စပျစ်သီး အစိမ်းရောင်မှာ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ မဂ္ဂနီဆီယမ် နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။
အစိမ်းရောင် စပျစ်သီးက ညစ်ညမ်းမှုတွေကြောင့် အသည်း ထိခိုက်တာ၊ ဆေးဝါးတွေ။ အရက်၊ ကဖင်း စတာတွေကြောင့် အသည်းထိခိုက်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ အသည်းကျန်းမာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
ဒါတွေအပြင် အစိမ်းရောင် စပျစ်သီးက
- အမြင်အာရုံ ကျန်းမာစေတယ်
- ဦးနှောက် စွမ်းဆောင်ရည် ကောင်းစေတယ်
- ဝမ်းမှန်စေတယ်
- သွေးတိုးသက်သာစေတယ်
- ဆီးချို ထိန်းညှိပေးတယ်
- ကိုယ်ခံအား ကောင်းစေတယ်
- အရွယ်တင်နုပျိုစေတယ်
- အရေပြား ကျန်းမာစေတယ်
- အိပ်ပျော်စေတယ်။စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရပါသေးတယ်။
ဘာတွေ သတိထားရမလဲ
စပျစ်သီး စိမ်းစိမ်း က လူတိုင်း စားလို့ရသလို ကျန်းမာရေးကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
လူတိုင်း စားလို့ရပါတယ်။ ဆီးချိုရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။