backup og meta

cystic acne(ဆစ်စတစ်ဝက်ခြံ) ဆိုတာဘာလဲ, ဘယ်လိုကုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    cystic acne(ဆစ်စတစ်ဝက်ခြံ) ဆိုတာဘာလဲ, ဘယ်လိုကုမလဲ

    အပျိုဖော် လူပျိုဖော်ဝင်ချိန်မှာ ဝက်ခြံတွေပေါက်လာတတ်တာသဘာဝပါ။ ဆယ်ကျော်သက်တွေကြားမှာ အတွေ့ရဆုံးဖြစ်ပြီး ၇၀ မှ ၈၇ ရာခိုင်နှုန်းလောက်ထိ ပျံ့နှံ့မှုရှိပါတယ်။ ဖြစ်ပွားမှုနှုန်းတက်လာပြီး ပိုငယ်တဲ့အရွယ်မှာတောင် ဝက်ခြံပေါက်လာပါပြီ၊ ဒါပေမယ့် အပျိုဖော် လူပျိုဖော်ဝင်ချိန်ကျော်သည်ထိ ဝက်ခြံတွေပေါက်နေတုန်းပဲဆိုရင်တော့ cystic acne လို့ခေါ်တဲ့ ဝက်ခြံတစ်မျိုးဖြစ်နိုင်နေပါပြီ။ ကုသလို့ရတာမို့ ပျောက်အောင်စောင့်မနေပါနဲ့၊ နှစ်နဲ့ချီကြာတတ်တဲ့အတွက် သင်လည်းစောင့်ချင်မှာမဟုတ်ပါဘူး။

    cystic acne(ဆစ်စတစ်ဝက်ခြံ) ဆိုတာဘာလဲ

    တခြားဝက်ခြံတွေလိုပဲ cystic acne ဟာလည်း အပေါက်တွေပိတ်တာကြောင့်ရတာပါ။ ထိုအခါ အဆီတွေ၊ ဖုန်တွေနဲ့ ဆဲလ်အသေတွေက ထိုအပေါက်တွေထဲစုပုံသွားပါတယ်။ တခါတလေ ဘတ်တီးရီးယားတွေလည်းဝင်နေတတ်တယ်။ Cystic acne တနည်း Cyst acne ဟာ ဝက်ခြံတွေထဲမှာ အပြင်းဆုံးဝက်ခြံတစ်မျိုးပါ၊ အဆီတွေ ဆဲလ်အသေတွေပုံလာတဲ့အခါ ဖြစ်တတ်ပါတယ်။

    ဘတ်တီးရီးယားတွေ အရေပြားထဲနက်နက်တိုးဝင်သွားတဲ့အခါ ပြည်တွေစုပြီး ရောင်ရမ်းနေတဲ့ အဖုအနီကြီးတွေ ပေါ်လာပါတယ်။ နာတတ် ဒါမှမဟုတ် ယားယံတတ်ပါတယ်။ အဖုပေါက်သွားတဲ့အခါ ဘေးပတ်ဝန်းကျင်တွေကိုပါ ရောဂါပိုးတွေပျံ့သွားပြီး ပိုဆိုးသွားစေတယ်။ ထိုသို့ပေါက်သွားခြင်းဟာ အရေပြားတပြင်လုံးရောဂါပိုးဝင်စေနိုင်ပြီး အမာရွတ်တွေကျန်မှာကတော့ ပြောစရာတောင်မလိုတော့ဘူးပေါ့။

    ဆယ်ကျော်သက်အရွယ်နဲ့ အသက်နှစ်ဆယ်အရွယ်မှာ ရတတ်ပါတယ်။ မျက်နှာတင်မကဘဲ ရင်ဘတ်၊ ကျောပြင်၊ လက်မောင်းနဲ့ ပုခုံးတွေမှာပါ ပေါက်တတ်တယ်။ ဖြစ်လေ့မရှိပေမယ့် တခါတလေမှာ ၈ နှစ်လောက်ထိငယ်တဲ့အရွယ်၊ ဒါမှမဟုတ် အသက် ၆၀ လောက်ထိကြီးတဲ့အရွယ်တွေမှာပါ ဖြစ်တတ်ပါတယ်။ ပိုဆိုးတဲ့ cystic acne ကိုအမျိုးသားတွေမှာပိုတွေ့ရပြီး အမျိုသမီးတွေလည်းရနိုင်ပါတယ်။ အမျိုးသမီးတွေက မျက်နှာအောက်ပိုင်းမှာရတာများတယ်။

    ဘာတွေက cystic acne ဖြစ်စေတာလဲ

    ဝက်ခြံတွေဟာ ယေဘူယျအားဖြင့် အရေပြားကအပေါက်တွေ ပိတ်တဲ့အခါဖြစ်လာတတ်တာပါ။ တခါတလေမှာ ဟော်မုန်းအပြောင်းအလဲတွေကလည်း ဝက်ခြံတွေပေါက်စေပါတယ်။ ဒါကြောင့်လည်း အပျိုဖော်၊ လူပျိုဖော်ဝင်စမှာပေါက်တတ်တာပါ။ အန်ဒရိုဂျင်(androgen) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ဝက်ခြံပေါက်စေတဲ့ အဓိကနေရာကနေပါတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အန်ဒရိုဂျင်ပမာဏမြင့်တယ်။ ဒါက အရေပြားက အဆီဂလင်းတွေကိုသွားသက်ရောက်ပြီး အဆီထွက်မှုကိုတက်စေတယ်၊ ဒီလိုအဆီထွက်မှုများခြင်းက အရေပြားပေါ်က ဘတ်တီးရီးယားတွေကို ပိုတက်ကြွစေပြီး ရောဂါပိုးဝင်စေပါတော့တယ်။

    ထိုဟော်မုန်းက အရေပြားကအပေါက်နံရံတွေကို ထူစေတာကြောင့် အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေကို သာမန်သန့်စင်ခြင်းနဲ့ မပြောင်သွားအောင် ထိန်းထားသလိုဖြစ်သွားစေတယ်။ လူကြီးတွေမှာ ဟော်မုန်းပြောင်းလဲမှုက ရာသီသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း၊ နဲ့ လို့ခေါ်တဲ့ အခြေအနေတွေမှာဖြစ်တတ်ပါတယ်။ Testosterone ခေါ် ဟော်မုန်းတစ်မျိုးဟာလည်း အဆီထွက်မှုကို သက်ရောက်ပြီး ဝက်ခြံတွေဖြစ်လာစေတယ်။

    ဝက်ခြံတွေဟာ မိသားစုတွေမှာမျိုးရိုးူလိုက်တတ်ပါတယ်။ အမေရော အဖေရော ဝက်ခြံပေါက်တတ်ရင် သင့်မှာဝက်ခြံပေါက်နိုင်ခြေများပါတယ်။

    တခြားသောအကြောင်းတွေကတော့-

    • အရေပြားပေါ်ကအပေါက်တွေကို ပိတ်သောအလှကုန်များ

    • တချို့သောဆေးများ-steroid, lithium (စိတ်ဓါတ်ကျခြင်း၊ စိတ်တက်စိတ်ကျမြန်ခြင်း အခြေအနေတွေမှာသုံးပါတယ်), တချို့ဝက်ရူးပြန်အတွက်ဆေးများ

    • ခေါင်းပေါင်း ဒါမှမဟုတ် ကျောပိုးအိတ်ကဲ့သို့ အရေပြားပေါ် ဖိအားသက်ရောက်သောအရာများဝတ်ဆင်ခြင်း

    • ဆေးလိမ်သောက်ခြင်း

    ဘယ်လိုကုသရမလဲ

    Cystic acne တွေအတွက်ကတော့ ပုံမှန်သန့်စင်ခြင်း ဒါမှမဟုတ် အရေပြားထိန်းသိမ်းသော ပစ္စည်းတစ်မျိုးမျိုးပုံမှန်လိမ်းပေးခြင်းကအလုပ်မဖြစ်ပါဘူး။ ဆေးဆိုင်မှာဝယ်လို့ရတဲ့ဆေးတွေကလည်း သာမန်ဝက်ခြံလောက်အလုပ်ဖြစ်နိုင်ပေမယ့် cystic acne အတွက်အကူအညီသိပ်မဖြစ်ပါဘူး။ Cystic acne အတွက်က ဆရာဝန် ဒါမှမဟုတ် အရေပြားအထူးကုနဲ့ပြဖို့လိုပါမယ်။ အောက်ပါအချက်တွေကို ညွှန်းနိုင်ပါတယ်-

    • ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းအတွက် ပဋိဇီဝဆေးများ- ဝက်ခြံအတွက်ထိရောက်ရင်လည်းရောက်နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်အနည်းငယ်ကြာတဲ့အခါ အာနိသင်ပြယ်သွားတာလည်းဖြစ်နိုင်ပါတယ်။

    • ဟော်မုန်းတွေကိုထိန်းဖို့ သန္ဓြေတားဆေး

    • Retinoid ( Vitamin-A တစ်မျိုး) ပါသော ခရင်၊ ဂျယ်၊ လိုးရှင်းတစ်မျိုးမျိုးဟာလည်း အရေပြားပေါ်ကအပေါက်တွေကို ပွင့်စေပြီး ပဋိဇီဝဆေးအလုပ်လုပ်စေပါတယ်။

    • Isotretinoin(အိုင်ဆိုထရီတင်နွိင်း) ဟာ ဝက်ခြံတိုင်းအတွက် ကုသဆေးတစ်မျိုးပါ။ လူအများစုအတွက်အရေပြားကို လုံးဝနဲ့ ထာဝရသန့်စင်ပေးပါတယ်။ ဒီဆေးကိုဘယ်လိုသုံးစွဲရမလဲ အရေပြားဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ်ဝန်သည်တွေမှာတော့ မသုံးသင့်ပါဘူး။

    • Spironolactone(စပိုင်ရိုနိုလက်တုန်း) ဟာ ဟော်မုန်းတားဆေးတစ်မျိုးပါ။ ဒါပေမယ့် ထိုဆေးက ခန္ဓါကိုယ်မှ မလိုအပ်တဲ့ရေအကုန် စွန့်ထုတ်ပစ်ပါလိမ့်မယ်။

    ကိုင်တွယ်ကာကွယ်ရန် နည်းများ

    ဆိတ်ဆွတာ၊ ညှစ်ပစ်တာတွေမလုပ်ပါနဲ့။ ဝက်ခြံတွေညှစ်ခြင်းဟာ ရောဂါပိုးပိုနက်စေပြီး ပိုပျံ့စေနိုင်ပါတယ်။

    စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းခြင်း- စိတ်ဖိစီးမှုနဲ့ ဟော်မုန်းဟာ စပ်နွယ်နေတာကြောင့် ဝက်ခြံဖြစ်စေတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။

    လုံလောက်စွာအိပ်စက်ပါ၊ ကိုယ်လက်လှုပ်ရှားမှုရှိပါ- ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ပါ။ သကြားဓါတ်၊ အဆီဓါတ်များသောစားစရာများရှောင်ပါ။

    နေရောင်လုံလောက်စွာထိတွေ့တာကောင်းပါတယ်။ ဒါပေမယ့် များလွန်းတဲ့အခါ အရေပြားကိုထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါကြောင့် နေ့လည်နေရောင်ကိုရှောင်ပါ၊ အပြင်ထွက်ရပါကလည်း နေကာခရင်လိမ်းပါ။

    ဝက်ခြံငယ်လေးတွေတောင်မှ ယုံကြည်ချက်ပျောက်ဆုံးစေပြီး စိတ်ဖိစီးစေနိုင်ပါတယ်။ တကယ်လို့ cystic acne ကြောင့်စိတ်ညစ်နေရတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ပြပါ။ အရေပြားဆရာဝန်က ရောဂါပိုးဝင်မှုပိုမဆိုးစေဘဲ ကောင်းအောင်ကူညီနိုင်ပါလိမ့်မယ်။ ဝက်ခြံကြောင့် အမာရွတ်တွေပေါ်ပြီးပျောက်ချင်တယ်ဆိုလည်း အရေပြားဆရာဝန်နဲ့ပြနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement