အဓိပ္ပါယ်ဖွင့်ဆိုချက်
White Coat Syndrome ဆိုတာ
ထွက်မှာ သေချာပြီလား။
White Coat Syndrome ဆိုတာ
လူအချို့က သူတို့အိမ်မှာနေနေစဉ်မှာသွေးပေါင်ချိန်ကပုံမှန်ဖြစ်နေပြီး ဆရာဝန်နဲ့တွေ့တဲ့အချိန်မှာသွေးပေါင်ချိန်က နည်းနည်းလေးမြင့်နေတတ်ပါတယ်။ ဒီလိုမျိုး အခြေအနေကိုwhite coat syndrome (သို့မဟုတ်) the white coat effect လို့ခေါ်ပါတယ်။ ဆရာဝန်တွေ သူနာပြုဝန်ထမ်းတွေက ဝတ်ဆင်ရတဲ့ဂျူတီကုတ်အဖြူရောင်ကို အစွဲပြုပြီး အခုလိုမျိုးခေါ်ဆိုတာပဲဖြစ်ပါတယ်။
ပုံမှန်သွေးပေါင်ချိန်က ၁၂၀/၈၀ mm Hg ရှိမှာဖြစ်ပြီး ဒီထက်နည်းနည်းလေးကျော်နေခဲ့ရင်တော့သွေးတိုးနေတယ်လို့ဆိုရမှာပါ။white coat syndrome က ဆရာဝန်တွေ၊ သူနာပြုတွေကိုတွေ့လိုက်တဲ့အချိန်မှာ ပုံမှန်ထက်သွေးပေါင်ချိန်တက်လာစေပါတယ်။ အချို့မှာ အရမ်းမပြင်းထန်ပေမယ့် အချို့မှာတော့white coat syndrome ကပြင်းထန်နိုင်ပါတယ်။
White-coat hypertension ကဆေးရုံဆေးခန်းလိုမျိုးနေရာဝန်းကျင်ကိုရောက်သွားတဲ့အခါသွေးပေါင်ချိန်တက်လာတာပါ။ ဆရာဝန်နဲ့တွေ့လိုက်တဲ့အခါမှာသွေးပေါင်ချိန်တက်လာပြီးနေအိမ်မှာတိုင်းတာကြည့်တဲ့ အခါသွေးပေါင်ချိန်မတက်တဲ့ အနေအထားမျိုးပါ။
White Coat Syndrome ရဲ့ လက္ခဏာတွေက ဘာတွေလဲ
အတွေ့ရအများဆုံး လက္ခဏာကဆေးရုံဆေးခန်းတွေသွားတဲ့အချိန် နဲ့ ဆရာဝန်နဲ့တွေ့တဲ့ အချိန်မှာသွေးပေါင်ချိန်တိုင်းလိုက်တိုင်းသွေးပေါင်က ရှိသင့်တဲ့ပမာဏထက်များနေတာပါ။
White Coat Syndrome ကိုဖြစ်စေတဲ့အကြောင်းအရင်းတွေက
ဆရာဝန်နဲ့တွေ့တဲ့အချိန်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်ခံစားရတဲ့ စိတ်ဖိစီးမှုချင်းက မတူနိုင်ပါဘူး။ ဆရာဝန်နဲ့တွေ့တဲ့အခါ လူတိုင်း စိတ်ဖိစီးတတ်တာမဟုတ်ပါဘူး။ အချို့ကတော့တော်တော်လေး စိတ်ဖိစီးတတ်ကြပါတယ်။ စိတ်ဖိစိးမှုပိုများတဲ့သူတွေမှာ သွေးပေါင်ချိန်ကပိုတက်နိုင်ပါတယ်။
White coat hypertension ကသွေးပေါင်ချိန်ကို ခဏတာပဲမြင့်တက်စေနိုင်တာဖြစ်ပါတယ်။ ဆရာဝန်အချို့ကတော့white coat hypertension ကိုသွေးတိုးရောဂါရဲ့ အကြိုလက္ခဏာရယ်လို့သတ်မှတ်ထားပါတယ်။
white coat syndrome ခံစားရရင်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဝေဒနာတွေက
လေ့လာမှုတွေအရwhite coat syndrome ခံစားနေရသူတွေမှာ
အခြားလေ့လာမှုတစ်ခုအရ white coat syndrome ခံစားနေရသူတွေမှာ နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေက ပုံမှန်ထက်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
White Coat Syndromeဖြစ်နိုင်ခြေကိုမြင့်တက်စေတဲ့ အကြောင်းအရင်းတွေ
ပုံမှန်ခံစားနေရတဲ့သွေးတိုးရောဂါကိုမြင့်တက်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ အသက်အရွယ်၊ အဝလွန်တာ၊ဆေးလိပ်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ စိတ်ဖိစီးမှုများတာ၊ အရက်အလွန်အကျွံသောက်တာ၊စားသောက်မှုပုံစံမမှန်တာတွေပါ။ ဆီးချိုနဲ့ကျောက်ကပ်ဝေဒနာလိုမျိုး နာတာရှည်ဝေဒနာခံစားနေရသူတွေမှာလည်းသွေးတိုးရောဂါခံစားရနိုင်ခြေပိုများနေပါတယ်။
ဆေးခန်းတွေ၊ဆေးရုံတွေသွားရတာကို မနှစ်သက်တဲ့သူတွေနဲ့ ဆရာဝန်နဲ့တွေ့ရမှာကိုကြောက်တတ်တဲ့သူတွေမှာWhite Coat Syndromeဖြစ်နိုင်ခြေပိုများပါတယ်။
White Coat Syndrome ခံစားနေရတယ်လို့ ဘယ်လိုအတည်ပြုလဲ
ရောဂါအတည်ပြုခြင်း
white-coat hypertension ခံစားနေရသူတွေကို တိကျသေချာတဲ့ အတည်ပြုမှုရရှိနိုင်စေဖို့အတွက်သေသေချာချာ စောင့်ကြည့်ဖို့လိုပါမယ်။ မှားယွင်းအတည်ပြုမိတာမျိုး မဖြစ်အောင်သေချာစောင့်ကြည့်ဖို့လိုတာဖြစ်ပါတယ်။
လူနာရဲ့သွေးပေါင်ချိန်ကိုဆေးခန်းထဲမှာတိုင်းတာဖို့လိုသလိုဆေးခန်းမဟုတ်တဲ့ အခြားနေရာနဲ့နေအိမ်မှာ တိုင်းတာကြည့်ဖို့လည်းလိုပါမယ်။သွေးပေါင်ချိန်တွေအားလုံးကိုနှိုင်းယှဉ်လေ့လာပြီးသေချာအဖြေထုတ်ဖို့လိုအပ်ပါမယ်။
ဘယ်လိုကုသမလဲ
သွေးတိုးရောဂါဆိုရင်တော့နေထိုင်မှုပုံစံပြောင်းလဲပြီးဆေးသောက်တာတွေလုပ်ပြီး ကုသလို့ရပါတယ်။
တကယ်လို့ လူနာကwhite-coat hypertensionဖြစ်နေတာဆိုရင်တော့ဆေးသောက်ဖို့မလိုပါဘူး။white-coat hypertension ရှိသူတွေမှာ သတိထားရမှာတစ်ခုကရေရှည်မှာသွေတိုးဝင်လာနိုင်တာပါ။white-coat hypertensionဖြစ်နေသူတွေကိုသေချာစစ်ဆေးစောင့်ကြည့်ဖို့လိုမှာပါ။ လူနာအနေနဲ့လည်း ဆရာဝန်ကို ဘယ်လိုအခြေအနေမျိုးမှာသွေးပေါင်ချိန်တက်လာတတ်တာလဲဆိုတာကိုသေသေချာချာပြောပြဖို့လိုပါမယ်
white-coat hypertension ကို ဘယ်လိုသက်သာအောင်လုပ်မလဲ
အရင်ဆုံးလုပ်ရမှာက လူနာအနေနဲ့white-coat hypertension ခံစားနေရတာသေချာလားဆိုတာပါ။သေချာပြီဆိုရင်တော့ –
စိတ်ထဲမှာ ပူပန်နေတဲ့အကြောင်းအရင်းကဘာလဲဆိုတာကိုသေချာအောင်လုပ်ပါ
စိတ်ဖိစီးနေမယ်၊ စိတ်ပူပန်နေမယ်ဆိုရင်သွေးပေါင်ချိန်ကတက်လာနိုင်ပါတယ်။နောက်တစ်ခုက ကိုယ်တိုင်က စိတ်ပူနေတဲ့အကြောင်းအရာကို သိဖို့ပါ။ စိတ်ပူနေတဲ့အကြောင်းအရာကို သိမှ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။
အနားယူပါ
ဆေးရုံတွေဆေးခန်းတွေကိုရောက်ရောက်ချင်းမှာသွေးပေါင်ချိန်တိုင်းတဲ့အခါ စိတ်ပူနေမယ်၊ စိတ်ဖိစီးနေမယ်ဆိုရင်သွေးပေါင်ချိန်က ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။ ဒါကြောင့်ဆေးခန်းကိုရောက်ပြီး ခဏနားပြီးမှာသွေးပေါင်ချိန်တိုင်းပါ။
စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ
ကိုယ်တိုင် စိတ်ဖိစီးမှုတွေကိုဖြေလျော့နိုင်ဖို့ နည်းလမ်းရှာထားပါ။ ဥပမာ – အသက်ကိုခပ်ပြင်းပြင်းရှုလိုက်တာမျိုး၊ ဝင်သက်ထွက်သက်မှတ်တာမျိုး၊ စာဖတ်တာမျိုး၊ သီချင်းတစ်ခုခုညည်းတာမျိုးပေါ့။
အာရုံပြောင်းပါ
သွေးပေါင်ချိန်တိုင်းတဲ့အခါသွေးပေါင်ချိန်တိုင်းနေတဲ့အပေါ်မှာ အရမ်းအာရုံမစိုက်ထားတာက ရလဒ်ကိုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်သွေးပေါင်ချိန်တိုင်းတဲ့အခါ စကားစမြည်ပြောတာမျိုး၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုခုကိုတွေးတောနေတာမျိုးလုပ်ပြီး အာရုံပြောင်းကြည့်ပါ။
ဆရာဝန်ပြောင်းပြကြည့်ပါ
တကယ်လို့ ကိုယ်လက်ရှိပြသနေတဲ့ဆရာဝန်ကပြောပြရတာ အဆင်မပြေတာ၊ သူနဲ့တွေ့တဲ့အခါ ကိုယ်အနေနဲ့ စိတ်ဖိစီးမှုဖြစ်သလို ခံစားရမယ်ဆိုရင် ကိုယ်ဖြစ်နေတဲ့ဝေဒနာကိုသေချာရှင်းပြလို့ရမယ့် ဆရာဝန်နဲ့ပြောင်းပြကြည့်တာမျိုးလုပ်ပေးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။