backup og meta

ဆေးဖက်ဝင်တဲ့ ခရမ်းရောင်ပြောင်းဖူး

ဆေးဖက်ဝင်တဲ့ ခရမ်းရောင်ပြောင်းဖူး

ပြောင်းဖူးပြုတ် ပူပူနွေးနွေးကို ဆီလေးဆမ်း၊ ဆားလေးထည့်လို့ နယ်စားရင်တော်တော်လေး အရသာရှိတယ်နော်။ စီးတဲ့ပြောင်းဖူးလေးတွေဆိုရင် ဝါးလိုက်တိုင်းကို အရသာရှိနေတာပါ။နေ့ခင်းနေ့လယ် အပျင်းပြေစားစား၊ တီဗွီကြည့်ရင်းပဲစားစား စားကောင်းတဲ့အရာပေါ့။ ဒီတစ်ခေါက်တော့ စားကောင်းတဲ့ ပြောင်းဖူးလေးတွေထဲကမှ အရောင်အသွေး ဆန်းဆန်းပြားပြားနဲ့ စားလို့လည်းကောင်းတဲ့ ခရမ်းရောင်ပြောင်းဖူး လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။

ခရမ်းရောင်ပြောင်းဖူး

ပြောင်းဖူးလို့ ပြောလိုက်ရင် အရင်ဆုံးပြေးမြင်မှာက အဝါရောင်ရှိတဲ့ သကြားပြောင်းပါ။ နောက်ထပ်တွေးမိနိုင်တာက အဖြူရောင်လေးတွေရှိနေတဲ့ ခပ်စီးစီး ပလို့ပြောင်းပေါ့။ ပြောင်းဖူးလေးတွေထဲမှာ အနီရောင်၊ အဝါရောင်၊အဖြူရောင် နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အသွေးတွေက စုံနေအောင်ရှိပါတယ်။ ဒီထဲမှာမှ ဆေးဖက်လည်းဝင် စားလို့လည်းကောင်း အာဟာရလည်းပြည့်စေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးက ဆီးချို၊ သွေးတိုး၊ အဝလွန်တာတွေကို သက်သာစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေလည်းပြည့်ဝစွာပါဝင်နေတယ်ဆိုတော့ စားသင့်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါနော်။ ခရမ်းရောင်ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာက မလွဲပါပဲ။

ခရမ်းရောင်ပြောင်းဖူးရဲ့ ဆေးဖက်ဝင်ပုံက

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပေါ့။ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဝမ်းမှန်ချင်သူတွေ စားပေးလို့ရပါတယ်။

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ခရမ်းရောင်ပြောင်းဖူး လေးက အစာခြေစနစ်ကိုတင် ကျန်းမာစေတာမဟုတ်ဘဲ သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။

ဆေးဖက်ဝင်တဲ့ ခရမ်းရောင်ပြောင်းဖူး

  • ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ်

ခရမ်းရောင်ပြောင်း ဖူးမှာပါတဲ့ anthocyanins ဆိုတဲ့ဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အခြားသောခရမ်းရောင်ရှိတဲ့ အသီးအနှံတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ စပျစ်သီးတွေ၊ ခရမ်းရောင်မုန်လာဥနီတို့မှာပါတဲ့ ဒြပ်ပေါင်းတွေထက် ကင်ဆာဆဲလ်ကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်ပါတယ်။

  • အဝမလွန်အောင် ကာကွယ်ပေးနိုင်တယ်

အဝမလွန်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ခရမ်းရောင်ပြောင်းဖူးကို စားပေးလို့ရပါတယ်နော်။ အဝလွန်နေသူတွေနဲ့ ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ အခြားအရောင်ပြောင်းဖူးတွေက ဝစေနိုင်ပေမယ့် ခရမ်းရောင်ပြောင်းဖူးကတော့ မဝစေနိုင်ပါဘူး။

ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ခရမ်းရောင်ပြောင်းဖူးကို စားသုံးပေးလို့ရပါတယ်။ ခရမ်းရောင်ပြောင်းဖူး က ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှုကိုဖြစ်စေတဲ့ cytokines ပမာဏကိုလျှော့ချပေးပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ခရမ်းရောင်ပြောင်းဖူးက သွေးတွင်းက အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်က သွေးလည်ပတ်မှု ကောင်းဖို့လိုပါမယ်။ သွေးလည်ပတ်မှုကောင်းမှ ရှင်သန်ရေးအတွက် အရေးပါတဲ့ နှလုံးလည်း ကျန်းမာစေမှာပါ။ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောလေးတွေကိုကအစ ကျန်းမာစေနိုင်တာကြောင့် သွေးစီးဆင်းမှုကောင်းစေနိုင်ပြီး သွေးခဲတာမျိုး၊ သွေးကြောထဲမှာ ပုံမှန်မဟုတ်တဲ့ သွေးခဲပိတ်ဆို့မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဆီးချိုရှိသူတွေမှာလည်း သွေးချိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ခရမ်းရောင်ပြောင်းက အင်ဆူလင်ထွက်ရှိမှုကောင်းအောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။

ဆေးဖက်ဝင်တဲ့ ခရမ်းရောင်ပြောင်းဖူး

ခရမ်းရောင်ပြောင်းက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝတာကြောင့် ကျောက်ကပ်တွင်းက သွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ကျောက်ကပ်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပြီး ကျောက်ကပ်ကို ကျန်းမာနေအောင် စောင့်ရှောက်ပေးပါတယ်။

ခရမ်းရောင်ပြောင်းဖူး မှာပါတဲ့ lutein နဲ့ zeaxathinin တို့က မျက်လုံးကို ကျန်းမာစေနိုင်ပြီး အတွင်းတိမ်ဖြစ်တာ၊ ရေတိမ်ဖြစ်တာနဲ့ အမြင်အာရုံပြဿနာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးကို အဓိကအသုံးပြုနေရသူတွေအနေနဲ့ ခရမ်းရောင်ပြောင်းဖူးကို မျက်လုံးကျန်းမာစေတဲ့ ဓာတ်စာအနေနဲ့ စားသုံးပေးလို့ရပါတယ်။

မျက်လုံးကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေဖို့ အတွက် အထောက်အကူပြုပေးနေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးကို ဆေးဖြစ်ဝါးဖြစ်လောက်တော့ စားသုံးကြည့်ဖို့ တိုက်တွန်းပါရစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Corn 101: Nutrition Facts and Health Benefitshttps://www.healthline.com/nutrition/foods/corn Accessed Date 19 April 2019

You’ll Be Amazed By The Numerous Benefits Of Purple Cornhttps://www.lifehack.org/295657/youll-amazed-the-numerous-benefits-purple-corn Accessed Date 19 April 2019

What Are the Benefits of Purple Corn Extract?https://www.livestrong.com/article/288065-what-are-the-benefits-of-purple-corn-extract/ Accessed Date 19 April 2019

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကန်စွန်းဥ စားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား

ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement