backup og meta

တင်းရင်းသွယ်လျတဲ့ လက်မောင်းလေးတွေပိုင်ဆိုင်စေဖို့

တင်းရင်းသွယ်လျတဲ့ လက်မောင်းလေးတွေပိုင်ဆိုင်စေဖို့

လက်ပြတ်အင်္ကျီလေးဝတ်ချင်တယ်။ အင်္ကျီကိုယ်ကျပ်လေးလည်းဝတ်ချင်တယ်။ ဒါပေမယ့် လက်မောင်းကကြီးနေလို့ ဝတ်လို့မလှဘူးဆိုပြီး စိတ်ညစ်နေတာလားလေဒီ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့လေ့ကျင့်ခန်းလုပ်ကြမယ်လေ။ Gym သွားဖို့ကလည်း အချိန်မရှိဘူး။ ဘယ်လိုစလုပ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်ဆိုတဲ့လေဒီတွေကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းစကားပါး ကူညီပေးပါရစေနော်။

လက်မောင်းအဆီတက်ခြင်း

ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ အဆီတက်နိုင်ပေမယ့် လက်မောင်း၊ ဗိုက်နဲ့ ပေါင်တွေက ပိုပြီး အဆီတက်လွယ်ပါတယ်။ လက်မောင်းအဆီတက်တဲ့အခါ အဝတ်အစားဝတ်ရတာအဆင်မပြေအချိုးမကျသလို ခံစားရနိုင်ပါတယ်။ အချို့ဆို ခန္ဓာကိုယ်အရွယ်အစားနဲ့ မလိုက်အောင် လက်မောင်းမှာ အဆီတက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကတော့ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။ လက်မောင်းအဆီကျအောင် ဘာလေ့ကျင့်ခန်းတွေလုပ်ရင်ရမလဲသိချင်နေပြီလား။ ဆက်ကြည့်လိုက်ပါနော်။

လက်မောင်းအတွက် အသင့်တော်ဆုံးဖြစ်မယ့်လေ့ကျင့်ခန်းတွေ

ဒီလေ့ကျင့်ခန်းတွေက လက်မောင်းအဆီကျစေဖို့နေအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။

ဝိတ်မမယ် – အချိန်ပေးလုပ်ပေးမယ်ဆိုရင် အဆီကျတဲ့ အပြင်လက်မောင်းသားကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့လှပနေစေမှာ အမှန်ပါ။ ဒီလိုလုပ်တာက လက်မောင်းအဆီတင်မဟုတ်ပါဘူး။ ဗိုက်အဆီကိုပါကျစေမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ဝိတ်တုံးဝယ်ဖို့ မလိုပါဘူး။ ၂ လီတာဝင်ရေသန့်ဘူး တစ်ဘူးထဲကို ရေအပြည့်ဖြည့်လိုက်ပါ။ပြီးရင် လက်နှစ်ဖက်ကို တံတောင်ဆစ်ကကွေးလို့ အပေါ်မြှောက်ရင်း နားရွက်နဲ့ကပ်ထားပါ။ အဲ့လက်အနေအထားနဲ့ ဝိတ်တုံးကို မပြီး လက်ကိုဆွဲတင်ပြန်ချလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက လက်မောင်းကအဆီတွေကို အမှန်တကယ်ကျစေမှာပါ။ ၁ ကီလိုဂရမ်ရှိတဲ့အရာကို မ ပေးရင်အသင့်တော်ဆုံးပါ။

Chair Dips လုပ်မယ် – ဒါကလည်း အဆီကျစေဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့။ လက်မောင်းကြွက်သားကအဆီတွေကိုကျစေပြီး နောက်ကျောကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ကုတင် ဒါမှမဟုတ် ထိုင်ခုံတစ်ခုကိုရွေးလိုက်ပါ။ မြေပြင်ထက်နည်းနည်းမြင့်ရင်ကို အဆင်ပြေပါပြီ။ မြေပြင်ညီမှာ အနည်းဆုံး ၂ပေမြင့်တဲ့အရာဆို အဆင်ပြေဆုံးဖြစ်မှာပါ။ ဆိုဖာခုံလိုမျိုးအရာတွေကတော့ အဆင်မပြေပါဘူး။ ထိုင်ခုံကိုကျောနောက်မှာထားလိုက်ပါ။ လက်နှစ်ဖက်ကို ထိုင်ခုံပေါ်မှာထားရပါမယ်။ပြီးရင်လက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ပင့်တင့်ပါမယ်။ ပြီးရင်ပြန်ချပါမယ်။ တစ်ခါလုပ်ရင် အကြိမ် ၂၀ နှုန်းနဲ့ တစ်နေ့ကို၃ ကြိမ်လုပ်ပေးပါ။ ဒါကလည်း လက်မောင်းကအဆီတွေကိုချဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းတစ်ခုပေါ့။

ဒိုက်ထိုးမယ် – ကြွက်သားတက်စေမယ့် ကိရိယာလွတ်လေ့ကျင့်ခန်းတစ်မျိုးပါ။ လက်မောင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အစပိုင်းမှာ နည်းနည်းခက်နိုင်ပေမယ့် တဖြည်းဖြည်းချင်း အဆင်ပြေသွားမှာပါ။ ဒိုက်ထိုးတဲ့အခါ ပုံစံမှန်မှန်ဖြစ်ဖို့တော့ဂရုပြုပါနော်။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးပါ။

လက်ချင်းယှက်လွှဲမယ် -ခြေထောက်နှစ်ချောင်းကို ပခုံးအကွာအဝေးအတိုင်း ခွာထားပါ။ လက်နှစ်ဖက်ကိုဘေးမှာကပ်ထားပါ။ ပြီးရင် အရှေ့ဘက်ကို ဆန့်တန်းလို့ လက်နှစ်ဘက်ကို ယှက်ရက်ပုံစံလွှဲပေးပါ။ ပြီးရင်ဘေးကိုပြန်လွှဲပါ။ ပခုံးအမြင့်နဲ့ တပြေးတည်းအနေအထားမှာလွှဲပေးပါ။ ဘယ်ဘက်လက်ကို အပေါ်မှာထားရက်တစ်ကြိမ်၊ ညာဘက်လက်ကို အပေါ်မှာထားရက်တစ်ကြိမ်လွှဲပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်နှုန်းနဲ့ တစ်နေ့ကို ၃ ကြိမ်လုပ်ပေးပါ။

လက်မောင်းလှည့်မယ်ခြေထောက်နှစ်ဖက်ကို ပခုံးအကွာအဝေးအတိုင်းကားထားပါ။ ခန္ဓာကိုယ်ကို မတ်မတ်လေးထားပြီး လက်နှစ်ဖက်ကိုဘေးဘက်ကိုဆန့်တန်းလိုက်ပါ။ပြီးရင် လက်တွေကို ဆန့်ရက်အတိုင်း စက်ဝိုင်းပုံစံလှည့်ပါ။ ရှေ့ဘက်ကို အကြိမ် ၅၀ ၊နောက်ဘက်ကို အကြိမ် ၅၀ စီလှည့်ပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေမှာရှိနေတဲ့ အဆီပိုတွေကို ကျစေပြီး လက်မောင်းတွေကို ကျစ်လျစ်လှပစေမှာပါ။

ဒီလိုအချက်လေးတွေကိုလည်းမေ့ထားလို့မဖြစ်ပါဘူး

ဒီအချက်လေးတွေလုပ်ဆောင်ပေးခြင်းဖြင့်လည်း လက်မောင်း ကအဆီပိုတွေကို ဖယ်ရှားနိုင်မှာပါ။

  • မနက်ခင်းတိုင်းရေထဲကို သံပရိုသီးနဲ့ သခွားသီးစိမ်ပြီးသောက်ပေးပါ။
  • မနက်စာထဲမှာ ပန်းသီးတစ်လုံးနဲ့ လက်ဖက်စိမ်းရေနွေးကြမ်းပါအောင် သုံးဆောင်ပေးပါ။
  • တစ်နေ့တာစားသုံးတဲ့ အစားအစာတွေကိုသေချာသတိထားပါ။
  • အလွယ်စား၊ အသင့်စားအစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။
  • အစားမစားခင် ၁ နာရီအလို နဲ့ မအိပ်ခင် ၁ နာရီအလိုမှာရေသောက်ပါ။
  • နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း နဲ့ခရမ်းချဉ်သီးတို့ပါဝင်အောင်စားသုံးပါ။
  • ညနေ ၆ နာရီကျော်ရင် ထမင်းမစားပါနဲ့။ ဟင်းသီးဟင်းရွက်တွေပဲစားပါ။
  • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
  • ည ၈ နာရီကျော်ရင် ဘာမှ မစားပါနဲ့။
  • ဆန္ဒပြင်းပြပါစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Get Rid Of Arm Fat: 5 Easy Exercises To Tone And Strengthen Your Arm Muscles https://www.littlethings.com/how-to-get-rid-of-arm-fat Accessed Date 20 December 2018

10 Best Exercises To Lose Arm Fat At Home – Best Arm Toning Workoutshttps://www.thefitindian.com/top-10-exercises-to-lose-arm-fat-at-home/ Accessed Date 20 December 2018

What are some good ways to reduce arm fat?https://www.quora.com/What-are-some-good-ways-to-reduce-arm-fat Accessed Date 20 December 2018

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရွယ်တင်နုပျိုချင်ရင် ဒါတွေစားပေးပါ

အထိုင်များတဲ့ သူတွေရဲ့ ကျန်းမာရေးအန္တရာယ်



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement