backup og meta

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ဘဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။

ဒီတော့ အသီးအရွက်တွေကို သန့်စင်အောင် ရေအထပ်ထပ်ဆေးပါတယ်။ ဒီလိုကျတော့လည်း အာဟာရတွေ ပျက်သွားမှာ စိုးတယ်။ ဘာလုပ်လို့ လုပ်ရမယ် မိသဘူး ဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောရမလဲဆိုတာကို ပြောပြပေးပါရစေ။

အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ စင်ကြယ်စေဖို့

အသီးအရွက်တွေကို ဝယ်လာပြီဆိုတာနဲ့ ပိုးသေအောင် စင်ကြယ်အောင်ဆိုပြီး ရေအထပ်ထပ်ဆေးတာ ရှိသလို ဆပ်ပြာရည် သုံးပြီး ဆေး​ကြောတာတွေလည်း ရှိပါတယ်။

တကယ်ကတော့ ဒီနည်းလမ်းတွေက အသီးအရွက်တွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေနိုင်ပြီး စားလိုက်ရင် အရသာမရှိတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီတော့ ပင်ကိုယ် အာဟာရနဲ့ အရသာလည်း မပျက်စီးဘဲ ပိုးမွှားတွေ စင်ကြယ်သန့်စင်စေဖို့ဆိုရင် ဘေးမဖြစ်စေဘဲ ဆေးကြောလို့ရတဲ့ နည်းလေးရှိပါတယ်။ ဒါကတော့ ဆားနဲ့ ဆေးကြောတာပါ။

အရင်ဆုံး ဇလုံ အဝကျယ်ကျယ်ထဲမှာ သန့်စင်တဲ့ရေကို ထည့်ပါ။ ပြီးရင် ဆားကိုထည့်ပါ။ ဆားတွေ ကြေသွားအောင် မွှေပါ။ ပြီးရင် ဆားရည်ထဲကို ဆေးကြောမယ့် အသီးအရွက်တွေကိုထည့်ပါ။ ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ​

ပြီးရင် သေချာလေး ဆေးကြောပေးလိုက်ရုံပါ။ အာဟာရ တန်ဖိုး မလျော့သလို လတ်ဆတ်မှုလည်း ပျက်မသွားပါဘူး။

ဆားရည်နဲ့ ဆေးကြောခြင်း နဲ့ ကျန်းမာရေး

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။ ဒီလိုပြောရတာက အသီးအရွက်တွေ သစ်သီးတွေကို ဆားရည်နဲ့  ဆေးကြောတဲ့အခါ

  • အပင်တွေကို ပိုးမွှားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုပြီး ဖြန်းထားတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ဒီပိုးသတ်ဆေးတွေက အစားအစာတွေကနေ ကိုယ်တွင်းကို ရောက်သွားတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီပိုးသတ်ဆေးတွေက သာမန်ရေနဲ့ ဆေးကြောရုံနဲ့ သန့်စင်ဖို့ ခက်ပါမယ်။ ဒီတော့ ဆားရည်နဲ့ ဆေးကြောလိုက်ပါ။
  • ဆားရည်ကို မမြင်ရတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားတွေ၊ ဘက်တီးရီးယားတွေနဲ့ သေးငယ်တဲ့ အမှုန်လေးတွေကို သန့်စင်ချင်တယ်ဆိုရင်တေ့ ဆားရည်က အသင့်တော်ဆုံးပါ။ ခုတလော ဖြစ်ပွားနေတဲ့ ကိုဗစ်ရန်ကနေ ကာကွယ်ဖို့ဆိုရင်လည်း အသီးအရွက်တွေကို ဆားရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။
  • သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေထဲမှာပါတဲ့ ပိုးကောင်လေးတွေကို ဖယ်ရှားဖို့လည်း ဆားရည်က အသုံးဝင်ပါတယ်။ ဆားရည်ထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်လောက် စိမ်ထားရုံနဲ့ အသီးတွေ၊ အရွက်တွေမှာ ကပ်နေတဲ့ ပိုးကောင်လေးတွေက သူ့အလိုလို ထွက်လာပြီး ပိုးကောင်ကင်းတဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်မှာပါ။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။ လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်နော်။ ရောဂါပိုးကင်းပြီး သန့်စင်တဲ့ အသီးအရါက်တွေကို စားသုံးချင်သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်း တစ်ရပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pesticides on fruits and vegetables https://medlineplus.gov/ency/article/001987.htm Accessed Date 29 September 2020

Foodborne Illness https://medlineplus.gov/foodborneillness.html Accessed Date 29 September 2020

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement