ဖျားနေချိန်မှာ ဘာလို့သွေးတွင်းသကြားဓာတ် မြင့်တက်ရတာလဲ….
အဖျား ရှိတဲ့အခါ ခန္ဓာကိုယ်က ကိုယ်တွင်းကို ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်က မြင့်တက်လာနိုင် ပါတယ်။
တကယ်လို့ အမျိုးအစား – ၁ ဆီးချိုရောဂါသာ ရှိနေမယ် ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီး သွေးတွင်းမှာ အက်ဆစ်ဓာတ်တွေများလာပြီး အသက်အန္တရာယ် ထိခိုက်သည်အထိပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား -၂ ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က အဆမတန်မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုးဖြစ်သွားနိုင်ပါတယ်။
ဆီးချိုရှိသူတွေ ဖျားတဲ့အခါ
ပြည့်ပြည့်ဝဝအနားယူပါ – ဖျားနေတဲ့ အချိန်မျာ ကိုယ်ခံအား ကောင်းလာစေဖို့ ဆိုရင် ပြည့်ပြည့်ဝဝ အနားယူဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ပြည့်ပြည့်ဝဝလေး အနားယူပေးပါ။
ဆေးသောက်ပေးပါ – ကိုယ်ဖြစ်တဲ့ လက္ခဏာပေါ် မူတည်ပြီး သက်သာစေဖို့ ဆေးဝါးတွေကို သောက်သုံးပါ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ။ ဆီးချိုရှိနေတာကြောင့် ဘာဆေးမှ သောက်လို့ မရတာ မဟုတ်ပါဘူး။ အဖျားတာမရှည် စေဖို့ ဆေးတွေ သေချာသောက်ဖို့ လိုပါတယ်။
အဖျားကို ဘယ်လိုကာကွယ်မလဲ……..
ဆီးချိုရောဂါရှိသူတွေက ကိုယ်ခံအား ကျတတ်တာကြောင့် သာမန်လူတွေထက် ပိုးဝင်လွယ်၊ ဖျားနာလွယ်ပါတယ်။ သာမန်လူတွေအတွက်တောင် ခံရခက်တဲ့အဖျားကို ဆီးချိုရှိသူတွေ အနေနဲ့က မဖြစ်လေကောင်းလေပါ။ ဒါကြောင့် အဖျားမဖြစ်စေဖို့အတွက်
- လက်ကိုသေချာလေးသန့်စင်ဆေးကြောပါ
- အာဟာရပြည့်ဝအောင်စားပါ
- အိပ်ရေးဝဝအိပ်ပါ
- တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
- တုပ်ကွေးကာကွယ်ဆေး ထိုးပါ။
- ဆီးချိုထိန်းပါ။
ဒီနည်းလမ်းတွေ လိုက်နာမယ်ဆိုရင် မတော်တဆဖျားနာခဲ့ရင်တောင် အခြေအနေဆိုးတဲ့အထိ ဖြစ်မှာ မဟုတ်ပါဘူး။
[embed-health-tool-bmi]