အစားအစာတွေကို အဆီများတယ်ဆိုပြီးရှောင်စားနေတာတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဆုံးဖတ်ကြည့်လိုက်ပါနော်။ အချို့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများနေတတ်လို့ပါ။
အဆီများပေမယ့်ကျန်းမာရေးအတွက် အကျိုးများတဲ့ စားစရာတွေက ဘာတွေများလဲ……………….
ဒီအစားအစာကိုတွေကို အဆီပါဝင်မှုများလို့ကျန်းမာရေးနဲ့မညီညွတ်လောက်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ကျန်းမာချင်တယ်ဆိုရင် ဒီအစားအစာတွေကို စားပေးဖို့ လိုအပ်ပါမယ်နော်။
(၁) ထောပတ်သီး
ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ အဆီပါဝင်မှုများပါတယ်။ထောပတ်သီးမှာ အဆီပါဝင်မှုက ၇၇ ရာခိုင်နှုန်းအထိရှိပြီး အသားတွေမှာပါဝင်နေတဲ့ အဆီပမာဏထက်များနေပါတယ်။ ဒါပေမယ့်ထောပတ်သီးက ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။ အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။
(၂) ချိစ်
အနက်ရောင်ချောကလက်က အရသာရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာတစ်ခုပေါ့။ အဆီပါဝင်မှုကတော့ ၆၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အမျှင်ဓါတ်က ၁၁ ရာခိုင်နှုန်း ပါဝင်နေပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်၊ကော့ပါး နဲ့ မဂ္ဂနိစ်တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်ပြီး နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေး ပါတယ်။ တစ်ပတ်ကို အနက်ရောင် ချောကလက် ၅ ကြိမ်ထက်ပိုစားသုံးသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက်အထိလျှော့ချနိုင်ပါတယ်။ နှလုံးသွေးစီးဆင်းမှုကိုကောင်းစေနိုင်သလို နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမဖြစ်အောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
(၄) ဥအမျိုးမျိုး
တော်တော်များများက ဥအမျိုးမျိုးကို ကျန်းမာရေးနဲ့မညီညွတ်ကြဘူးလို့ ယူဆတတ်ကြပါတယ်။ ဥအမျိုးမျိုးမှာ အနှစ်က ကိုလက်စထရော နဲ့ အဆီများစွာပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့မညီညွတ်ဘူး၊လို့ ယူဆသူတွေရှိနေကြပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုလက်စထရော ၇၁ ရာခိုင်နှုန်းပါဝင်နေပြီး အဆီက ၆၂ ရာခိုင်နှုန်းအထိပါဝင်နေပါတယ်။
တွေ့ရှိချက်အရကတော့ ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောကသွေးတွင်းကိုလက်စထရောအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။နောက်တစ်ခုက ဥအမျိုးမျိုးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာပါ။ ဥအမျိုးမျိုးမှာ အမြင်အာရုံကိုကောင်းမွန်စေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။
နောက်တစ်ခုက ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ ကိုလင်းဓါတ်ပါဝင်နေတာပါ။ ပရိုတင်းကြွယ်ဝစွာပါဝင်နေတာကြောင့် ဝိတ်ချနေသူတွေအတွက်တောင် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ omega-3 လည်းကြွယ်ဝတာကြောင့် ကြက်ဥ၊ဘဲဥတွေကိုစားတဲ့အခါ အနှစ်ရော အကာကိုပါစားပေးပါနော်။
အခုပြောခဲ့တဲ့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများတာကြောင့် ထိုက်သင့်သလောက်တော့ စားသုံးကြပါလို့ Hello ဆရာဝန်ပရိသတ်ကြီးကို တိုက်တွန်းပါရစေလား……………..
[embed-health-tool-bmr]