backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေဖို့

ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်ကြီးအတွက် ခန္ဓါကိုယ်ကျန်းမာဖို့ အရေးပါတဲ့ သိုင်းရွိုက်ဂလင်းလေးအကြောင်းပြောပြပေးချင်ပါတယ်နော်။

သိုင်းရွိုက် ဂလင်းဆိုတာ

သိုင်းရွိုက်ဂလင်းဆိုတာက အရေးပါတဲ့ဟော်မုန်းဂလင်းတစ်ခုပါ။ လည်ပင်းရဲ့ အရှေ့ပိုင်း အသံအိုးအောက်ဘက်မှာရှိပြီး လိပ်ပြာပုံစံရှိတဲ့ ဂလင်းတစ်ခုပါ။ ဒီသိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများကောင်းကောင်းလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးနေတာပါ။ သိုင်းရွိုက်ဂလင်းကျန်းမာမှလည်း ခန္ဓါကိုယ်က ကျန်းမာမှာပါ။ ဒီဂလင်းကျန်းမာဖို့အတွက် အစားအသောက်တွေကနေတဆင့် ထိန်းညှိလို့ရပါတယ်။

သိုင်းရွိုက်ဂလင်းက ဘယ်လိုဟော်မုန်းတွေကို ထုတ်ပေးသလဲ

သိုင်းဂွိုက်ဂလင်းကဟော်မုန်းအမျိုးအစား ၂ မျိုးကိုထုတ်ပေးနေပါတယ်။

  • T3 လို့ခေါ်တဲ့Triiodothyronineဟော်မုန်းနဲ့
  • T4 လို့ခေါ်တဲ့Tetra iodothyronineဟော်မုန်းတို့ဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်းနဲ့ပတ်သက်လို့ခံစားရနိုင်တဲ့ အခြေအနေ နှစ်ရပ်

Hyperthyroidism ( သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်ခြင်း)

Hypothyroidism (သိုင်းရွိုက်ဟော်မုန်း လုံလောက်အောင်မထုတ်ခြင်း)

သိုင်းရွိုက်ဂလင်းကျန်းမာအောင် စားပေးသင့်တာတွေက

ဥအမျိုးမျိုး – ကြက်ဥအနှစ်မှာ အိုင်အိုဒင်းနဲ့ ဆီလီနီယမ်တို့ပါဝင်နေပြီး အကာမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။

အနီရောင် အသားမျာ – အသားတွေမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။

ငါး – ပင်လယ်ငါးတွေမှာ အိုင်အိုဒင်းနဲ့ အကျိုးပြုအဆီတွေပါဝင်နေတာကြောင့် သိုင်းရွိုက်ကျန်းမာဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – မဂ္ဂနီဆီယမ်နဲ့ သိုင်းရွိုက်ဂလင်း ကျန်းမာဖို့အတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်နေတဲ့ အစားအစာအရင်းအမြစ်တွေပါ။ ပုံမှန်စားသုံးပေးသင့်ပါတယ်။

သစ်သီးတွေ – ဘယ်ရီသီးတွေ၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီးတွေမှာ သိုင်းရွိုက်အတွက် လိုအပ်တဲ့ ဓါတ်တွေပါဝင်နေပါတယ်။

အစေ့အဆန်တွေ – ဖရုံစေ့လိုမျိုး အစေ့အဆန်တွေမှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းကျန်းမာဖို့ စားပေးသင့်ပါတယ်။

အခွံမာသီးတွေ – သစ်ကြားသီး၊ သီဟိုဠ်သီးတို့လိုမျိုးအခွံမာသီးတွေမှာ သံဓါတ်ကြွယ်ဝစွာပါဝင်နေပြီး သိုင်းရွိုက်ဂလင်းကျန်းမာဖို့ စားပေးသင့်ပါတယ်။

နို့ထွက်ပစ္စည်းတွေ – နွားနို့၊ ချိစ်၊ ဒိန်ချဉ်တို့ကလည်း သိုင်းရွိုက်ဂလင်းကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

သောက်စရာတွေရေနဲ့အခြားသော ကဖင်းမပါတဲ့သောက်စရာတွေကလည်း သိုင်းရွိုက်ဂလင်းကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

ဆား – သိုင်းရွိုက်ကျန်းမာဖို့ အိုင်အိုဒင်းကမဖြစ်မနေလိုအပ်တာပါ။ ဒါကြောင့် အိုင်အိုဒင်းပါတဲ့ ဆားကို စားသုံးပေးဖို့ မမေ့ပါနဲ့။

အခုပြောခဲ့တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးပြီး သိုင်းရွိုက်ဂလင်းမကျန်းမာတာကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်လိုက်ပါနော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement