ဆီးထဲက သာမန်မဟုတ်တဲ့ အမှုန်အမွှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
Share now

ရောဂါအခြေအနေပေါ်လိုက်ပြီး ဆီးထဲပါလာတတ်တဲ့ အမှုန်အမွှားတွေအကြောင်း ပြောပြပေးသွားပါ့မယ်။

ဆီးထဲမှာ ကိုယ်တွင်းကစွန့်ပစ်လိုက်တဲ့ ဓာတ်သတ္ထုမျိုးစုံပါဝင်နေပြီး ရံဖန်ရံခါမှာ ဒီဓာတ်တွေက အစိုင်အခဲအနေနဲ့ ဆီးထဲပါလာတတ်ပါတယ်။ အမှုန်အမွှားတွေကသေးငယ်ပြီး အရေအတွက်လည်းနည်းနေရင် ဘာပြဿနာမှ မရှိပေမဲ့ အရွယ်အစားကြီးတဲ့အမှုန်အမွှားတွေ များလာရင်တော့ ဆီးကျောက်တည်နိုင်ပါတယ်။ ဒါ့ကြောင့် ဆီးကျောက်မတည်အောင်ကာကွယ်ဖို့ ဆီးထဲအမှုန်အမွှားတွေပါလာကတည်းက ဂရုစိုက်သင့်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဆီးထဲပါလာတတ်တဲ့ အမှုန်အမွှားအမျိုးအစားတွေနဲ့ ဘယ်ရောဂါအခြေအနေတွေမှာ ဒီလိုအမှုန်အမွှားတွေပါလာတတ်သလဲဆိုတာ ရှင်းပြပေးပါ့မယ်။

ဆီးထဲမှာပါလာနိုင်တဲ့အမှုန်အမွှားတွေကတော့

ယူရစ်အက်စစ် (Uric Acid)

ယူရစ်အက်စစ်အမှုန်အမွှားတွေက ပုံစံမျိုးစုံရှိပြီး လိမ္မော်ရောင်အရင့် (ဒါမှမဟုတ်) အဝါရောင်ရှိပါတယ်။ အသားဓာတ် (ပရိုတင်းဓာတ်) ကြွယ်ဝတဲ့အစားအသောက်တွေအစားများရင် ဆီးထဲပါလာလေ့ရှိပြီး ဆီးကျောက်တည်တာ၊ ဂေါက်ရောဂါခံစားနေရတာ၊ ကင်ဆာဆေးကုသမှုခံယူနေတာ စတဲ့အခြေအနေတွေမှာလည်း ယူရစ်အက်စစ်တက်နိုင်ပါတယ်။ ယူရစ်အက်စစ်တက်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ခံစားရတဲ့လက္ခဏာတွေလည်း ကွဲပြားနိုင်ပါတယ် (ဥပမာ-ဂေါက်ရောဂါကြောင့်ဆိုရင် အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာ၊ တောင့်တင်းနေတာတွေခံစားရနိုင်ပါတယ်)။ ဘာကြောင့်ဖြစ်သလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသနည်းလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။

ကယ်လ်စီယမ် အောက်ဇဲလိတ် (Calcium oxalate)

ကျောက်ကပ်ကျောက်တည်မှုအတော်များများက ဒီအမှုန်အမွှားတွေကြောင့်ဖြစ်ရတာပါ။ အောက်ဇဲလိတ်ဓာတ်ကို အစားအစာအတော်များများမှာ တွေ့ရပြီး ဆီးထဲမှာ အောက်ဇဲလိတ်ဓာတ်တွေ တအားများလာရင် ကျောက်တည်တဲ့အထိဖြစ်နိုင်ပါတယ်။ ရေသောက်နည်းတဲ့သူတွေ၊ အူလမ်းကြောင်းပြဿနာရှိတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ၊ အသားအစားများသူတွေ၊ အချိုအစားများသူတွေက တခြားသူတွေထက် ကျောက်ပိုတည်နိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ဖို့ဆိုရင် ရေများများသောက်ဖို့၊ အဆီအဆိမ့်တွေ၊ အငန်တွေလျှော့စားဖို့ အရမ်းအရေးကြီးပါတယ်။

စစ်စတင်း (Cystine stones)

သူကတော့ ကျောက်ကပ် (ဒါမှမဟုတ်) ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့ အားပေးတဲ့ နောက်ထပ်ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ စစ်စတင်းကျောက်တွေက တခြားဆီးကျောက်အမျိုးအစားတွေထက် ပိုကြီးလေ့ရှိပြီး ကုသပြီးရင်လည်း ပြန်ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက မျိုးရိုးလိုက်ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် အဖြစ်နည်းပါတယ်။

ကိုလက်စထရော (Cholesterol)

ရိုးရိုးဆီးထဲမှာရော အက်စစ်ဓာတ်များတဲ့ ဆီးနမူနာထဲမှာပါ ကိုလက်စထရောဓာတ်တွေ့ရနိုင်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်ပြီး ကုသဖို့လိုအပ်တဲ့ အခြေအနေပါ။ မကုသဘဲ ဒီအတိုင်း ထားလိုက်ရင် နောက်ပိုင်းမှာ ကျောက်ကပ်တဖြည်းဖြည်းပျက်စီးတဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။

ဘီလီရူဘင် (Bilirubin)

သွေးနီဥတွေပျက်စီးရင် ဘီလီရူဘင်ဓာတ်ထွက်လာပါတယ်။ ဆီးထဲမှာ ဘီလီရူဘင်ဓာတ်တွေအများကြီး ပါနေခြင်းက အသည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တာ (ဒါမှမဟုတ်) အသည်းပျက်စီးနေတာကို ဖော်ပြပါတယ်။

ကယ်လ်စီယမ် ကာဘိုနိတ် (Calcium carbonate)

ကယ်လ်စီယမ်ဓာတ်ရဖို့ သောက်သုံးတဲ့ ဖြည့်စွက်စာထဲမှာပါဝင်တဲ့ ကယ်လ်စီယမ် ကာဘိုနိတ်ဓာတ်က ကျောက်ကပ်ကျောက်တည်တာနဲ့ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ဆီးထဲမှာ ကယ်လ်စီယမ်ကာဘိုနိတ် အမှုန်အမွှားတွေပါနေရင် ကယ်လ်စီယမ်ဓာတ်အားဆေးအစား တခြားနည်းနဲ့ ကယ်လ်စီယမ်ဓာတ် ရအောင်လုပ်တာ ပိုသင့်တော်ပါလိမ့်မယ်။

လူဆင်း (Leucine) နှင့် တိုင်ရိုဆင်း (Tyrosine)

ဒီဓာတ်တွေက ပုံမှန်ဆီးထဲမှာမပါဝင်ဘဲ အက်စစ်ဓာတ်များတဲ့ ဆီးထဲမှာပါလာတတ်ပြီး များသောအားဖြင့် အသည်းရောဂါ ဆိုးဆိုးဝါးဝါးခံစားနေရသူတွေမှာ တွေ့ရတတ်ပါတယ်။

ဒါတွေကတော့ ဆီးထဲမှာတွေ့ရလေ့ရှိတဲ့ ပုံမှန်မဟုတ်သော အမှုန်အမွှားတွေ ဖြစ်ပါတယ်။ ဆီးထဲအမှုန်အမွှားတွေ ပါမပါကို urinalysis (urine RE) လို့ခေါ်တဲ့ စမ်းသပ်မှုလုပ်ပြီး စစ်ဆေးနိုင်ပါတယ်။ဒီစမ်းသပ်မှုက ငွေကုန်ကြေးကျသိပ်မများသလို ဆီးကိုပဲစစ်ဆေးတာဖြစ်လို့ အလုပ်လည်းမရှုပ်ပါဘူး။ ရလာတဲ့စစ်ဆေးချက် အဖြေကိုကြည့်ပြီး လိုအပ်တဲ့အကြံပေးကုသမှုတွေ ဆက်ပြီးခံယူရမှာပဲဖြစ်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် မကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာ သိပါသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်…

ကိုဗစ် ဆီးလမ်းကြောင်းပိုးဝင် ဆီးအောင့် ရေသောက် ရေဓာတ် ဗီတာမင်စီ အချဉ်ဓာတ် အသီးအနှံ အထိုင်များ အကာအကွယ် ကြက်စွပ်ပြုတ် သစ်သီးဖျော်ရည် ဘက်တီးရီးယား ပိုးသတ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေကတော့အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာအသစ်ပြန်ဖြစ်ပါတယ်။ အသည်းကထိခိုက်ပါများရင် ရောဂါဖြစ်လာပါမယ်။

ရေးသားသူ Dr. Thiha Phyo Myint
အသည်းကင်ဆာ, ကျန်းမာရေးစင်တာ စက်တင်ဘာ 25, 2020 . 2 mins read

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေး ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 2 mins read
သီးသီးအကြောင်း သိကောင်းစရာ

သီးသီးအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 1 min read