backup og meta

သင့်အသားအရေက သင့်ထက် အသက်ကြီးနေပြီလား ။ ဒီလို ကာကွယ်လိုက်ပါ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသားအရေက သင့်ထက် အသက်ကြီးနေပြီလား ။ ဒီလို ကာကွယ်လိုက်ပါ ။  ။

    အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ကို ဘယ်လိုကာကွယ်မလဲ ။ ။

    မှန်ထဲကြည့်လိုက်တာနဲ့ ကိုယ်က လက်ရှိအရွယ်ထက် ရင့်နေတာမျိုး ဖြစ်ဖူးပါသလား။ ရုပ်ချောတာ၊ ရုပ်ဆိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာပေါ်က အသားအရေလေး စိုပြေနေလား၊ ခြောက်သွေ့နေလား၊ ချောမွတ်နေလား၊ အရေးအကြောင်းများနေလား ဆိုတာကို ပြောတာဖြစ်ပါတယ်။

    ရွယ်တူ သူငယ်ချင်းတွေကြားထဲမှာလည်း ကိုယ်က ပိုရင့်နေတယ်၊ အရေးအကြောင်းတွေလည်းများနေမယ်၊ အသားအရေကလည်း ခြောက်သွေ့ပြီး မစိုပြေတော့ဘူးဆိုရင် အရွယ်မတိုင်ခင် ရင့်ရောက်နေပါပြီ။ ကိုယ့်အသက်ကတော့ ၃၀ ဝန်းကျင် ကိုယ့်ရုပ်ကျတော့ ၅၀ ပါးနီးလောက်ရှိနေတဲ့ အသွင်အပြင်မျိုးဆိုလို့ကတော့ သင်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။ ။

    ဘယ်အချက်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်စေတာလဲ ။ ။

  • ညဘက် မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်တာ
  • နေလောင်ကာ လိမ်းဆေးမလိမ်းဘဲ အပြင်သွားတာ
  • အပြင်းစားတဲ့ မျက်နှာသစ်ဆေးတွေ သုံးတာ
  • အသင့်စားသရေစာတွေ အစားများတာ
  • စိတ်ဖိစီးမှုများတာ
  • အိပ်ချိန် မမှန်တာတို့ကြောင့် ရှိရင်းစွဲ အသက်ထက် သင့်မျက်နှာ ရင့်နေတတ်ပါတယ်။
  • ကိုယ့်အသားအရေက ပျက်စီး ရင့်ရော်နေပြီဆိုတာ ဘယ်လိုသိနိုင်သလဲ ။ ။

    အားလုံးသိတဲ့ အတိုင်းပါပဲ ။ မျက်နှာမှာ အရေးအကြောင်းတွေများနေမယ်၊ အသားအရေကခြောက်နေမယ်၊ အရင်လိုလည်း မစိုပြေတော့ဘူး။ ညစ်နွမ်းနွမ်းကြီး ဖြစ်နေမယ်ဆိုရင် သေချာပါတယ်။ သင့်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။

    ဘယ်လိုကာကွယ်ကြမလဲ ။ ။

    အသက်ကြီးလာလေလေ နုချင်လေလေဖြစ်တာ လူတိုင်းပါ။ ငယ်ငယ်တည်းက အသားအရေ ဂရုမစိုက်ခဲ့ဘဲနဲ့တော့ အသက်ကြီးလာရင် ရွယ်တူတွေထက် နုနေဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို တစ်ချိန်ကိုယ် အသက်ကြီးလာတဲ့အခါ “ မထင်ရဘူးနော် နုလိုက်တာ” ဆိုတဲ့ စကားလေးတွေကြားချင်ရင်တော့ ဒီလိုလေးတွေ ဂရုစိုက်ပေးနော်။ ။

    • အပြင်သွားတိုင်း နေလောင်ကာလိမ်းဆေးလိမ်းပါ ။ ။ နေလောင်ကာလိမ်းဆေးတွေက သင့်အသားအရေကို ဖျက်စီးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေပူထဲသွားတော့မယ်ဆိုရင် အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ကာ လိမ်းဆေးလိမ်းပါ။ ပြီးရင် နေကာမျက်မှန်၊ ဦးထုပ်၊ ထီးဆောင်သွားပါ။ လက်ရှည် အကျီဝတ်ပြီးမှ အပြင်ထွက်ပါ။
    • ဆေးလိပ်ဖြတ်ပါ။ ။ ဆေးလိပ်သောက် အရက်သောက်နေလို့ကတော့ နုပျိုတဲ့အသားအရေဆိုတာ သင်နဲ့ အဝေးဆုံးမှာ ရှိနေတဲ့ အရာတစ်ခု ဖြစ်မှာပါ။
    • မျက်နှာက ကြွက်သားတွေကို သိပ်အားမသုံးပါနဲ့ ။ ။ ရယ်လွန်းသူ အသက်ရှည်စိတ်ချမ်းသာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သင်တစ်ချက်ရယ်ဖို့ သင့်မျက်နှာက ကြွက်သားပေါင်းများစွာ အလုပ်လုပ်ရတယ်ဆိုတာ သင်သိပါသလား။ ရယ်လွန်းတာများတဲ့သူတွေ၊ နှာဖူးတွန့်၊ မျက်မှောင်ကျုံ့တာများတဲ့သူတွေရဲ့ အသားအရေက အရေးအကြောင်းပိုထွက်လွယ်ပါတယ်။ ဒါကြောင့် ရယ်ပါ။ ထိန်းရယ်ပါ။
    • အသီးအနှံများများစားပါ ။ ။ အသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့အတွက် သင့်အသားအရေ ကို ဒုက္ခပေးမယ့် ဓာတုပစ္စည်းတွေကို သူတို့က ဆန့်ကျင်ပေးနိုင်ပါတယ်။
    • အချိုလျှော့စားပါ ။ ။ သကြားဟာ သင့်နုပျိုမှုကို အခြိမ်းခြောက်နိုင်ဆုံး အရာတစ်ခုပါ။
    • ရေများများသောက်ပါ ။ ။ ရေဓာတ်ပြည့်ဝမှ အသားအရေ စိုပြေမှာပါ ။
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ ။ ။ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် ကိုယ်တွင်းက အပူအပုပ်တွေ ချွေးနဲ့အတူထွက်လာပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေလို့ သင့်ရုပ်ရည်လေး နုပျိုနေတော့မှာပါ။
    • အစိုဓာတ်ထိန်း ခရင်မ်တွေလိမ်းပါ ။ ။ ရေဓာတ်ပြည့်ဝမှ အသားအရေက ကျုံ့နိုင်ဆန့်နိုင်အားကောင်းမှာ ဖြစ်တဲ့အတွက် အသက်အရွယ်အရ ဖြစ်ချင်တဲ့ အရေးအကြောင်းတွေ အကုန် နောက်ဆုတ်ကုန်မှာပါ။

    ဒါတွေကို ငယ်ငယ်တည်းကသာ လုပ်လာမယ်ဆိုရင် ကြီးလာတဲ့အခါ သင့်အသားအရေ နုပျိုနေတော့မှာ အသေအချာပါ။ ဒါပေမယ့် ခုချိန်မှာ နည်းနည်းရင့်နေတဲ့ သူတွေလည်း စိတ်မညစ်ပါနဲ့။ အပေါ်မှာပြောထားတဲ့ နည်းတွေသာ လိုက်နာမယ်ဆိုရင် သင်လည်း ပြန်လည် နုပျိုနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်လို့ ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement