နေ့စဉ်လှုပ်ရှားမှုတိုင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ အာဟာရဓာတ်လိုအပ်သလို ဓာတ်ဆားဓာတ်ကလည်း ချန်ထားလို့မဖြစ်တဲ့အရာ တစ်ခုပေါ့။ နေ့စဉ်လှုပ်ရှားမှုတွေ လုပ်ရင်ဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတွေ လုပ်ရင်ဖြစ်ဖြစ် ထွက်သွားတဲ့ ချွေးတွေကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်တွေက အစဉ်မပြတ် ဆုံးရှုံးနေပါတယ်။ ဒီဓာတ်တွေကို အစားအသောက်တွေက ဖြည့်တင်းနိုင်တယ် ဆိုပေမယ့် ဝမ်းပျက်တာမျိုး၊ ဖျားနာတာမျိုး ဖြစ်တဲ့အခါ လုံလောက်တဲ့ ဓာတ်ဆားဓာတ်ကို အစားအသောက်တွေကနေတဆင့် ပြန်လည် မဖြည့်တင်းနိုင်တဲ့အခါ ဓာတ်ဆားရည်ကို တပ်ကူခေါ်ဖို့လိုလာမှာပါ။
- ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးတယ်
- သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်
- ကြွက်သားတွေ ကျုံ့ဆန့်မှုကို ကောင်းစေတယ်
- နှလုံး ကျန်းမာစေတယ်
- သွေးတွင်း အက်ဆစ်ပမာဏကို ထိန်းညှိပေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။