Cavernous sinus thrombosis

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020
Share now

Cavernous sinus thrombosis ဆိုတာဘာလဲ။

အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးတွေမှာပါ တွေ့၇တဲ့ အသက်အန္တရာယ်ပေးနိုင်တဲ့ ဖြစ်လေ့ဖြစ်ထနည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
မျက်လုံးအိမ်အနောက်ဘက် ဦးနောက်အောက်မှာရှိတဲ့ အခေါင်းပေါက်ကနေ ဖြတ်သွားတဲ့သွေးပြန်ကြောတွင်း သွေးခဲပိတ်ဆို့နေခြင်းဖြစ်ပါတယ်။ ဒီသွေးပြန်ကြောကြီးတွေဟာ မျက်နှာနဲ့ဦးခေါင်းကနေ နှလုံးဆီကို သွေးရောက်ရှိဖို့ အဓိကပါဝင်ပတ်သက်နေပါတယ်။ အဖြစ်များတဲ့အကြောင်းရင်းကတော့ ကူးစက်ပိုးဝင်ခြင်းဖြစ်ပါတယ်။ အခြားအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီကူးစက်ပိုးဝင်ခြင်းက အသက်အန္တရာယ်စိုးရိမ်ရပြီး ပဋိဇီဝပိုးသတ်ဆေးနဲ့ တစ်ခါတစ်ရံ ခွဲစိတ်ဖယ်ထုတ်ခြင်းမျိုးနဲ့ ချက်ချင်းကုသမှုပေးသင့်ပါတယ်။

Cavernous sinus thrombosis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဖြစ်ပွားမှုနှုန်းနည်းပါတယ်။ ဖြစ်ပွားသူဦးရေ ရာဂဏန်းလောက်သာ ရှိပါတယ်။ လူတိုင်းမှာ ဖြစ်ပွားနိုင်ချေနှုန်းတူတူပဲဖြစ်ပါတယ်။
ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Cavernous sinus thrombosis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Cavernous sinus thrombosis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အပြင်းအထန်ခေါင်းကိုက်ခြင်း
  • မျက်လုံးတစ်လုံးဒါမှမဟုတ် နှစ်ဖက်လုံး အနားတစ်ဝိုက် ရောင်ရမ်းခြ်ငး၊ နီမြန်းခြင်း၊ အထိမခံနိုင်ဖြစ်ခြင်း
  • မျက်ခွံကျခြင်း
  • မျက်လုံးမရွေ့နိုင်ခြင်း
  • အဖျားကြီးခြင်း
  • မျက်နှာနဲ့မျက်လုံးတစ်ဝိုက် နာခြင်း၊ ထုံကျဉ်ခြင်း
  • မောပန်းလွယ်ခြင်း
  • အမြင်အာရုံဆုံးရှုံးခြင်း၊ နှစ်ထပ်မြင်ခြင်း
  • တက်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Cavernous sinus thrombosis ဖြစ်ပွားစေသလဲ။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။
ကူးစက်ပိုးဝင်ခြင်းကြောင့် အဓိကဖြစ်တယ်လို့လက်ခံထားကြပါတယ်။ ကူးစက်ပိုးက မျက်နှာ၊ လေအိတ်နဲ့ သွားတွေထိပါ ပြန့်သွားပါတယ်။ နားနဲ့မျက်လုံးကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ချေတော့နည်းပါတယ်။
ကူးစက်ပိုးဝင်တဲ့အခါမှာ ဘတ်တီးရီးယားနဲ့အခြားကူးစက်ပိုးတွေ
ပျံ့နှံ့သွားခြင်းမဖြစ်ရအောင် ခန္ဓါကိုယ်ခုခံအားစနစ်က သွေးခဲခြင်းကိုဖြစ်စေပါတယ်။ သွေးခဲက ဦးနှောက်အတွင်းဖိအားကို များစေပါတယ်။ ဦးနှောက်ကိုထိခိုက်ပျက်စီးစေနိုင်ပြီး နောက်ဆုံးမှာသေဆုံးသွားစေနိုင်ပါတယ်။
အချို့ဖြစ်လေ့ဖြစ်ထနည်းတဲ့ကိစ္စအချို့မှာတော့ ဦးနှောက်ကိုပြင်းပြင်းထန်ထန်ထိခိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ သွေးခဲနိုင်ချေနှုန်းမြင့်စေတဲ့ ရောဂါအခံရှိတဲ့လူတွေ ဆေးမှီဝဲနေရသူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ဘယ်အရာတွေက Cavernous sinus thrombosis ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အရွယ်ရောက်ပြီးသူနဲ့ ကလေးအရွယ်တွေမှာ ဖြစ်နိုင်ချေနှုန်းကွဲပြားနိုင်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။
အရွယ်ရောက်ပြီးသူများ
ကိုယ်ဝန်ျေဆာင်များနဲ့ မီးဖွားပြီးပထမရက်သတ္တပတ်များ
သွေးခဲခြင်းဆိုင်ရာပြဿနာများ- ဥပမာအားဖြင့် အန်တီဖော့စဖိုလစ်ပဒ် ရောဂါစု၊ ပရိုတိန်းဆီ အက်စ်ချို့တဲ့ခြင်း၊ အန်တီသရွန်ဘင်ချို့တဲ့ခြင်း၊ lupus anticoagulant, or factor V Leiden mutation
ကင်ဆာ
lupus, Wegener’s granulomatosis, and Behcet syndromeကဲ့သို့သော ကော်လာဂျင်သွေးကြောဆိုင်ရာရောဂါများ
အဝလွန်ခြင်း
ဦးနှောက်အတွင်း သွေးဖိအားနည်းခြ်င်း
အူမကြီးရောင်ခြင်းကဲ့သို့သော အူလမ်းကြောင်းရောင်ရမ်းခြင်းရောဂါများ
သွေးခဲခြင်းဆိုင်ရာပြဿနာများ
သွေးနီဥဆဲလ်များပုံစံပြောင်းခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ
နာတာရှည်သွေးနီဥဆဲလ်များပျက်စီးသွားခြင်းသွေးအားနည်းရောဂါ
သွေးနီဥဆဲလ်များထုတ်လုပ်မှုကို ပုံမမှန်ဖြစ်ပေါ်စေပြီး သွေးနီဥဆဲလ်သက်တမ်းတိုစေတဲ့ မျိုးရိုးလိုက်တတ်တဲ့သွေးရောဂါ
မွေးရာပါနှလုံေးရာဂါ
သံဓါတ်ချို့တဲ့ခြင်း
ကူးစက်ပိုးများ
ရေဓါတ်ခန်းခြောက်ခြင်း
ဦးခေါင်းထိခိုက်မိခြင်း
မိခင်မှာကူးစက်ပိုးဝင်နေသည့်မိခင်ဒါမှမဟုတ် ကလေးမရနိုင်သည့်ရာဇဝင်ရှိဖူးသည့် မိခင်မှမွေးဖွားလာသည့်မွေးကင်ကလေးစများ

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Cavernous sinus thrombosis ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်ဆရာဝန်က ဒီအခြေအနေနဲ့ပတ်သက်ပြိး သံသယရှိနေမယ်ဆိုရင် ခန္ဓါကိုယစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။
အမ်အာအိုင်စကင်န်ဖတ်ခြင်း
စီတီစကန်
နားထင်အောက်ဦးခေါင်းရိုးထဲမှာရှိတဲ့လေအိတ်များရောင်ရမ်းခြင်းကို အတည်ပြုရာမှာ အသုံးဝင်ပါတယ်။ နောက်ကျိကျိဖြစ်ခြင်း၊ ခက်ထန်ခြင်း၊နဲ့ လေများအရည်များတွေ့ရလေ့ရှိပါတယ်။ စီတီစကန်က အခံလေအိတ်ရောင်ခြင်း၊ မျက်စိဆိုင်ရာအထက်သွေးပြန်ကြောထူခြင်းနဲ့ သွေးပြန်ကြောထုံးအတွင်း ပုံမမှန်ခြင်းများကို ပြသပေးပါတယ်။ ရောဂါစစချင်းမှာ တွေ့ရှိချက်တွေကသာမန်အတိုင်းဖြစ်နေတတ်ပါတယ်။။
သွေးပြန်ကြောမှတ်တမ်းယူခြင်း
သွေးေကြောမှတ်တမ်းယူခြင်း
ဓါတ်မှန်ရိုက်ခြင်း
သွေးစစ်ခြင်း

Cavernous sinus thrombosis ကို ဘယ်လိုကုသလဲ။

ကုသမှုက ချက်ချင်းပေးသင့်ပြီး ဆေးရုံတက်သင့်ပါတယ်။ ဆရာဝန်တွေညွှန်ကြားလေ့ရှတဲ့ကသမှုအချို့ကတော့
အရည်များ
ကူစက်ပိုးဝင်နေလျှင် ပဋိဇီဝပိုးသတ်ဆးများပေးခြင်း
ပဋိဇီဝပိုးသတ်ဆေးပေးခြင်းက အဓိကကုသမှုဖြစ်ပါတယ်။ ဘတ်တီးရီးယားကူးစက်ပိုးဝင်နေခြင်းကို အတည်မပြုနိုင်သေးခင်မှာတောင် ကုသမှုကတတ်နိုင်သမျှမြန်မြန်စသင့်ပါတယ်။။ စမ်းသပ်ချက်အရေ ဘတ်တိးရီးုယားေကြောင့်မဟုတ်မှသာ ပဋိဇီဝဆေးသုံးကုသမှုကို ရပ်သင့်ပါတယ်။
လူအများစုမှာ ဘတ်တီးရီးာယားကိုယ်ထဲမှလုံးလုံးထွက်သွားဖးု့ အနည်းဆုံးသုံးပတ်ကနေလေးပတ်လိုပါတယ်။ ဆရာဝန်တွေက ပဋိဇီဝဆေးပမာဏပြင်းပြင်းကိုသုံးပြီး ကုသပါလိမ့်မယ်။ အကြောဆေးအနေနဲ့ပေးလေ့ရှိပါတယ်။
အတက်ရောဂါဖြစ်ခဲ့မယ်ဆိုရင် ထိန်းချူပ်ဖို့ အတက်ရောဂါဆန့်က်ျင်ဆေးများ
ဦးခေါင်းအတွင်းသွေးဖိအားကို စောင့်ကြည့်ထိန်းချူပ်ခြင်း
သွေးခဲခြင်းကိုတားြ်မစ်ပေးတဲ့ဆေးများ
ခွဲစိတ်ကုသခြင်း
ဦးနှောက်လုပ်ဆောင်ချက်များ အဆက်မပြတ်စောင့်ကြည့်ခြင်း
မျက်လုံးအမြင်စူးရှမှုကိုတိုင်းတာခြင်းနဲ့ ပြောင်းလဲမှုများကိုစောင့်ကြည့်ခြင်း
ပြန်လည်ကျန်းမာလာအောင်အားမွေါးခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Cavernous sinus thrombosis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Cavernous sinus thrombosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကျန်နးမာရေးနဲ့အညီစားသောက်ခြင်း
ကိုယ်အလေးချိန်ကိုသင့်တင့်အောင် ထိန်းခြင်း
ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်း
အရက်ကိုကန့်သတ်အတိုင်းအတာထားသောက်ခြင်း
ဆေးလိပ်မသောက်ခြင်း
စိတ်ဖိစီးမှုကိုထိန်းချုပ်ခြင်း
အသက်ဖြည်းဖြည်းပြင်းပြင်းရှူလေ့ကျင့်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတိုးနဲ့ COVID-19

COVID-19 ကူးစက်ရောဂါ၊ နှလုံး၊ သွေးတိုး၊ အဖျားဝေဒနာ၊ တုပ်ကွေးဝေဒနာ၊ ဆေးဝါးမှီဝဲ၊ လုံလောက်စွာ ဖြည့်တင်း၊ ရောဂါလက္ခဏာ၊ လူစုလူဝေး၊ ပိုးကူးစက်ခံရချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အိမ်ပြင်ကို ထွက်မယ့် ခြေလှမ်းတွေ ခဏလောက် တုံ့ဆိုင်းထားပါဦး

ရောဂါလက္ခဏာ COVID-19 အမျိုးသားတွေ ဦးနှောက် အသက်ကြီးပိုင်း ကပ်ရောဂါ ရောဂါပိုး ရေမလို လက်သန့်စင်ဆေးရည် အချိန်ကို အကျိုးရှိစွာ အသုံးချပေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သိထားဖို့လိုမယ့် COVID-19 အကြောင်း

ကမ္ဘာ့ကပ်ရောဂါ COVID–19 Coronavirus အသက်ရှူလမ်းကြောင်း ချောင်းဆိုးတာ ကိုင်တွယ်ထိတွေ့ လက္ခဏာတွေ လက်ဆေး ရောဂါပိုး တံထွေး ချွဲအစအန နှာခေါင်း ပါးစပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Covid 19 ကို စိုးရွံ့ထိတ်လန့်နေရချိန်မှာ မဖြစ်မနေ ခရီးသွားရတော့မယ်ဆိုရင်

Covid 19 ကူးစက်ရောဂါ ချောင်းဆိုး Social distancing လက်ဆေးဆပ်ပြာရည် နှာချေ Mask တိရစ္ဆာန်များ အစားအသောက်တွေ ပါးစပ် ရောဂါလက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 29, 2020
အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020
အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020