backup og meta

ဝက်သက်ဖြစ်နေတာလား ဒါတွေစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်သက်ဖြစ်နေတာလား ဒါတွေစားပေးပါ

    ခုတလောဝက်သက်ြဖစ်တဲ့သတင်းတွေကိုနေရာတိုင်းလိုလိုမှာကြားနေရတယ်နော်။ ကလေးတွေရော လူကြီးတွေမှာပါ ဝက်သက်တွေဖြစ်နေကြတာပါ။ ဝက်သက်ဖြစ်တာနဲ့အတူ ခံစားရတာက ကိုယ်ပူပြီး အဖျားကြီးတာပါ။ ခန္ဓါကိုယ်မှာ အနီရောင်အဖုအပိမ့်တွေထွက်တာပါ။ အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊ လည်ချောင်းနာတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။ ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ခြေထောက်တွေ၊လက်တွေမှာပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေကရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။

    ပြင်ပလေထုမှာ နာရီပေါင်းများစွာ ရှင်သန်နေနိုင်တဲ့ ပိုးမွှားတွေက နှာချေ၊ချောင်းဆိုးတာကနေတောင် ကူးစက်နိုင်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့ ဝက်သက်ကို ကာကွယ်တာကအကောင်းဆုံးဆိုပေမယ့် အခန့်မသင့်လို့ ကူးစက်ခံရပြီဆိုရင်တော့ ဒီအစားအစာလေးတွေက အထောက်အကူဖြစ်စေမှာပါ။

    ဝက်သက်ပေါက်နေပြီ ဘာတွေစားရမလဲ

    ဝက်သက်အရမ်းပြင်းထန်နေပြီဆိုရင် အကောင်းဆုံးကတော့ သစ်သီးလေးတွေစားသုံးပေးတာ။ သစ်သီးဖျော်ရည်လေးေတွသောက်သုံးပေးတာပါ။ အဖျားကြီးနေတာကို သက်သာစေဖို့ ရေဓါတ်ပြည့်ဝနေအောင်ထောက်ပံ့ပေးဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ဝက်သက်ဖြစ်နေရင် ကိုယ်ခံအားကောင်းစေဖို့ ဘာတွေစားပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြည့်ပြည့်စုံစုံပြောပြပေးပါရစေနော်။

    • ရေကို အနည်းဆုံး ၈ ခွက်သောက်ရပါမယ်။ လိမ္မော်ရည်၊ သံပရာရည်၊ အုန်းရည်တို့လိုမျိုးရေဓါတ်ဖြည့်ပေးနိုင်တဲ့ အရည်တွေကိုသောက်သုံးပေးရပါမယ်။ ဒါမှရေဓါတ်ပြည့်ဝပြီး ခန္ဓါကိုယ်အပူချိန်လျော့ကျစေမှာပါ။ အရွယ်ရောက်ပြီးသူတွေဆိုရင်တော့ရေနွေးကြမ်းသောက်ပေးလို့ရပါတယ်။
    • ဗီတာမင် Cပြည့်ဝတဲ့ လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရိုသီးနဲ့ သံပုရာသီးတို့လိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေက လည်း ကိုယ်ခံအားကိုကောင်းစေနိုင်တာကြောင့် ဝက်သက်ပေါက်နေချိန်မှာ စားသုံးပေးသင့်ပါတယ်။ အသီးအတိုင်းစားရတာ အဆင်မပြေဘူးဆိုရင်တော့ဖျော်ရည်လုပ်သောက်ပေးပါ။
    • ဗီတာမင် Aပြည့်ဝတဲ့ ဟင်းနုနွယ်နဲ့ အခြားသောအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။
    • ကြက်ဥ၊ဘဲဥ တို့ကလည်း အာဟာရပြည့်ဝတဲ့စားစရာတွေပါ။ အနှစ်မှာဆိုရင် ဗီတာမင် D ပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက် အထူးကောင်းပါတယ်။ အားပြည့်စေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

    ဒါ့အပြင် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့ပေါင်မုန့်၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်တို့လိုမျိုးအစာအစာတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။ကွေကာအုတ် နဲ့ အသားနူးနူးလေးပြုတ်ထားတာ၊ ငါးနူးနူးလေးပြုတ်ထားတာမျိုးကိုလည်း စားသုံးပေးလို့ရပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိခင်နို့တိုက်ပေးလို့ရပါတယ်။

    အိမ်တွင်းကုထုံးတွေအနေနဲ့ကတော့

    အုန်းရည်သောက်ပေးပါ

    အုန်းရည်မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့်ကိုယ်တွင်အဆိပ်အတောက်တွေဖယ်၇ျားပေးပြီး ဝက်သက်ရောဂါကိုမြန်မြန်သက်သာစေနိုင်ပါတယ်။ ဝက်သက်ဖြစ်နေချိန်မှာ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်အုန်းရည်သောက်ပေးပါ။

    နနွင်း

    ပိုးမွှားတွေကိုသေစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဝက်သက်အတွက်အတော်လေးထိရောက်တဲ့ဆေးဖက်ဝင်ဆေးတစ်မျိုးပေါ့။ နွားနို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်မွှေပြီးသောက်ပေးပါ။မြန်မြန်သက်သာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

    သံလွင်ရွက်
    ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပြီးမြန်မြန်သက်သာလာစေနိုင်ပါတယ်။
    ဗီတာမင် C၊ သတ္တုဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် ဝက်သက်အတွက်တော်တော်လေးထိရောက်တာပါ။ ဘာလီစေ့က ဇင့်ဓါတ်ကြွယ်ဝတာကြောင့် ဝက်သက်တွေကိုမြန်မြန်သက်သာစေနိုင်ပါတယ်။
    ဇီးဖြူသီးမှာ ဗီတာင်မင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ ဗိုင်းရပ်စ်တွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဝက်သက်အတွက်ထိရောက်တဲ့ အရာတစ်ခုပေါ့။
    တမာရွက်
    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရေပြားဓါတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။ တမာရွက်ကိုကြိတ်ပြီး ဝက်သက်ကြောင့်ဖြစ်တဲ့ အရေပြားအဖုအပိမ့်တွေပေါ်မှာ လူးပေးလို့ရပါတယ်။
    နွယ်ချို က ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပြီး ကြ်သက်တွေကို သက်သာစေနိုင်ပါတယ်။ရေနွေးခပ်နွေးနွေးထဲကို နွယ်ချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်ထည့်မွှေပြီးခပ်နွေးနွေးလေးမှာသောက်ပေးပါ။

    ဒါတွေမစားပါနဲ့

    • ဆီကြော်စာတွေ
    • သရေစာတွေ
    • ပြုပြင်ထားတဲ့ အစားအစာတွေ
    • အဆီများတဲ့ အစားအစာတွေ
    • ကဖင်းဓါတ်ပါတဲ့ အစားအစာတွေ
    • အချိုများတဲ့အစားအစာတွေ
    • အငန်ကဲတဲ့အစားအစာတွေကိုတော့ တတ်နိုင်သမျှရှောင်ရပါမယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement