ဆူရှီက ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပြောရတဲ့ အကြောင်းအရင်း
အများစုလက်ခံထားတာက ဆူရှီကရေညှိ၊ လတ်ဆတ်တဲ့ ပင်လယ်ငါးတွေ၊ ပင်လယ်စာတွေက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါ။ တကယ်လည်းကောင်းတာပါ။ ဂျပန်လူမျိုးတွေက ကမ္ဘာပေါ်ကလူတွေထဲမှာ အသက်ရှည်တဲ့ လူမျိုးစုတွေဖြစ်ကြပြီး သူတို့ရဲ့ စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တာ အမှန်ပါ။
ဆူရှီကို ဒီလိုလုပ်ထားတာပါ
ဆူရှီစားဖူးတယ်ဟုတ်။ ဆူရှီမှာ ဆန်စေးစေးလေးကို အရသာဝင်အောင်နယ်ထားပြီးရေညှိလေးနဲ့ပတ်ထားပါတယ်။ အပေါ်ကနေတော့ ဆယ်လ်မွန်အသားလွှာ၊ တူနာ နဲ့ မက်ကာရယ်ငါးတွေကိုတင်ထားပါတယ်။ ဆူရှီလှလှလေးတွေကို ဝါဆာဘီ အနှစ်ရယ်၊ ပဲငံပြာရည်ရယ်၊ အချဉ်စိမ်ထားတဲ့ ချင်း အလွှာလေးတွေနဲ့စားရတာပါ။ မရောနိစ်နဲ့ တွဲဖက်စားတာမျိုးလည်းရှိပါတယ်။ခြုံပြီးကြည့်လိုက်ရင် ဆူရှီမှာပါတဲ့ အမယ်တွေက ကျန်းမာရေးနဲ့တော်တော်လေးညီညွတ်တာပါ။
ဆီးချိုရှိရင်ရော ဆူရှီစားလို့ရလား
ဆီးချိုရှိတယ်။ ဆူရှီလည်းစားချင်တယ်။ တည့်ပါ့မလားလို့တွေးနေသူတွေကို မစားဖို့ပြောပါရစေနော်။ ဆူရှီက ကျန်းမာရေးအတွက် ညီညွတ်တဲ့ အစားအစာဆိုတာ မှန်ပေမယ့် ဆူရှိလုပ်ရာမှာ သုံးတဲ့ ဆန်ကစေးကပ်မှုများတာကြောင့်သွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဆူရှီမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကလည်းတော်တော်လေးများပါတယ်။ ဆီးချိုရှိသူတွေအတွက် ကာဗိုဟိုက်ဒရိတ်အရမ်းများတဲ့ စားစရာတွေက ဆီးချိုသမားတွေအတွက်လုံးဝမသင့်တော်ဘူးဆိုတာကတော့ အထွေအထူးပြောနေဖို့ မလိုအောင် သိထားပြီးဖြစ်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။