backup og meta

အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု

    နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်အသွေးတွေနဲ့အရောင်အသွေးစုံလင်လှတဲ့အရောင်တွေကို မဖြစ်မနေမြင်တွေ့ လို့နေရပါတယ်။ ဒီအရောင်တွေက ကျန်းမာရေး အထူးသဖြင့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုများသက်ရောက်နေလဲလို့တွေးမိပါရဲ့လား။ အချို့အရောင်တွေကိုမြင်တဲ့အခါ စိတ်ထဲမှာ ရှုပ်သွားသလိုခေါင်းထဲကနေလို့မကောင်းသလိုဖြစ်ဖူးကြပါလား။ ဒါက အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ်သက်ရောက်မှုပါ။

    အရောင်တွေရဲ့ သက်ရောက်မှုက

    ရှေးခေတ်ထဲက အီဂျစ်တွေနဲ့တရုတ်လူမျိုးတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို သက်သာစေဖို့အတွက် အရောင်တွေကို အသုံးပြုကုသမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်အရောင်တွေက ဘယ်လိုမျိုးသက်ရောက်မှုတွေရှိတာလဲဆိုတာကိုသိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်လေ့လာကြည့်လိုက်ပါ။

    အနီရောင် – အနီရောင်က အင်အားပြည့်ဝမှုရှိတဲ့ အရောင်တစ်မျိုးပါ။ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးနိုင်ပြီးadrenalineဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အနီရောင်က စိတ်ဓာတ်ခိုင်မာမှုကိုရရှိစေနိုင်တယ်ဆိုပေမယ့် အရမ်းကြီးများသွားမယ်ဆိုရင်တော့ သွေးပေါင်ချိန်ကိုတက်စေနိုင်သလို အသက်ရှူမြန်တာ၊ နှလုံးခုန်နှုန်းမြန်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်တဲ့။

    အဝါရောင် -အဝါရောင်က စိတ်ပျော်ရွှင်မှုကိုရရှိစေပြီးနွေးထွေးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ အရောင်တစ်မျိုးပါ။ အာရုံကြောတွေကို လုပ်ဆောင်မှုကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် တောက်လွန်းတဲ့ အဝါရောင်ကတော့ဒေါသအလွယ်တကူဖြစ်စေနိုင်သလို စိတ်ရှုပ်ထွေးစေမှာ အမှန်ပါ။

    အပြာရောင် – အပြာရောင်က အမြင်အေးစေပြီး စိတ်အေးချမ်းမှုကို ရရှိစေနိုင်ပါတယ်။ အပြာရောင်ရဲ့နောက်ထပ်အစွမ်းသတ္တိတစ်ခုကသွေးတိုးကျစေနိုင်ပြီး အသက်ရှူနှုန်းကို ထိန်းညှိပေးပါတယ်။ နှလုံးခုန်နှုန်းကို မှန်စေနိုင်ပါတယ်။ ဖျားနာမှုကို သက်သာစေပြီး နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    အစိမ်းရောင် – အစိမ်းရောင်က သဘာဝရဲ့ အရောင်အသွေးတစ်ခုပါ။ အမြင်ကိုအေးစေသလို စိတ်ပိုင်းဆိုင်ရာအေးဆေးမှုကိုလည်း ရရှိစေနိုင်ပါတယ်။ အစိမ်းရောင်ကပျော်ရွှင်မှုကိုခံစားရစေနိုင်သလို စိတ်တည်ငြိမ်အေးချမ်းမှု၊ နွေးထွေးမှု၊ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေနိုင်ပါတယ်။

    လိမ္မော်ရောင် – လိမ္မော်ရောင်က စိတ်တည်ငြိမ်စေပြီး စိတ်အရမ်းလှုပ်ရှားတာမျိုး မဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသလိုနွေးထွေးလုံခြုံမှုကို ခံစားရစေနိုင်ပါတယ်။

    ပန်းရောင် – စိတ်ကိုတည်ငြိမ်အေးချမ်းစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ပန်းရောင်က ကလေးငယ်ငယ်လေးတွေကြိုက်တဲ့အရောင်ဆိုပေမယ့် လူကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ပန်းရောင်က စိတ်ဆိုးဒေါသဖြစ်နေတာတွေကိုပြေလျော့စေနိုင်စွမ်းရှိပါတယ်။

    ခရမ်းရောင် –ခရမ်းရောင်က စိတ်ကို တည်ငြိမ်အေးချမ်းစေနိုင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

    အဖြူရောင် – စိတ်ကို လန်းဆန်းကြည်လင်ပြီး တည်ငြိမ်အေးချမ်းမှုကို ခံစားရစေမှာဖြစ်ပါတယ်။ သန့်စင်ကြည်လင်မှုကို ခံစားရပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

    နေထိုင်မကောင်းတဲ့ အခါမှာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြုံတွေ့တဲ့အခါမျိုးမှာဖြစ်ဖြစ် အရောင်လေးတွေရဲ့ အကူအညီကို ရယူလိုက်ကြရအောင်လား…..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement