backup og meta

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း

ဆီးချိုဆိုတာက autoimmune disease တစ်မျိုးပါ။ အထူးသဖြင့် အမျိုးအစား (၁) ဆီးချိုရောဂါပေါ့။ အမျိုးအစား (၁) ဆီးချိုရောဂါက ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝမထုတ်နိုင်တာပါ။ အမျိုးအစား (၂) ဆီးချိုရောဂါကတော့ အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာကြောင့် ဖြစ်နိုင်သလို အင်ဆူလင်ကို အဆင်ပြေပြေ အသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆီးချိုရောဂါရှိသူတွေဟာ ပုံမှန် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေရဲ့ ကိုယ်တွင်းက သွေးဖြူဥတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့်ပါ။ ဒီတော့ ဆီးချိုရှိသူတွေ အနေနဲ့ ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်ကူးစက်မှု ကင်းစေဖို့ ကိုယ်ခံအား ကောင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးပါ့မယ်။

ဆီးချိုရှိသူတွေ ကိုယ်ခံအား မြှင့်တင်နိုင်ဖို့

ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်

အစားအစာတွေက ကိုယ်ခံအားကို မြှင့်တင်ပေးသလို သွေးချိုကို ထိန်းညှိဖို့လည်း အထောက်အကူပြုပေးပါတယ်။ နေ့စဉ် အချိန်အဆ မှန်မှန်စားသုံးပေးတာက ကျန်းမာစေဖို့ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် အထူးဂရုစိုက်ရပါမယ်။ ရေဓာတ်ပြည့်ဝစေဖို့အတွက်က ရေများများသောက်ပေးတာအပြင် လတ်ဆတ်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုလည်း  စားပေးလို့ ရပါတယ်။

အစားအစာတွေ ရွေးချယ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ ဘယ်ရီသီးတွေ၊ အနက်ရောင်ချောကလက်နဲ့ နနွင်းလိုမျိုး အရာတွေကို ရွေးချယ်ဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ အချိုကဲတာ၊ အဆီများတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေ မပါဝင်ဖို့ ဂရုပြုပါ။

အစားစာတဲ့အခါ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို အချိုးကျ ပါဝင်အောင် ပြင်ဆင်ပါ။ အစားကို အချိန်မှန်မှန် စားပေးဖို့လည်း မမေ့ပါနဲ့။ အချိန်မှန် စားသောက်တာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။

ဆီးချိုကြောင့် နောက်ဆက်တွဲ နှလုံး မထိခိုက်စေဖို့လည်း နေ့စဉ်စားသုံးမှုမှာ Omega-3 fatty acids ပါဝင်အောင် ပြင်ဆင်ပါ။ Omega-3 fatty acids က နှလုံး ကျန်းမာစေသလို စိတ်ဖိစီးတာကို သက်သာစေနိုင်ပါသေးတယ်။

ထမင်းကို ပန်းကန်လုံး တစ်လုံးစာလောက်ပဲစားပြီး အသီးအရွက် များများစားပေးပါ။ အဆီမပါတဲ့အသား၊ ငါးတို့ကို စားပေးလို့ ရပါတယ်။

အာဟာရပြည့်ဝမှလည်း ကိုယ်ခံအားက ကောင်းမှာပါ။ ဒီတော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်း၊ အချဉ်သီးတွေ၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ဗီတာမင် E ကြွယ်ဝတဲ့ ကောက်နှံတွေ၊ အခွံမာသီးတွေ၊ omega-3 fatty acids ကြွယ်ဝတဲ့ မက်ကာရယ်ငါး၊ နှမ်းကြတ်စေ့၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ Bioflavonoids  ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဇင့်ဓာတ် ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ selenium ကြွယ်ဝတဲ့ နေကြာစေ့၊ ဆန်လုံးညို၊ ကြက်သား၊ ကိုယ်ခံအားကောင်းဖို့ အားဖြည့်ပေးနိုင်တဲ့မှို၊ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သံလွင်ဆီ စတာတွေကို ပြည့်ဝစုံလင်အောင်  စားပေးပါ။

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာက သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိရာရောက်သလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဒါ​ကြောင့် နေ့စဉ် အနည်းဆုံး နာရီဝက်လောက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂလုပ်တာမျိုး လုပ်ပေးပါ။

လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှုကောင်းစေပြီး နှလုံးကျန်းမာစေသလို သွေးလည်ပတ်မှုကောင်းစေပါတယ်။ လေဖြတ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် နေ့စဉ် သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

စိတ်ဖိစီးမှုက ရောဂါတွေကို တိုးစေနိုင်ပါတယ်။ သွေးတိုးလိုမျိုး နာတာရှည် ရောဂါတွေဖြစ်စေနိုင်သလို သွေးချိုတက်တာနဲ့ ကိုယ်ခံအားကို ထိခိုက်စေတာတွေပါ ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေက ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ဝါသနာပါရာကို အချိန်ပေးလုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့လို့ ကိုယ်ခံအားကို အားဖြည့်ပါ။

အိပ်ရေးဝတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် နေ့စဉ် အိပ်ချိန် ၇ နာရီကနေ ၈ နာရီကြား ရှိအောင် ဂရုပြုပါ။ ညဘက်တွေမှာ အိပ်မပျော်တာက သွေးတွင်းမှာ cortisol level မြင့်တက်စေပြီး အမျိုးအစား (၂) ဆီးချိုရောဂါကို ဖြစ်စေနိုင်သလို ကိုယ်ခံအားကို အားနည်းစေပါတယ်။

ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဆီးချိုရှိသူတွေအနေနဲ့ အရက်၊ ဆေးလိပ်တို့လိုမျိုး ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ အရာတွေကို မဖြစ်မနေ ဖြတ်တောက်ဖို့ လိုပါမယ်။ ဒါမှ ကိုယ်ခံအား ကောင်းပြီး ရောဂါတွေကနေ ကာကွယ်နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Immune-Boosting Foods for People With Diabetes https://www.everydayhealth.com/type-2-diabetes/immune-boosting-foods-for-people-with-diabetes/ Accessed Date 9 June 2020

6 Ways to Boost Your Immunity with Diabetes https://www.adwdiabetes.com/articles/boost-immunity-diabetes Accessed Date 9 June 2020

Diabetes Still Isn’t Easy: Immune-Boosting Foods to Fight Colds and Flu https://www.healthline.com/health-news/diabetes-foods-to-boost-the-immune-system-020114#4 Accessed Date 9 June 2020

ယခုပုံစံ

16/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement