စင်္ကြန်လျှောက်တာကို ဘယ်လိုနေရာမျိုးမှာ လုပ်ရင် အကောင်းဆုံးလဲ။
ပုံမှန်ကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ တရားစခန်းလို နေရာမျိုး၊ ပန်းခြံ၊ သဘာဝ တောတောင်ဒေသတွေမှာ လမ်းလျှောက်ပေးတာ အကောင်းဆုံးပါပဲ။ အဓိက စိတ်အာရုံကို စုစည်းပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်တာကြောင့် အသံဆူနေတဲ့ နေရာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပေးပါ။
အခုလို Covid-19 ကပ်ဘေး ကာလမှာဆိုရင်တော့ အပြင်ထွက် လမ်းလျှောက်တာမျိုးထက် ကိုယ့်အိမ်ထဲမှာ၊ သို့မဟုတ် ကိုယ်ပိုင် အိပ်ခန်းထဲမှာ လမ်းလျှောက်တာက အကောင်းဆုံး ဖြစ်မှာပါ။ လေဝင်လေထွက်ကောင်းတဲ့၊ ဆူညံသံ အလွန်နည်းတဲ့ အခန်းမျိုးကို အဓိက ရွေးချယ်ပါ။
ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး၊ ဘယ် ဘာသာဝင်မဆို၊ ဘာသာရေးကို အယုံအကြည် မရှိသူတွေပါ ကျန်းမာရေး အလေးပေး လေ့ကျင့်ခန်း အဖြစ်နဲ့ လုပ်လို့ ရပါတယ်။ အသက်အရွယ် မရွေး လုပ်လို့ ရတယ်။ အသက်ကြီး ဘိုးဘိုး၊ ဘွားဘွား အရွယ်တွေ၊ လှုပ်ရှားမှု နည်းတဲ့သူတွေ၊ စိတ်ဖိစီးမှု အရမ်းများတဲ့သူတွေ ပိုလုပ်ပေးသင့်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။