အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ဆိုတာ ကျန်းမာရေးအတွက် ကောင်းမှန်းလူတိုင်းသိကြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့သူတွေကများနေတော့ ခက်သား။ လူကြီးတွေတောင်မှ မကြိုက်ကြတာ ကလေးတွေဆို ပိုဆိုးတာပေါ့။ ထမင်းကိုတောင်မှ မနည်းချော့ကျွေးနေရတဲ့ ကလေးတွေ အသီးအရွက် စားဖို့ဆိုတာ မေမေတို့အတွက်တော့ စိန်ခေါ်မှုကြီးတစ်ရပ်ပါပဲ။