backup og meta

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း

    ဆီးချိုရောဂါ ခံစားနေရသူတွေက အခြားသူတွေထက် ရေဓာတ် ဆုံးရှုံးနိုင်ခြေပိုများပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ခြေကလည်း ပိုများနေပါတယ်။ ရေဓာတ် ဆုံးရှုံးမှု များလေလေ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရတာ ခက်လာလေလေပါ။

    ဆီးချို လည်း ရှိမယ် အသက်အရွယ်ကလည်း ၅၀ ကျော်ဖြစ်နေမယ်ဆိုရင်တော့ ရေဓာတ် မဆုံးရှုံးဖို့က အတော်လေး အရေးကြီးပါတယ်။ အသက်ကြီးလာတဲ့အခါ ရေသောက်တာ နည်းလာတာကြောင့် ရေဓာတ်ပြည့်ဝမှု အားနည်းတတ်ကြသလို ဆီးချိုလည်း ရှိမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်ခြေက အတော်လေး များတာကြောင့်ပါ။

    ရေဓာတ်ခမ်းခြောက် နေတာလား…….

    ရေဓာတ်ခမ်းခြောက် နေတာလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။

    • ရေဆာမယ်
    • ခေါင်းကိုက်မယ်
    • ခံတွင်းခြောက်မယ်
    • မျက်လုံးခြောက်မယ်
    • ငြီးစီစီဖြစ်မယ်
    • ပင်ပန်းနွမ်းနယ်မယ်
    • ဆီးအရောင်ရင့်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း လက္ခဏာတွေက ဘာတွေများလဲ……………

    ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်းကို ခံစားရပြီဆိုရင်

  • သွေးပေါင်ကျမယ်
  • မျက်တွင်းတွေ ချိုင့်မယ်
  • နှလုံးခုန်နှုန်း နှေးမယ်
  • နှလုံးခုန်နှုန်း မြန်နေမယ်
  • စိတ်ရှုပ်ထွေးမယ်
  • လေးလံထိုင်းမှိုင်းမယ် စတာတွေ ခံစားရပါမယ်။
  • ရေဓာတ်ခမ်းခြောက်ခြင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    အခုအခြေအနေတွေက ရေဓာတ်ခမ်းခြောက် ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါ။

    • ရေသောက်နည်းတာ
    • ရာသီဥတုပူတာ
    • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ
    • သွေးတွင်းသကြားဓာတ် မြင့်တက်တာ
    • အရက် သောက်တာ
    • ဝမ်းပျက်ဝမ်းလျှောတာ
    • အော့အန်တာ စတာတွေကြောင့် ရေဓာတ် ဆုံးရှုံးနိုင်ပါတယ်။

    ရေဓာတ် ခမ်းခြောက်ခြင်း နဲ့ သွေးတွင်းသကြားဓာတ်

    သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ထိုက်သင့်တဲ့ အချိန်ထက် ပိုကြာသွားတဲ့အခါ ကျောက်ကပ်တွေက ဆီးသွားတာကနေ တဆင့် ကိုယ်ထဲမှာ ပိုနေတဲ့ သွေးတွင်းသကြားဓာတ်တွေကို စွန့်ထုတ်ရပါတယ်။

    ကျောက်ကပ်က သကြားဓာတ်တွေကို အဆိုပါ နည်းလမ်းနဲ့ စစ်ထုတ်တဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်က ပိုမို လိုအပ်မှာပါ။ သွေးထဲက ရေဓာတ် ကျဆင်းသွားမှုကို ​ဖြည့်တင်းဖို့လည်း ရေကို လိုအပ်မှာပါ။ ဒီအချိန်မှာ ပုံမှန်ထက်ရေပိုဆာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီရေဓာတ်ကို ပြည့်ဖို့ဆိုရင် ရေများများ သောက်ဖို့ လိုပါမယ်။

    ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို မဖြည့်တဲ့အခါ ကျောက်ကပ်တွေက စစ်ထုတ်ဖို့အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကိုယ်တွင်းက ရေဓာတ်တွေဖြစ်တဲ့ တံထွေး၊ မျက်ရည်နဲ့ ဆဲလ်တွေထဲက ရေတွေကို ရယူလိုက်ပါတယ်။

    ဒီအခြေအနေက ကိုယ်တွင်း ရေဓာတ် နည်းစေပြီး ခံတွင်းခြောက်တာ၊ မျက်လုံးခြောက်တာ နဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ဖြစ်စေပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရေကို ပြည့်ပြည့်ဝဝ သောက်သုံးတာပါ။

    ကိုယ်တွင်းမှာ ရေဓာတ်နည်းလေလေ သွေးတွင်းသကြားဓာတ်က မြင့်လေလေပါ။ ဆီးချိုရှိသူအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် မြင့်တက်မှုရဲ့ အကျိုးဆက်

    ဆီးချို ရှိသူအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ

    • မူးဝေတာ
    • အမြင်အာရုံဝေဝါးတာ
    • ခြေထေက်တွေ ထုံကျဉ်တာ
    • နှလုံးရောဂါ
    • ရုတ်တရက် နှလုံးရပ်တာ
    • ကျောက်ကပ် ပျက်စီးတာ
    • အာရုံကြောတွေ ပျက်စီးတာ
    • မျက်လုံးထိခိုက်တာ
    • အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ

    သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အခုလို အခြေအနေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက်ဖို့ လိုပါမယ်။

    • အသက်ရှူရခက်မယ်။
    • အော့အန်မယ်။
    • ဆီးထဲမှာ ကီတုန်း များမယ်။
    • ခံတွင်းခြောက်မယ်
    • ရေတအားဆာမယ်
    • ဆီး ခဏခဏ သွားနေမယ်
    • အသားတွေ ပူစပ်ပူလောင်ဖြစ်မယ်
    • အသားတွေ ခြောက်မယ်
    • နှာခေါင်းထဲမှာ သစ်သီးနံ့လို့ ချိုအီအီ အနံ့တွေ ရနေမယ်
    • အာရုံရှုပ်ထွေးမယ်ဆိုရင်တော့ အမြန်ဆုံး ကုသမှု ခံယူဖို့လိုအပ်နေပါပြီ။

    ရေဓာတ်ခမ်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများတာကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်တော့ သေချာလေး သောက်ပေးတာက ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement