ရာသီဥတုက နွေရာသီမို့ ပူကလည်းပူ၊ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ရောဂါကြီး ပြန့်နှံ့နေတာမို့ ခုချိန်ကတော့ လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ကြပဲ အိမ်တွင်း အောင်းနေကြတဲ့ ကာလမျိုးပေါ့။ ဒီလိုကာလမျိုးမှာ ရောဂါကူးစက်ခံရမှာကို လူတိုင်းနီးပါး စိုးရိမ်ပူပန်လာကြပါတယ်။