backup og meta

Anthrax (ထောင့်သန်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anthrax (ထောင့်သန်းရောဂါ ) ကဘာလဲ။

anthrax (ဒေါင့်သန်းရောဂါ)ဆိုတာ Bacillus antharcis ဆိုတဲ့ ဘက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားပိုးက အသက်မဝင်သေးတဲ့ spore လေးတွေကို ထုတ်ပြီး ၎င်း spore တွေက မြေဆီလွှာထဲမှာ နေထိုင်နေကြပါတယ်။ အဲ့ဒီ spore လေးဟာ တိရာစ္ဆာန် သို့ လူထဲဝင်သွားတဲ့ အခါမှာတော့ အသက်စဝင်လာပါတော့တယ်။

သက်ဝင်လှုပ်ရှားလာပြီ ဖြစ်တဲ့ အဲ့ဒီ spore လေးတွေက ပွားများလာပြီး အဆိပ်အတောက်တွေ ထုတ်ပြီး ခန္ဓါ အနှံ့ ပြန့်စေကာ ဆိုးဝါးတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ၎င်းဟာ အရေပြား၊ အဆုတ်နှင့် တချို့ရှားပါးဖြစ်စဉ်တွေမှာ အစာချေလမ်းကြောင်းကိုပါ ထိခိုက်စေပါတယ်။ anthrax ဟာ အသက် အန္တရာယ်ရှိသော်လည်း စောစောစီးစီး တွေ့ရှိထားပါက ပဋိဇီဝဆေးများတိုက်ပြီး ပျောက်ကင်းစေနိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ လူတွေ အတွက်လည်း ကာကွယ်ဆေးရှိပါတယ်။

Anthrax (ထောင့်သန်းရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

Anthrax က ဖြစ်တာ ရှားပါတယ်။ လူတွေက ရောဂါပိုးရှိတဲ့ တိရာစ္ဆာန်တွေ၊ သိုးမွှေးတွေ၊ အသားတွေ နဲ့ ထိမိလျှင် ရောဂါကူးစက်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ခြေများတဲ့ သူတွေကတော့ လယ်သမားတွေ၊တိရာစ္ဆာန်မွေးမြူရေးအလုပ်သမားများ နှင့် ဓါတ်ခွဲခန်းဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

လက္ခဏာများ

Anthrax (ထောင့်သန်းရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Anthrax ရဲ့ ရောဂါလက္ခဏာတွေက ကူးစက်တဲ့ နေရာပေါ်မူတည်ပြီး ၁ ရက်မှ ၂ လကျော်ထိ တခြားနေရာတွေကို ပါ ပြန့်နှံ့သွားနိင်ပါတယ်။ ရောဂါပိုးကူးစက်မှု ၃ မျိုးရှိပါတယ်။

Skin anthrax

ဒီအမျိုးအစားက အရေပြားကို ထိခိုက်စေပါတယ်။ ဘက်တီးရီးယားပိုးက ခန္ဒါကိုယ်ထဲသို့ ပြတ်ရှဒဏ်ရာ သို့ အနာတစ်ခုခုမှ ဝင်ရောက်နိုင်ပါတယ်။

ကူးစက်ပြီး ၁ ရက်ကနေ ၁၂ ရက်အတွင်း နာကျင်မှု မရှိပဲ ယားစေတဲ့ နီညိုရောင်အဖုတွေ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် မျက်နှာ၊ လည်ပင်း၊ လက်မောင်း သို့ လက်တွေမှာ ဖြစ်တတ်ပါတယ်။ အဲ့ဒီ အဖုတွေကနေ အရည်ကြည်ဖုဖြစ်လာပြီး ပေါက်ထွက်ကာ ရောင်နေတဲ့ black scab ( eschar) တွေဖြစ်လာပါတယ်

အနီးအနားက lymph node တွေလဲ ရောင်လာပြီး လူတွေမှာ ဖျားနာခြင်းတွေ တခါတရံမှာ ကြွက်သား ကိုက်ခဲ ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း နှင့် အန်ခြင်းတွေပါ ဖြစ်တတ်ကြပါတယ်။

Inhalation anthrax

ဒီအမျိုးအစားကတော့ အဆုတ်တွေကို ထိခိုက်စေပါတယ်။ သင် spore တွေကို ရှူ မိခြင်းဖြင့် ဘက်တီးရီးယားက အဆုတ်ထဲ ရောက်သွားပါတယ်။

ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးမိတာနဲ့ တူနေတတ်ပြီး တဖြည်းဖြည်း ပိုဆိုးလာတတ်ပါတယ်။

  • ချမ်းတုန်ပြီး ဖျားခြင်း
  • ချွေးထွက်ခြင်း
  • ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့ ခေါင်းမူးခြင်း
  • ရင်တွင်း မအီမသာဖြစ်ခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ ချောင်းဆိုးခြင်း
  • ပျို့ခြင်း၊အန်ခြင်း သို့ ဗိုက်အောင့်ခြင်း

မကုပဲ ထားလျှင ဒီ် anthrax က သေစေနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Gastrointestinal anthrax

အစာချေလမ်းကြောင်း anthrax ရောဂါကတော့ ရှားပါတယ်။ ၎င်းက အစာချေစနစ်ကို ထိခိုက်စေပါတယ်။ ရောဂါပိုးရှိတဲ့ အသားတွေကို စားမိရာကနေ ဒီ anthrax ကို ဖြစ်စေနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့

  • လည်ပင်းရောင်ခြင်း သို့ လည်ပင်းအကြိတ်ရောင်ခြင်း
  • လည်ချောင်းနာခြင်း
  • မျိုချလျှင် နာခြင်း
  • ပျို့ အန်ခြင်း များသောအားဖြင့် သွေးအန်ခြင်း
  • ဝမ်းလျှောခြင်း သို့ သွေးဝမ်းသွားခြင်း
  • ဗိုက်အောင့်ခြင်း
  • အစာအိမ်ရောင်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်ဟာ anthrax ဖြစ်နိုင်ချေများတဲ့ အရပ်ဒေသမှာ နေထိုင်လျှင် သို့ ခရီးသွားထားလျှင် သို့မဟုတ် အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိလာလျှင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။anthrax က ချက်ချင်းကုသမှု နှင့် စောင့်ရှောက်မှု မခံယူနိုင်လျှင် သေနိုင်ပါတယ်။

အကြောင်းရင်းများ

Anthrax (ထောင့်သန်းရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေတဲ့ အဓိကအရာကတော့ သက်ဝင်လှုပ်ရှားနေတဲ့ bacillus anthracis ဘက်တီးရီးယားရဲ့ spore ဖြစ်ပါတယ်။spores တွေက ပတ်ဝန်းကျင်မှာ နှစ်နဲ့ ချီပြီး နေနိုင်ကြပြီး ပွားများနေပါတယ်။ သူတို့က တိရာစ္ဆာန်သို့ လူနဲ့ထိတွေ့မှ သာ အဆိပ်ပြင်းလာပြီး ခန္ဒါကိုယ် အနှံ့ကို ပြန့်နှံ့စေပါတယ်။ anthrax က ခန္ဒါကိုယ်ထဲကို အရေပြားမှ၊ အသက်ရှူလမ်းကြောင်းမှ၊ ရောဂါပိုးရှိတဲ့ အသားမှ စသဖြင့် ၃ မျိုး ဝင်ရောက်နိုင်ချေရှိပါတယ်။

Risk factors

Anthrax (ထောင့်သန်းရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

anthrax ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • တိရာစ္ဆာန်ပစ္စည်းတွေနှင့် ထိတွေ့ရသော သူများ
  • ရောဂါပိုးရှိတဲ့ တိရာစ္ဆာန်တွေနဲ့ အလုပ်လုပ်နေရသော တိမွေးကုများ
  • တိရာစ္ဆန်များနှင့် အသက်မွေးဝမ်းကြောင်းပြုသူများ
  • ရောဂါဖြစ်နိုင်ချေများတဲ့ ဒေသသို့ ခရီးသွားသူများ
  • Anthrax ပိုးနှင့် အလုပ်လုပ်ကိုင်ရတဲ့ ဓါတ်ခွဲခန်းဝန်ထမ်းများ
  • စာပို့သမားများ၊ စစ်သား နှင့် ပြန်တမ်းဝန်ထမ်းများ
  • Anthrax spores တွေပါဝင်တဲ့ ဇီ၀ အကြမ်းဖက်မှုမှာ ထိသွားသူများ
  • ရောဂါပိုးရှိတဲ့ တိရာစ္ဆာန်ရဲ့ မကျက်တဲ့ သို့ အသားစိမ်းအား စားမိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anthrax (ထောင့်သန်းရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

Anthrax ဟုတ်မဟုတ်ကို အခြေခံ ရောဂါလက္ခဏာများ၊ လက်တွေ့ စမ်းသပ်မှုများ၊ ဖြစ်နိုင်ချေရှိတဲ့ ရောဂါထိတွေ့နိုင်တဲ့ ရာဇဝင်များ နှင့် အလားတူ ရောဂါလက္ခဏာတွေဖြစ်စေနိုင်တဲ့ တခြားသော ရောဂါများအား စစ်ထုတ်ပြီးမှ အတည်ပြုပါတယ်။ တိကျတဲ့ အဖြေရရှိဖို့ အကောင်းဆုံးကတော့ ဆရာဝန်က သင့်ရဲ့ မစင် ၊ အရေပြားနှင့် သွေးထဲမှာ B.anthracis ဘက်တီရီးယားကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန် သို့ ကွန်ပြူတာဓါတ်မှန်၊ endoscopy၊ နှင့် ကျောရိုးဆီဖောက်ကြည့်ခြင်းတွေလဲ လုပ်နိုင်ပါတယ်။ Endoscopy ဆိုတာကတော့ သင့်ရဲ့ လည်ချောင်း သို့ အူလမ်းကြောင်းကို ကြည့်ရန် သေးသွယ်ပြီး ကွေးဆန့်နိုင်တဲ့ ထိပ်မှာ ကင်မရာနဲ့ ပစ္စည်းကိရိယာလေးထည့်ကြည့်တာ ဖြစ်ပါတယ်။

Anthrax (ထောင့်သန်းရောဂါ ) ကို ဘယ်လိုကုသပါသလဲ

Anthrax အမျိုးအစားအားလုံးကို ပဋိဇီဝဆေးများနှင့် ကြိုတင်ကာကွယ် ကုသနိုင်ပါတယ်။ anthrax ထိမိတဲ့ သူတွေကို ပဋိဇီဝသောက်ဆေးတွေ ဖြစ်တဲ့ amoxicillin, ciprofloxacin, သို့ doxycycline တို့ ပေးနိုင်ပါတယ်။ ဒီကူးစက်ရောဂါကို ထပ်မဖြစ်လာနိုင်ရန် ပဋိဇဝဆေးတွေကို ရက် ၆၀ ထိဆက်သောက်စေရပါတယ်။

ကုသမှု နှောင့်နှေးလေ ဒုက္ခရောက်နိုင်ချေ ပိုများလေ ဖြစ်ပါတယ်။ ထို့ကြောင့် anthrax လို့စပြီး သံသယရှိတာနဲ့ ကုသမှု စတင်လေ့ရှိပါတယ်။

Anthrax ကာကွယ်ဆေးတော့ရှိပေမယ့် ရာနှုန်းပြည့်တော့ အရာမရောက်နိုင်ပါဘူး။ ဒီကာကွယ်ဆေးကို စစ်သားများ၊ anthrax နဲ့ အလုပ်လုပ်ကျတဲ့ သိပ္ပံပညာရှင်များ နှင့် တခြားဖြစ်နိုင်ချေများတဲ့ သူတွေကို ပေးလေ့ရှိပါတယ်။ ဒီကာကွယ်ဆေးက ကလေးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ သို့ အသက် ၆၅ ကျော်တဲ့ လူတွေအတွက်တော့ မဟုတ်ပါဘူး။anthrax ကာကွယ်ဆေးတောတော်များများ ထိုးထားတဲ့ လူတွေကိုတော့ ပဋိဇီဝဆေးတွေ ပေးဖို့မလိုပါဘူး

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက anthrax ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် anthrax ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သင်ဟာ အန္တရယ်များတဲ့ လုပ်ငန်းခွင်မှာ လုပ်နေတဲ့ သူဆိုလျှင် anthrax ကာကွယ်ဆေးထိုးသင့်ပါတယ်။ တိမွေးကုများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ နှင့် အရေးပေါ်ပြန်တမ်းအရာရှိတွေက ဖြစ်နိုင်ချေများတဲ့ အတွက် ကာကွယ်ဆေးထိုးသင့်ပါတယ်။
  • ရောဂါပိုး ကူးစက်ခံရခြင်းရဲ့ ပထမရောဂါလက္ခဏာတွေ တွေ့ရှိလာပြီဆိုလျှင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ တွေ့ဆုံသင့်ပါတယ်။
  • သင့်ကို ညွှန်းပေးထားတဲ့ ပဋိဇီဝဆေးတွေကို ပြီးအောင်သောက်ပါ။ ဆရာဝန်မပြောမချင်း ကိုယ့်သဘောနဲ့ ကိုယ် ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fred.Ferri’s Netter Patient Advisor.Philadelphia, PA: Saunders / Elsevier, 2012. Download

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Page 1154Fred.Ferri’s Netter Patient Advisor.Philadelphia, PA: Saunders / Elsevier, 2012. Download

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Page 1154

ယခုပုံစံ

26/01/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe

Dr. Kaung Thar မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement