backup og meta

သွေးတိုး တတ်ရင် ဒါတွေရှောင်...........

သွေးတိုး တတ်ရင် ဒါတွေရှောင်...........

သွေးတိုး တတ်ရင် ဒါတွေရှောင်……….. သွေးတိုး တာက သေလောက်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ထင်စရာရှိပေမယ့် မဆင်မခြင်နေမယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာ အသေအချာပါ။ သွေးတိုး ကြောင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ သွေးတိုး ကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မတက်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။

သွေးတိုး တယ်ဆိုတာ

သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ

သွေးတိုး ရှိရင် ဘာတွေဂရုစိုက်ရမလဲ…………

သွေးတိုး ရှိမယ်ဆိုရင်

  • အစားအသောက်ဂရုစိုက်ရပါမယ်
  • နေထိုင်မှုပုံစံ ဂရုစိုက်ရပါမယ်
  • နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိနေဖို့ လိုပါမယ်
  • လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုရယူရပါမယ်။

သွေးတိုး တတ်ရင် ဒါတွေရှောင်………..

သွေးတိုးရှိနေတယ်ဆိုရင် သွေးပေါင်ချိန်တက်လာမှ မဟုတ်ဘဲ။ နေ့စဉ်တိုင်းမှာလည်း ဒီအချက်တွေကို ဂရုစိုက်ဖို့လိုပါမယ်။ ဒါ​ကြောင့် သွေးတိုးရှိနေတယ်ဆိုရင် ဒီအစားအစာလေးတွေကို ဂရုစိုက်ပေးဖို့လိုပါမယ်။ သွေးတိုး တတ်ရင် ဒါတွေရှောင်………..

အားဖြည့်အချိုရည်

အားဖြည့်အချိုရည်က ကော်ဖီလိုပါပဲ။ ကဖင်းအများအပြားပါဝင်နေပါတယ်။ နောက်တစ်ခုက အားဖြည့်အချိုရည်တွေမှာ ကဖင်းအပြင် ဆိုဒါ ပါဝင်နေတာပါ။ ဒီလို ဆိုဒါ နဲ့ ကဖင်း ပါဝင်မှုကပဲ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပြီး သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် အားဖြည့်အချိုရည်ကို မသောက်သင့်ပါဘူး။

ပီဇာ

ပီဇာမှာ ချိစ် နဲ့ ဆားပါဝင်မှုများတဲ့ ခရမ်းချဉ်သီးဆော့စ်တွေ ပါဝင်နေပါတယ်။ သဘောကတော့ ပီဇာက သွေးပေါင်တက်စေလောက်မယ့် ကာဗိုဟိုက်ဒရိတ်နဲ့ ဆိုဒီယမ်ပါဝင်မှု များနေတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် သွေးတိုးရှိရင် ပီဇာမစားပါနဲ့။ တစ်စိတ်ဆိုရင်တောင် သွေးပေါင်ချိန်ကို တော်တော်လေး တက်စေနိုင်ပါတယ်။

ပြုပြင်ထားတဲ့ အသားတွေ

ကြက်အူချောင်း၊ ဝက်အူချောင်းတို့လိုမျိုး ပြုပြင်ထားတဲ့ အသားတွေထဲမှာ ဆိုဒီယမ် နဲ့ ပြည့်ဝဆီတွေ ပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်းကိုက်စေတာ၊ သွေးကြောတွေထဲမှာ အဆီတွေစုတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေက သွေးတိုးတတတ်သူတွေအတွက် အဆင်မပြေလောက်ဘူးဆိုတာ ပြောနေစရာမလိုအောင်ပါ။

ဝက်ပေါင်ခြောက်က စားရတာ အရသာရှိပေမယ့် ဝက်ပေါင်ခြောက်ကြော်မှာပါတဲ့ အာဟာရဓာတ်တွေက ကျန်းမာရေးအတွက် မကောင်းတာ အမှန်ပါ။ ဝက်ပေါင်ခြောက်တစ်ခုမှာတင်ပါတဲ့ ဆိုဒီယမ် နဲ့ အဆီတွေကတင် သွေးတိုးစေဖို့ လုံလောက်နေပါပြီ။
အယ်လ်ကိုဟောက သွေးကြောတွေကို တင်းစေပါတယ်။ အယ်လ်ကိုဟောသောက်လိုက်တဲ့အခါ သွေးကြောတွေက တင်းသွားပြီး နှလုံးက လုပ်ဆောင်ဖို့ ခက်သွားပါတယ်။ ဒီအခြေအနေက သွေးတိုးစေဖို့ အားပေးပါလိမ့်မယ်။ ဒါ​ကြောင့် သွေးတိုးရောဂါရှိနေရင် အရက်ကိုရှောင်ပါလို့ ပြောပါရစေ။
ဆီသွတ်ဗူးတွေက စားရတာလွယ်တယ်၊ အရသာရှိတယ်ဆိုပေမယ့် ဆိုဒီယမ်ပါဝင်မှုမြင့်သလို တာရှည်ခံဆေးတွေ ပါဝင်နေတာကလည်း အသေအချာပါ။ ဒါကြောင့် ဆီသွတ်ဗူးတွေ စားသုံးတာကလည်း သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် မစားတာအကောင်းဆုံးပါ။
တရုတ်ဟင်းလျာတွေမှာ ဆိုဒီယမ်ပါဝင်မှုက အခြားဟင်းလျာတွေထက် ပိုများနေပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် တရုတ်ဟင်းလျာတွေကို အများကြီး မစားဖို့ ပြောပါရစေ။
အဆီပြည့်နို့မှာ ပြည့်ဝဆီတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုပြည့်ဝမှုကပဲ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် အဆီပြည့်နို့တွေကို မသောက်တာက အကောင်းဆုံးဖြစ်မှာပါ။
အာလူးချောင်းကြော်မှာ ပြည့်ဝဆီ နဲ့ ဆိုဒီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဆီကြော်စာတွေထဲမှာ ပြည့်ဝဆီတွေပါဝင်မှုက အခြားအစားအစာတွေထက်ပိုများနေပါတယ်။ ဒါ့အပြင်အာလူးချောင်းကြော်မှာဆိုရင် ဆိုဒီယမ်ပါဝင်မှုကလည်း များနေနိုင်ပါတယ်။ ဒီလို ဆိုဒီယမ်ရော အဆီပါ ပါဝင်မှုများနေမှတော့ အာလူးချောင်းကြော်က သွေးတိုးစေမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။
ဆီတွေ၊ ထောပတ်တွေထပ်မရောထားရင်တောင်မှ ကြက်အရေခွံမှာ ပြည့်ဝဆီပါဝင်နေမှုက တော်တော်လေးများပါတယ်။ တကယ်လို့များ ကြက်အရေခွံကို ဆီနဲ့ ကြော်လိုက်မယ်ဆိုရင် အဆီပါဝင်မှုက တော်တော်လေးများသွားမှာပါ။ ဒီအခြေအနေက သင့်ကို သွေးတိုးစေမယ်ဆိုတာ ပြောနေဖို့တောင် မလိုလောက်အောင်ပါ။
မြေပဲထောပတ်မှာ ဆားပါဝင်မှုတော်တော်လေးများပါတယ်။ ဒါတစ်ခုတည်းတင်မဟုတ်ပါဘူး။ မြေပဲထောပတ်ထဲမှာ ပြည့်ဝဆီပါဝင်မှုကလည်း တော်တော်လေးများပါတယ်။ ဒီအချက်နဲ့တင် သွေးကြောတွေထဲမှာ အဆီဖြစ်စေနိုင်တယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် မြေပဲထောပတ်ကို တတ်နိုင်သမျှလျှော့စားပါ။
ကော်ဖီမှာ ဆားရော ပြည့်ဝဆီပါ ပါဝင်မှု မမြင့်မားပေမယ့် ကဖင်းပါဝင်နေမှုကြောင့် သွေးတိုးစေနိုင်ပါတယ်။ အကြောင်းကတော့ ကော်ဖီမှာပါဝင်တဲ့ ကဖင်းက လူကို တက်ကြွလန်းဆန်းနေစေပြီး နှလုံးကို ပုံမှန်ထက်သွေးညှစ်ထုတ်စေတာကြောင့် သွေးတိုးစေနိုင်တာပါ။
ဆားရည်စိမ်ထားတဲ့ အစားအစာတွေ
ဆားရည်စိမ်ထားတဲ့ အစားအစာတွေမှာ ဆိုဒီယမ်ပါဝင်မှုက တော်တော်လေးများနေပါတယ်။ ဆားရည်စိမ်ထားတဲ့ စားစရာတစ်လုတ်စာတိုင်းမှာ ဆိုဒီယမ်ပါဝင်မှုက ၁၁၀၀ မီလီဂရမ်ပါဝင်နေပြီး တစ်နေ့တာစားသုံးရမယ့် ဆိုဒီယမ်ပမာဏထက်ကို ပိုများနေပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် အကောင်းဆုံးက ဆားရည်စိမ်တွေကို မစားပါနဲ့။
ပြောင်းဖူးပေါက်ပေါက်က ဆားပါဝင်မှုများတာကြောင့် စားခါနီးတိုင်း သေချာလေး စဉ်းစားဖို့လိုပါမယ်။ ပြောင်းဖူးပေါက်ပေါက် တစ်ခွက်စာမှာ ဆိုဒီယမ်ပါဝင်မှုက ၁၀၅၈ မီလီဂရမ်အထိ ပါဝင်နေတာကြောင့် သွေးတိုးရှိနေတယ်ဆိုရင် မစားတာအကောင်းဆုံးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

20 Foods that Lower Blood Pressure & 10 To Avoid https://www.bistromd.com/high-blood-pressure/10-foods-to-avoid-with-high-blood-pressure Accessed Date 4 February 2020

Fifteen good foods for high blood pressure https://www.medicalnewstoday.com/articles/322284.php Accessed Date 4 February 2020

25 Dangerous Foods for those with High Blood Pressure http://luxxory.com/25-dangerous-foods-for-those-with-high-blood-pressure/24/ Accessed Date 4 February 2020

ယခုပုံစံ

09/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ

မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement