backup og meta

ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

မနက်ခင်းအိပ်ရာနိုးလာချိန်မှာ စကြားလိုက်ရတဲ့ ကျာကျာကျည်ကျည် ကျေးငှက်သံလေးတွေ၊ အိပ်ရာထလို့ ပြတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာ မျက်နှာနားကနေဖြတ်တိုက်သွားတဲ့ လေနုအေးလေးတွေကြောင့် ဆောင်းရာသီရဲ့ အငွေ့အသက်ကို စတင်ခံစားနေရပြီဟုတ်။ မိုးကုန်လို့ ဆောင်းကိုစရောက်လာတဲ့ အငွေ့အသက်လေးကို ပီပီပြင်ပြင်မခံစားရသေးပေမယ့် မကြာခင်အေးလာတော့မယ်ဆိုတာကိုတော့ခံစားရနေပါပြီ။ ဒီတော့ ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာစေဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား……..

ဆောင်းရာသီက ပျော်စရာကောင်းလား

ဆောင်းရာသီက အေးမြမှုနဲ့အတူ သဘာဝပတ်ဝန်းကျင်ကလည်း ကဗျာဆန်လာပြီလေ။ စာဖွဲ့လို့ကောင်းတဲ့ရာသီပေါ့။ ဆောင်းရာသီမှာ မကောင်းတာတစ်ခုကတော့ အအေးဒဏ်ကြောင့် နှာစေးနှာပိတ်တာ၊ ဖျားနာတာနဲ့ အသားအရေခြောက်သွေ့တာတွေပါ။ ဒီတော့ ကဗျာဆန်တဲ့ဆောင်းရာသီမှာ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကို ကျန်းကျန်းမာမာနဲ့ ခံစားနိုင်စေဖို့ဆိုရင် အစာအာဟာရကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်ဖို့လိုပါမယ်။

ကဲ…ပျော်စရာကောင်းတဲ့ဆောင်းရာသီလေးဖန်တီးကြည့်ရအောင်လား……

ပျော်စရာကောင်းတဲ့ ဆောင်းရာသီလေးဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ တူတူဆက်ကြည့်လိုက်ရအောင်နော်။

ဆောင်းရာသီမှာ ကျန်းမာစေဖို့ ဘာတွေစားမလဲ…..

အေးမြတဲ့ ဆောင်းရာသီမှာ ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် ဒါလေးတွေက အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

ဗီတာမင် C ကြွယ်ဝနေတဲ့ သစ်သီး

ဗီတာမင် C ကကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူးတောင် ပြောနေစရာမလိုပါဘူး။ ဒါကြောင့် ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် ဖျားနာမှုကင်းစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးအပါအဝင် အချဉ်အရသာရှိတဲ့ အသီးတွေကို စားသုံးပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်သလို အအေးမိ၊ဖျားနာတာကိုလည်း အကောင်းဆုံး တိုက်ထုတ်ပေးနိုင်မှာပါ။

စွပ်ပြုတ် ပူပူလေး

ခန္ဓါကိုယ်ကို နွေးထွေးစေပြီး အာဟာရကို အကောင်းဆုံးဖြည့်ပေးနိုင်တဲ့ အစားအစာတစ်ရပ်ပေါ့။ အသားစွပ်ပြုတ်ရယ်လို့ မဟုတ်ပါဘူး။ အသီးအရွက်စွပ်ပြုတ်တေါကလည်း ခန္ဓါကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ရွှေဖရုံသီး၊ ချင်း (ဂျင်း) ၊ကြက်သွန်ဖြူတို့ကို အချိုးကျရောစပ်ထားတဲ့ စွပ်ပြုတ်ကလည်း ခန္ဓါကိုယ်ကို အားပြည့်စေနိုင်မှာပါ။ အသားစွပ်ပြုတ် ပူပူနွေးနွေးလေးကလည်း ဆောင်းရာသီမှာ အရသာပြည့်ဝတဲ့ စားစရာတစ်ရပ်ပေါ့။

ကန်စွန်းဥ

ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်မျိုးပါ။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်ပြီး ခန္ဓါကိုယ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာအနေနဲ့ စားလို့ရသလို နေ့ခင်းနေ့လယ် အဆာပြေအနေနဲ့လည်း စားလို့ရပါတယ်။

ချင်း (ဂျင်း) လက်ဖက်ရည်

ချင်း (ဂျင်း) မှာခန္ဓါကိုယ်ကို နွေးထွေးစေတဲ့ အာနိသင်ပါဝင်နေပါတယ်။ သွေးလည်ပတ်မှုကိုကောင်းစေပြီး ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အေးမြတဲ့ ဆောင်းရာသီမှာ နွေးထွေးမှုလေးရပြီး ကျန်းမာစေဖို့ ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပေးလို့ရပါတယ်။

မုန်လာဥနီ

ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အသားအရေကို ပါထိန်းသိမ်းပေးနိုင်မှာပါ။ ဒါကြော်င့ ဆောင်းအေးအေးလေးမှာ မုန်လာဥနီဖျော်ရည်လေးသောက်ဖို့ မမေ့ပါနဲ့။

Oatmeal

မနက်စာ အနေနဲ့ရော နေ့လယ်အဆာပြေအနေနဲ့ပါစားလို့ရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝသလို ဇင့်ဓါတ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆောင်းရာသီမှာ ကျန်းမာစေနိုင်သလို ဝိတ်ချချင်သူတွေအတွက်လည်း အကောင်းဆုံးပံ့ပိုးပေးနိုင်မှာပါ။

ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ

ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်ခုပါ။ ထမင်းပူပူလေးနဲ့ ကြက်ဥ၊ဘဲဥတို့နဲ့ရောပြီးကြော်ထားတဲ့ ပန်းဂေါ်ဖီကြော်လေးကအရသာရှိသလို ဆောင်းတွင်းမှာ ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မှာပါ။

ဆောင်းအေးအေးမှာ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ ကျန်းမာစေဖို့အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပြင်ဆင်စားသောက်လိုက်ပါလို့ အကြံပြုပါရစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Foods You Should Eat This Winter https://health.clevelandclinic.org/5-foods-for-winter-weather/ Accessed Date 1 October 2019

Discover wich foods are good for you during the cold weather https://www.standardmedia.co.ke/evewoman/article/2001284778/six-foods-to-prepare-and-eat-during-the-cold-weather Accessed Date 1 October 2019

Foods to Eat in Cold Temperatures https://healthyeating.sfgate.com/foods-eat-cold-temperatures-2240.html Accessed Date 1 October 2019

ယခုပုံစံ

09/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement