အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့် မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ သွေးတွင်းအောက်ဆီဂျင်က ထိုးကျသွားတယ်ဆိုတဲ့ စကား အခုတလော တော်တော်လေး ကြားရတယ်နော်။
သွေးတွင်းအောက်ဆီဂျင် ကျတာက အကြောင်းမဲ့ ရုတ်တရက် ဖြစ်တာမျိုး မဟုတ်ပါဘူး။ သွေးတွင်းအောက်ဆီဂျင် ကျနေပြီဆိုတာကို သိသာတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။
သွေးတွင်းအောက်ဆီဂျင် ဘာကြောင့် ကျရတာလဲ………
- လေထဲမှာ အောက်ဆီဂျင် လုံလောက်မှု မရှိတာ
- အဆုတ်က လေတွေကို ရှူသွင်းတာ၊ ဆဲလ်နဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် ပေးပို့တာကို မလုပ်ဆောင်နိုင်တာ
- သွေးကြောတွေက အောက်ဆီဂျင်ကို ရယူဖို့နဲ့ ဖြန့်ဖြူးပေးဖို့အတွက် မလုပ်ဆောင်နိုင်တာ
- ပန်းနာရင်ကျပ် ရှိတာ
- နှလုံးရောဂါ ရှိတာ
- အမြင့်ရောက်နေတာ
- သွေးအားနည်းရောဂါ ရှိတာ
- နာတာရှည် လေပြွန်ကျဉ်း ရောဂါ
- အဆုတ်ရောဂါ
- ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါ
- အဆုတ်သွေးကြောမှာ သွေးခဲပိတ်ဆို့တာ
- အဆုတ်ရေဝင်တာ
- COVID-19 စတာတွေကြောင့် သွေးတွင်း အောက်ဆီဂျင် ကျဆင်းနိုင်ပါတယ်။
သွေးတွင်း အောက်ဆီဂျင် ကျတဲ့အခါ ဘယ်လို လက္ခဏာတွေ ရှိလဲ။
သွေးတွင်းအောက်ဆီဂျင် ကျသွားတဲ့အခါ ပုံမှန်မဟုတ်တဲ့ သွေးလည်ပတ်မှုတွေ ဖြစ်ပြီး အခုလို လက္ခဏာတွေ ခံစား ရနိုင်ပါတယ်။
- အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
- ခေါင်းကိုက်တာ
- ဂနာမငြိမ်ဖြစ်တာ
- မူးဝေတာ
- အသက်ရှူ မြန်လာတာ
- ရင်ဘတ် အောင့်တာ
- အာရုံ ရှုပ်ထွေးတာ
- သွေးပေါင်တက်တာ
- ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်းကျတာ (စကားတွေပလုံးပထွေးပြောတာ၊ လှုပ်ရှားမှု မူမှန်တာ)
- အမြင်အာရုံ ဝေဝါးတာ
- အရမ်း စိတ်လှုပ်ရှားနေတာ
- အသာရောင် ပြာနှမ်းတာ
- အသက်ရှူရခက်လာတာ
- နှုတ်ခမ်းတွေ ပြာနှမ်းလာတာ
- နှလုံးခုန်မြန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒီလို အခြေအနေဖြစ်နေရင် ကုသမှု အမြန်ဆုံး ခံယူပါ။
အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရသလို အခုလို အခြေအနေတွေ ဖြစ်လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူပါ။
- ပြင်းထန်တဲ့ အသက်ရှူ ပြတ်တောင်း ပြတ်တောင်းဖြစ်တာကို ရုတ်တရက် ခံစားရမယ်ဆိုရင်
- အနားယူနေစဉ်မှာ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်လာရင်
- အနားယူနေပေမယ့် အသက်ရှူ မဝသလို ခံစားလာရရင်
- လေ့ကျင့်ခန်း လုပ်နေစဉ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်နေစဉ် အသက်ရှူ ရခက်လာရင်
- အသက်ရှူ ရကျပ်လို့ ရုတ်တရက် လန့်နိုးလာမယ်ဆိုရင်
- နင်နေသလို ခံစားရရင်
- ချောင်းဆိုးရင်း အသက်ရှူ ကျပ်လာရင်
- နှလုံးမြန်ရင်း အသက်ရှူ ကျပ်နေတာဆိုရင်
- ဖောရောင်မှုနဲ့အတူ အသက်ရှူရခက်လာရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
[covid_19]
[embed-health-tool-bmi]