုး ရှိတာပါ။ ဒီထဲကမှ စပျစ်သီး စိမ်းစိမ်းလေး ကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီး စိမ်းစိမ်းလေး က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးပါရစေ။

စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်း

စပျစ်သီး စိမ်းစိမ်း ဆိုတာ စပျစ်သီး တစ်မျိုးပါ။ ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မျောမျောလေးတွေလည်း ရှိပါတယ်။ အတွင်းသားကတော့ အဖြူပါ။ စားရတာ ချိုပါတယ်။

စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းလေး ကို စားသုံးပေးတာက

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

စပျစ်သီး စိမ်းစိမ်းလေး တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို စုပ်ယူပေးပြီး ကောင်းတဲ့ ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

စပျစ်သီး အစိမ်းရောင်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ နှလုံးသွေးကြောကျဉ်းတာ အပါအဝင် နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

အစိမ်းရာင် စပျစ်သီး အခွံမှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ပါဝင်သလို ဓာတ်တိုးဆန့်ကျင် အနိသင်တွေလည်း ပါဝင်နေတာကြောင့် ကင်ဆာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာအူမကြီးကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရိုး သန်မာစေတယ်

အစိမ်းရောင် စပျစ်သီးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊phosphorus၊ မဂ္ဂနိ့၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဝိတ်ကျစေတယ်

အစိမ်းရောင် စပျစ်သီးက အဆီ ပါဝင်မှု နည်းသလို၊ ကယ်လ်လိုရီ နဲ့ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။ အစိမ်းရောင် စပျစ်သီး စားသုံးတာက ကိုယ်တွင်းက အဆီတွေကို ကျစေပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပေးပါတယ်။

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စပျစ်သီး အစိမ်းရောင်မှာ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ မဂ္ဂနီဆီယမ် နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။

အသည်းကျန်းမာစေတယ်

အစိမ်းရောင် စပျစ်သီးက ညစ်ညမ်းမှုတွေကြောင့် အသည်း ထိခိုက်တာ၊ ဆေးဝါးတွေ။ အရက်၊ ကဖင်း စတာတွေကြောင့် အသည်းထိခိုက်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ အသည်းကျန်းမာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဒါတွေအပြင် အစိမ်းရောင် စပျစ်သီးက

  • အမြင်အာရုံ ကျန်းမာစေတယ်
  • ဦးနှောက် စွမ်းဆောင်ရည် ကောင်းစေတယ်
  • ဝမ်းမှန်စေတယ်
  • သွေးတိုးသက်သာစေတယ်
  • ဆီးချို ထိန်းညှိပေးတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • အရွယ်တင်နုပျိုစေတယ်
  • အရေပြား ကျန်းမာစေတယ်
  • အိပ်ပျော်စေတယ်။စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရပါသေးတယ်။

ဘာတွေ သတိထားရမလဲ

စပျစ်သီး စိမ်းစိမ်း က လူတိုင်း စားလို့ရသလို ကျန်းမာရေးကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

လူတိုင်း စားလို့ရပါတယ်။ ဆီးချိုရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

17 Amazing Health Benefits Of Eating Green Grapes https://www.soundhealthandlastingwealth.com/nutrition/benefits-of-eating-green-grapes/ Accessed Date 11 December 2020

Are Green Seedless Grapes Good for You? https://healthyeating.sfgate.com/green-seedless-grapes-good-1864.html Accessed Date 11 December 2020

ယခုပုံစံ

05/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ