backup og meta

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေ ကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။ အူလေးတွေ ကျန်းမာမှ အစာအာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတော့မှာပေါ့။ ဒီတစ်ခေါက်တော့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အူလေး ကျန်းမာစေဖို့ ဘာတွေ စားရမလဲ ဆိုတာကို ပြောပြပေးသွား ပါမယ်။

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

အူလေး ကျန်းမာစေဖို့ ဘာတွေစားရမလဲ။

အစာခြေစနစ်ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အူလေး ကျန်းမာစေဖို့

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတဲ့ ကြက်သွန်ဖြူက အခြား အစိတ်အပိုင်းတွေကို ကျန်းမာစေသလို အူလေးတွေ ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။

ဒါ့အပြင် ကြက်သွန်ဖြူမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဒိန်ချဉ်က အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်ခု ဖြစ်တာကြောင့် အူတွေကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အူအတွင်းက အဆိပ်အတောက်တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေ ကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင် ပါတယ်။

သရက်သီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို အားဖြည့်ပေး ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အူလမ်းကြောင်း တလျှောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။

အူလေးတွေ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာ တစ်မျိုး ပေါ့။

ထောပတ်သီးက အာဟာရ ကြွယ်ဝသလို အူ ကျန်းမာရေးကို ထောက်ပံ့ပေးမယ့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ် တို့လည်း ပါဝင်နေ ပါတယ်။ လေပွတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အူလမ်းကြောင်းကို ကျန်းမာစေမှာပါ။

ဆေးဖက်ဝင်တဲ့ ကြက်သွန်နီက အူလေးတွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အကြောင်းကတော့ ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်တာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်လို့ပါ။

ဟင်းနုနွယ် နဲ့ ကိုက်လန်တို့ လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝသလို ဖောလိတ်၊ ဗီတာမင်A၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့ ပါဝင် နေတာကြောင့် အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပြီး အူတွေကို ကျန်းမာစေပါတယ်။

ကဲ… အခု ပြောခဲ့တာလေးတွေကို စားသုံးပြီး ခန္ဓာကိုယ် အာဟာရ ပြည့်ဝရေး အတွက် အရေးပါတဲ့ အူလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်နော်။

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းက အူ​လေး ကျန်းမာစေဖို့ အစားအသောက်ကိုတင် ဂရုစိုက်ရတာ မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ရှိဖို့လည်း လိုပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Small & Large Intestine https://training.seer.cancer.gov/anatomy/digestive/regions/intestine.html Accessed Date 23 September 2020

Small bowel bacterial overgrowth https://medlineplus.gov/ency/article/000222.htm Accessed Date 23 September 2020

ယခုပုံစံ

07/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မပေါ့ဆသင့်တဲ့ အစာအိမ်အူလမ်းကြောင်း လက္ခဏာများ

အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ